What's new

×

Warning

JUser: :_load: Unable to load user with ID: 845


body shape နဲ႔ အ၀တ္အစား

(Unicode)ကိုယ့်ရဲ့ body shape သိထားရင် ဘယ်အဝတ်အစားမျိုးက ကိုယ့်အတွက်


အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာ ရွေးဖို့ လွယ်ကူသွားတယ်။
body shape တွေမှာ ဘယ်ပုံပန်းက ပိုကောင်းတယ်ရယ်လို့တော့ မရှိပါဘူး။

အမျိုးသမီး body shape တွေကို ၅ မျိုး၊ ၈ မျိုး၊ ၁၂ မျိုး စသဖြင့် ခွဲခြားကြတယ်

 

body shapes

 

အခြေခံ အကျဆုံး ၅ မျိုးကတော့
Pear သစ်တော်သီး
Apple ပန်းသီး
Rectangle လေးထောင့်
Inverted Triangle တြိဂံဇောက်ထိုး
Hourglass သဲနာရီ
တို့ ဖြစ်ပါတယ်။

 

pear shape 114x300

Pear သစ်တောသီးပုံ အမျိုးသမီးတွေဟာ ရင်သား သေးပြီး တင်ကြီးတယ်။

ကိုယ်အလေးချိန်က တင်ပါးတွေ၊ ပေါင်တွေမှာ သယ်ဆောင်ထားတယ်။

အဆီစုရင်လည်း တင်ပါးတစ်ဝိုက်မှာ လာစုလို့ နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းတယ်။

ပေါင်တံတွေမှာ အလေးချိန် အပိုထမ်းထားရလို့ အရိုးပွတာ မဖြစ်အောင် ဂရုစိုက်ဖို့ လိုတယ်။
အပေါ်ပိုင်းကို ပခုံးအလှ ပေါ်အောင် ဝတ်သင့်တယ်။ ခါးသိမ်တာကို ပေါ်လွင်အောင် ခါးပတ် ပါတာမျိုးကို ဝတ်သင့်တယ်။

နမူနာ ပုံစံ ၆ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အရောင်ကတော့ စိုစိုတောက်တောက်၊ ပြတ်သားထင်ရှားတဲ့ အဆင်အကွက်ရှင်းရှင်းတွေ ဝတ်သင့်တယ်။

အောက်ပိုင်းကို အရောင်ရင့်ရင့် အမှောင်ရောင်တွေ ဝတ်သင့်တယ်။

 

pearTops

hourglass shape

hourglass shape

Hourglass သဲနာရီကို ဂန္ထဝင် သဲနာရီ Classic Hourglass လို့လည်း ခေါ်ကြတယ်။

တကယ့်ကို ဂန္ထဝင်မြောက်တဲ့ ကိုယ်ခန္ဓာပုံမျိုး ဖြစ်နေလို့ အခုလို ခေါ်ကြတာ ဖြစ်တယ်။

ခါးသေးလို့ ရင်ချီ ပဒုံမနီ ဆိုတဲ့ ကိုယ်ခန္ဓာအချိုးအစား ဖြစ်ပါတယ်။ ခါးသေးပြီး ရင်နဲ့တင်တို့ ဖွံ့ထွားတယ်။
တင်ပါးဖွံ့ထွားတာ မ ဟိုမုန်း estrogen ပိုများလို့ ဖြစ်ပါတယ်။ အဲလို မ ဟိုမုန်း အားသန်တာကြောင့် ကို်ယ်ဝန်ရလွယ်စေတယ်။

ကိုယ်လုံးအလှကောက်ကြောင်းတွေ ဖော်ပြပေးနေမယ့် အထည်သားပျော့ပျော့ဖြင့် ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်တယ်။

အဝတ်က ကိုယ်ခန္ဓာကို ထွေးပွေ့ထားတာမျိုး ဖြစ်နေမယ့် အရွယ်အစားကို ဝတ်ဆင်ရမယ်။

ကောက်ညှင်းထုပ်လို့ ကျပ်ထုပ်နေတာမျိုး မဝတ်သင့်ဘူး။ အမြင်ရိုင်းနေလိမ့်မယ်။

ခါးမှာ ခါးပတ်သုံးရင် ခါးပတ်ပြား ဗြက်ကျယ်ကျယ်ကို သုံးရမယ်။

စကပ်ကျဉ်းကျဉ်း အဖြောင့် pencil skirt မျိုးကို ရွေးချယ်သင့်တယ်။

ဂျက်ကက်ဝတ်ရင် ခါးတိုဂျက်ကက်မျိုးကို ဝတ်ဆင်ရမယ်။

hourglassTops

 

inverted triangle shape

Inverted Triangle တြိဂံဇောက်ထိုးကို အားကစား လိုက်စားခဲ့ကြတဲ့ အမျိုးသမီးတွေမှာ အတွေ့ရများတယ်။

ရေကူးသန်တဲ့သူတွေဟာ ပခုံးကျယ်တယ်။ ရင်ဘတ်ကားတယ်။

အောက်ပိုင်းမှာ ရှူးသွားတယ်။ body shape မှာ
ခါးနဲ့တင်ပါး သိသိသာသာ မကွဲပြားဘူး။
ခါးသိမ်တဲ့အတွက် နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းတဲ့ ကျန်းမားရေးကောင်းချက်ကို ရရှိတယ်။
ဘယ်လိုဟာမျိုး ဝတ်ဆင်သင့်သလဲဆိုတော့ V ပုံ လည်ပင်းပေါက် အဝတ်အစားကို အပေါ်ပိုင်းမှာ ဝတ်ဆင်သင့်တယ်။

ပခုံးကြီးကျယ်နေတာကို V ပုံသဏ္ဌာန်က ဖြေလျော့ ပေးတယ်။ အပေါ်မှာ ကုတ်လိုဟာမျိုး ဝတ်မယ်ဆိုရင်လည်း

V ပုံ ဟနေမယ့်ကော်လာမျိုး ပါတဲ့ ကုတ်ကို ဝတ်သင့်ပါတယ်။
စကပ်ကလည်း အောက်ပိုင်းရှူးနေတာကို ဖြေဖျောက်ပေးမယ့် စကပ်မျိုး ဖြစ်တဲ့

တင်ပါးမှာ အတော်အတိဖြစ်နပြေီး အောက်ဘက်ကို ကားသွားတဲ့ A အက္ခရာလို ဖြစ်နေတဲ့စကပ် A-line skirt မျိုးကို ဝတ်ဆင်သင့်ပါတယ်။

ဒူးခေါင်း မကျော်ဘူးဆိုရင်တောင် ဒူးခေါင်းအထိတော့ ရှည်တဲ့စကပ် ဖြစ်ရပါမယ်။

 

invertedtriangleTops

 

round body shape

 

Apple body shape ကို လုံးဝန်းနေတာမို့ Round body shape လို့လည်း ခေါ်ကြပါတယ်။ ဘဲဥပုံနဲ့ တူလို့ Oval body shape လို့လည်း ခေါ်ကြတယ်။

ရင်သား သေးတယ်။ ပခုံးကျဉ်းတယ်။ ခြေတံတွေ သေးသွယ်နပြေီး

စကပ်ဝတ်ရင် ကြည့်ကောင်းတဲ့ ခြေတံတွေ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်ဟာ ဝမ်းဗိုက်တစ်ဝိုက်နဲ့ တင်ပါးတစ်ဝိုက်မှာ စုနေတယ်။

ခါးနဲ့တင်နဲ့ ကောက်ကြောင်း မသဲကွဲဘူး။
ခါးတုပ်ရင် ဝမ်းဗိုက်ဧရိယာ ပိုကျယ်တယ်။ အဲဒီလို ပိုကျယ်တဲ့အတွက် အဆီလာစုတာ ပိုများတယ်။ type 2 diabetes ဆီးချို အမျိုးအစား(၂) အဖြစ်များလေ့ရှိတယ်။

Apple-shape အမျိုးသမီးတွေဟာ သူတို့ရဲ့ သေးသွယ်တဲ့ ခြေတံအလှတွေကို ဖော်ကျူးနိုင်အောင် အတွန့်ပါတဲ့ စကပ်တိုတို ဒူးမကျော်တာကို ဝတ်ဆင်သင့်တယ်။ စကပ်အရှည်ဆိုရင်လည်း အခွဲပါတာကို ဝတ်သင့်ပါတာယ်။
ခါးမှာ ခါးပတ်ဖြစ်ဖြစ် အစည်းပါတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပေးပြီး ခါးနေရာ ပျောက်နေတာကို သိသာအောင် လုပ်ပေးရမယ်။

ovalTops

 

 

rectangle body shape

Rectangle လေးထောင့်ပုံခန္ဓာရှင်ဟာ ပိန်ပိန်ပါးပါးဖြင့် လေးထောင့် ဖြစ်နေတာ ရှိသလို ဝဝဖြိုးဖြိုးဖြင့် လေးထောင့် ဖြစ်နေတာလည်း ရှိပါတယ်။

ရင်ဘတ်၊ ခါး၊ တင်ပါးတို့ တစ်ဖြောင့်တည်း ဖြစ်နေတာမို့ အဖြောင့် straight ကိုယ်ခန္ဓာလို့လည်း ခေါ်ကြတယ်။ တိုင်လုံး column လို့လည်း ခေါ်ကြတယ်။

လေးထောင့်ခန္ဓာရှင်တွေဟာ ကိုယ်အလေးချိန်အညွှန်း Body Mass Index (BMI) တန်ဖိုးကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ခွင်အတွင်းမှာ ရှိနေအောင် ဂရုစိုက်စေလိုပါတယ်။

ပိန်တဲ့ လေးထောင့်ဖြစ်ဖြစ် ဝဖြိုးတဲ့လေးထောင့်ဖြစ်ဖြစ် BMI ကို အမြဲမပြန် ဂရုစိုက်ပေးဖို့ လိုပါတယ်။

BMI ကို တွက်ချက်တဲ့ ပုံသေနည်း

ကိုယ်အလေးချိန် ကီလိုဂရမ် ကို အရပ်အမြင့်မီတာ နှစ်ထပ်ကိန်းနဲ့ စားလို့ရတဲ့ ရလဒ်ဟာ ကိုယ်အလေးချိန်အညွှန်း Body Mass Index (BMI) တန်ဖိုး ဖြစ်ပါတယ်။

BMI = kg/m2

စမတ်ဖုန်း အက်ပ်နဲ့တွက်ချင်ရင်
အင်ထရွိုက်ဖုန်းတွေအတွက် ဒေါင်းဖို့လင့်ခ်

https://goo.gl/sXmF2X

အိုင်ဖုန်းတွေအတွက် ဒေါင်းဖို့လင့်ခ်

https://goo.gl/ZDCicp

BMI တန်ဖိုးက
18.5 ထက် နည်းနေရင် ရှိသင့်တာထက် ကိုယ်အလေးချိန် လျော့နည်းနေတယ်။
ပုံမှန်ဆိုရင် 18.5ကနေ 24.9 အထိ ရှိရမယ်
25 ကျော်သွားရင် ရှိသင့်တာထက် ကိုယ်အလေးချိန် ပိုနပြေီ။
30 နဲ့ အထက်ဆိုရင်တော့ ဝလွန်းသူ ဖြစ်နပြေီ။

လေးထောင့်ခန္ဓာက အရောင်အသွေး အမျိုးမျိုး အဆင်အကွက် အမျိုးမျို်း ဝတ်ဆင်လို့ရတယ်။

ကြည့်ကောင်းနေတယ်။ ပိန်တဲ့ လေးထောင့်တွေအဖို့တော့ စကပ်ကို ပြောင်အစား

အတွန့်အကွန့်လေးတွေ ပါတာမျိုး ဝတ်ရင် ဆွဲဆောင်မှု အားကောင်းစေတယ်။

စကပ်ကျဉ်းကျဉ်း အဖြောင့် pencil skirt မျိုးကို ရွေးချယ်သင့်တယ်။ အပေါ်ပိုင်းမှာတော့ boat neck လို့ ပြောကြတဲ့

လှေပုံ လည်ပင်းပေါက် ပါတာမျိုးကို ရွေးချယ် ဝတ်ဆင်သင့်တယ်။

ရိုးစင်းပြီး ဆွဲဆောင်မှု ရှိမယ့် ရွှေဆွဲကြိုးမျိုးကို ဆွဲထားသင့်တယ်။

how to choose diamond pendant for boat neck top

 

 

Read 1567 times
Rate this item
(0 votes)