What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရားဝင် အလုပ်လုပ်ချိန် သတ်မှတ်ချက် မြန်မာနိုင်ငံ ဒုတိယ အများဆုံး

တစ်ပတ်တာမှာ အလုပ်လုပ်ချိန် အများဆုံး သတ်မှတ်မထားသည့် ထိပ်တန်း-၁၀ စာရင်းတွင် အာဆီယံနိုင်ငံ ၃ နိုင်ငံ ပါဝင်ပြီ

း မြန်မာသည် ဒုတိယနေရာကို ရယူထားသည်။

အဆိုပါစာရင်းတွင် အာရှနိုင်ငံ ၉ နိုင်ငံပါဝင်ပြီး အာဆီယံနိုင်ငံအနေဖြင့်  ၂ နိုင်ငံ ပါဝင်သည်။ 

စာရင်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့  International Labour Organisation (ILO) မှ ထုတ်ပြန်ခဲ့သည်။

စာရင်းတွင်ပါသော အာရှ ၉ နိုင်ငံတို့တွင် တစ်ပတ်တာအတွက် အလုပ်ချိန်သတ်မှတ်ချက် အနည်းဆုံးမှာ ၄၅ နာရီ ဖြစ်သည်။

ကာတာနိုင်ငံသည် တစ်ပတ်တာ အလုပ်ချိန် ၄၉ နာရီဖြင့် ပထမနေရာတွင် ရှိနေပြီး မြန်မာနှင့် မွန်ဂိုလီယားတို့သည် ၄၈ နာရီဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

ဘရူနိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့က ၄၇ နာရီဖြင့် တတိယနေရာကို ရယူထားသည်။

မလေးရှား၊ တရုတ်နှင့် မက္ကဆီကိုတို့သည် တစ်ပတ်လျှင် အလုပ်ချိန် ၄၆ နာရီ သတ်မှတ်ထားကြသည်။

top-10 စာရင်းတွင် မပါသော်လည်း top-20  စာရင်းတွင် ပါဝင်သည့် ထိုင်းနှင့် စင်ကာပူတို့သည်  အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး တစ်ပတ်တာ အလုပ်ချိန်မှာ ၄၃ နာရီ ဖြစ်သည်။ 

တရားဝင်သတ်မှတ်ချက်အရ အလုပ်ချိန်အနည်းအများကို ဖော်ပြထားသော စာရင်းဖြစ်ပြီး တစ်နှစ်တာကာလ အလုပ်ပိတ်စုစုပေါင်း အနည်းအများမှာ သီးခြားကိစ္စဖြစ်သည်။ အလုပ်ချိန်အတိုင်း အတိအကျ လိုက်နာလုပ်ကိုင်ခြင်း ရှိမရှိ ဆိုသည်မှာလည်း သီးခြားကိစ္စဖြစ်သည်။  အလုပ်ချိန်နာရီများတွင် မည်မျှ အကျိုးဖြစ်ထွန်းအောင် လုပ်ကိုင်သည်၊ ပိုအရေးပါသောအချက်ဖြစ်သည့် မည်မျှ ထိရောက်အကျိုးရှိစွာ လုပ်ကိုင်သည်ဆိုသည်တို့မှာလည်း သီးခြားကိစ္စ ဖြစ်သည်။

 

 

လွန်ခဲ့သော ရာစုနှစ် တစ်ခုကျော်က ဂျာမနီမှ Zeiss မှန်ဘီလူး စက်ရုံပိုင်ရှင် Ernst Abbe က သူ့စက်ရုံတွင် လေ့လာမှုများအရ သီတင်းပတ် တစ်ပတ်တွင် နာရီ ၄၀ မှ ၅၀ အထိထက် အလုပ်ချိန်ကျော်လွန်ပါက ကုန်ထုတ်စွမ်းအား ကျဆင်းသွာကြောင်း တွေ့ရသည်။

အမေရိကန်မှ ကားနှင့် လေယာဉ်ပျံ ထုတ်လုပ်သည့် လုပ်ငန်းရှင် ဟင်နရီဖို့ဒ်က တစ်ပတ်တာ အလုပ်လုပ်ရက်ကို ၆ ရက်မှ ၅ ရက်သို့ လျှော့ချပြီး တစ်ပတ်လျှင် နာရီ ၄၀ အလုပ်လုပ်စေသောအခါ ထုတ်လုပ်မှု ပိုများသွားကြောင်း လက်တွေ့ တွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံရှိ Stanford University မှ သုတေသီများ ပြုလုပ်ခဲ့သော သုတေသနတွင် မန်နေဂျာ အများစုတို့သည် ထုတ်လုပ်မှု ပိုများများ ရလိုပါက အလုပ်လုပ်ချိန်နာရီ ပိုများများ သတ်မှတ်ရမဉ်ဟု ခံယူထားကြသည်။  ဝန်ထမ်းများကို တစ်ပတ်လျှင် နာရီ ၄၀ မှ ၅၀ အထိထက် ကျော်လွန်အောင် လုပ်ခိုင်းသောအခါ တစ်ပတ်လျှင်  နာရီ ၄၀ မှ ၅၀ အထိသာ လုပ်ကိုင်စေခြင်းထက် ထုတ်လုပ်မှု ကျဆင်းသွားကြောင်း တွေ့ရသည်။

သူတို့က ရှင်းပြကြသည်မှာ ဝန်ထမ်းများသည် တစ်နေ့တာ၏ အလုပ်ချိန် စတင်သည့် ၁ နာရီ သို့မဟုတ် ၂ နာရီအတွင်းတွင် လမှိုင်းမကပ်ကြသေးဘဲ ထို့ထက်ကြာပြီးချိန်ကျမှ ထိရောက်အကျိုးရှိစွာလုပ်ကိုင်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထိုသို့ ရောက်ရှိပြီးသည့်နောက် နာရီများတွင် ဖြည်းဖြည်းချင်း ပြန်လျော့ကျသွားသည်။

theaseanpost.com

Read 1328 times
Rate this item
(0 votes)