What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေ့ရက်တိုင်းမှာ စတိုင်ကျလှပစေဖို့ လိုက်နာရမယ့်အချက်များ

လူတိုင်းအတွက် အရေးကြီးဆုံးကတော့ စတိုင်ကျဖို့ပါပဲ။ လူတစ်ယောက် ရုပ်ရည်ချောမောလှပဖို့ထက် စတိုင်ကျနေဖို့ ကပိုပြီးအရေးကြီးသလို၊ ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိစေပါတယ်။

ခုဖော်ပြပေးမယ့် အဆင့်လေးတွေကို လိုက်နာမယ် ဆိုရင်တော့ ပျိုမေတို့ဟာ အရမ်းကိုလှပပြီးဆွဲဆောင်မှုရှိနေမှာဖြစ်ပါတယ်။

(၁) သပ်ရပ်တဲ့အဝတ်ဗီဒို

1
တစ်ရက်ကို ၁၀ မိနစ်လောက်အချိန်ပေးပြီး သင့်ဗီဒိုကို ရှင်းလိုက်တာ ခက်ခဲတဲ့အလုပ်မဟုတ်သလို၊ အဝတ်အစားရွေးချယ်ရာမှာလည်း ပိုပြီးလွယ်ကူမြန်ဆန်စေပါတယ်။ နောက်ပြီးအဝတ်အစားတွေ တွန့်ကြေမနေတဲ့အတွက် လုံးဝစမတ်ကျနေမှာပါ။

(၂) အဝတ်အစားကြိုရွေးထားပါ

2
အဝတ်အစားကြိုရွေးတာ ၅ မိနစ်လောက်ပဲကြာတာပါ။ ဒါကြောင့် ညနေတိုင်း နောက်နေ့ဝတ်မယ့်အဝတ်အစားကို ကြိုပြီးရွေးချယ်ထားပါ။

(၃) လည်စည်းပုဝါလှလှလေးရှိပါစေ

3
လုံးဝရိုးရှင်းတဲ့ အဝတ်အစားကိုတောင်မှ လှပတဲ့လည်စည်းပုဝါတစ်ခုက လုံးဝပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်အဝတ်အစားနဲ့မဆိုလိုက်ဖက်တဲ့ ပုဝါတစ်ထည်လောက်ရှိဖို့ လိုအပ်ပါတယ်နော်။

(၄) ဈေးကြီးတဲ့အသွင်ဆောင်ပါ

4
ဒီလိုအသွင်ပေါ်ဖို့ Accessories တွေနဲ့ ဈေးကြီးတဲ့ Brands တွေဟာ တကယ်တော့မလိုပါဘူး။ ရိုးရှင်းတဲ့ ဂျင်းဘောင်းဘီတစ်ထည်၊ ရိုးရှင်းတဲ့ အင်္ကျီနဲ့ ဖိနပ်တို့ကသာ လိုအပ်တဲ့အရာတွေပါ။ အဓိကကတော့ တန်ဖိုးမကြီးရင်တောင် အထာကျတဲ့ ဖိနပ်လှလှလေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် သင်ဟာ လုံးဝစတိုင်ကျပြီး အကောင်းစားတွေ ဝတ်ထားတဲ့ အသွင်ပေါ်နေပါပြီ။

 

Source:aunty may

Read 1420 times
Rate this item
(1 Vote)