What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ သိကောင်းစရာများ

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ အကြောင်း သိကောင်းစရာများ နဲ့ Myanmar Companies Online-MyCO ဖြင့် ကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီး

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ တာဝန်ရှိသူများက ယနေ့ ကုန်သည်စက်မှုအသင်းချုပ်မှာ အများပြည်သူသို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့မှာ အသက်ဝင်မယ့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ပြည်တွင်းရှိ မှတ်ပုံမတင်ရသေးတဲ့ စီးပွားရေးလုပ်ငန်းများသာမက မှတ်ပုံတင်ပြီးသားကုမ္ပဏီများအားလုံးဟာ www.myco.dica.gov.mm ဝက်ဘ်ဆိုဒ် မှတစ်ဆင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် (Myanmar Companies Online-MyCO) ဖြင့် ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

မှတ်ပုံတင်ခြင်းကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလ (၆) လအတွင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

DICA မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး နဲ့ ကုမ္ပဏီရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးမင်းတို့ တင်ပြခဲ့တဲ့ Presentation PDF ဖိုင်များကို ဝေမျှလိုက်ရပါတယ်။

‘မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ နှင့် ပတ်သက်၌ ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများ သိရှိလိုက်နာရန်လိုအပ်သည့် အချက်အလက်များ’
(ဦးအောင်နိုင်ဦး)

->> http://bit.ly/2ND5SfT

‘ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် Myanmar Companies Online-MyCO’ (ဦးမျိုးမင်း)

->> http://bit.ly/2LuTzVE

Source: ကုန်သည်စက်မှုအသင်းချုပ်

 

mcl 01

mcl 02

mcl 03

mcl 04

mcl 05

mcl 06

mcl 07

mcl 08

mcl 09

mcl 10

mcl 11

mcl 12

mcl 13

mcl 14

mcl 15

mcl 16

mcl 17

mcl 18

mcl 19

mcl 20

mcl 21

mcl 22

mcl 23

mcl 24

 

 

 

Read 3720 times
Rate this item
(0 votes)