What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ၾကယ္သီးအတုိင္းအတာ Ligne

Zaw+Uni ၾကယ္သီးေပၚေပါက္ခဲ့ခ်ိန္မွာ ကမၻာေပၚမွာ မက္ထရစ္တုိင္းတာစနစ္ မေပၚေပါက္ေသးဘူး။

မက္ထရစ္စနစ္က ၁၇၀၀ ခုႏွစ္ေနာက္ပုိင္းက်မွ ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။ ဒီေတာ့ ၾကယ္သီးအရြယ္အစားကုိ ဘယ္လုိအတုိင္းအတာနဲ႔ ေျပာဆုိၾကသလဲ။

Ligne လင့္ ဆုိတဲ့ ယူနစ္နဲ႔ တုိင္းတာၾကတယ္။ (အလိဂ္ညာလုိ႔ အသံထြက္တယ္လုိ႔လည္း မွတ္သားဖူးပါတယ္) လင့္က လုိင္းline လုိ႔ အဓိပၸာယ္ရတဲ့ ျပင္သစ္ေ၀ါဟာရ။ ဒါေပမဲ့ ၾကယ္သီးအရြယ္ကုိ လင့္နဲ႔ ေျပာဆုိတာကုိ စခဲ့တာက ဂ်ာမန္ ၾကယ္သီးထုတ္လုပ္သူေတြ။ ႏုိင္ငံတကာနယ္ပယ္မွာေတာ့ ၁၈ ရာစုက်မွ လင့္ကုိ သုံးၾကတာ။

Ligneကုိ သေကၤတအကၡရာ ျပဳတဲ့အခါ “L” လုိ႔ သုံးၾကတယ္။ ၾကယ္သီး ထုတ္လုပ္သူက 10L လုိ႔ ၾကယ္သီးအရြယ္ကုိ ေဖာ္ျပထားရင္ အဲဒါ 10 ligne ျဖစ္ၿပီး လက္မနဲ႔ေျပာရင္ လက္မတစ္မတ္ (1/4 လက္မ) ရွိတယ္။ ဘာလုိ႔လဲဆုိေတာ့ 40 ligne (40L)က ၁ လက္မနဲ႔ ညီမွ်တယ္။ ၂၅ မီလီမီတာနဲ႔ ညီမွ်တယ္။ မီလီမီတာကေန လင့္ကုိ ေျပာင္းခ်င္ရင္ေတာ့ 0.635 နဲ႔ စားရမယ္။ 18mm ကုိ လင့္ေျပာင္းရင္ 
18/0.635 =28.34 L နီးရာကိန္းျပည့္ကုိ ယူရေတာ့ 28L အရြယ္ရွိတဲ့ ၾကယ္သီးလုိ႔ ေျပာပါတယ္။

အထည္ခ်ဳပ္ေလာကမွာ လင့္ကုိ သိထားဖုိ လုိလိမ့္မယ္။ လင့္ အေျပာမွားရင္ ခ်ဳပ္ထည္မွာ ၾကယ္သီးေတြ အရြယ္တလြဲ ျဖစ္ကုန္မယ္။

ၾကယ္သီးမွာ ဘယ္ေနရာကုိ တုိင္းတာၿပီး ligne ကုိ ေျပာဆုိတာလဲ။ ၾကယ္သီးပုံသဏၭာန္မွာ အရွည္ဆုံးအလ်ား ရမယ့္ေနရာကုိ တုိင္းတာၿပီး ligne တန္ဖုိးကုိ သတ္မွတ္ပါတယ္။

correct measurement of button buckle diameter

UNI

Zaw+Uni ကြယ်သီးပေါ်ပေါက်ခဲ့ချိန်မှာ ကမ္ဘာပေါ်မှာ မက်ထရစ်တိုင်းတာစနစ် မပေါ်ပေါက်သေးဘူး။

မက်ထရစ်စနစ်က ၁၇ဝဝ ခုနှစ်နောက်ပိုင်းကျမှ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ကြယ်သီးအရွယ်အစားကို ဘယ်လိုအတိုင်းအတာနဲ့ ပြောဆိုကြသလဲ။

Ligne လင့် ဆိုတဲ့ ယူနစ်နဲ့ တိုင်းတာကြတယ်။ (အလိဂ်ညာလို့ အသံထွက်တယ်လို့လည်း မှတ်သားဖူးပါတယ်) လင့်က လိုင်းline လို့ အဓိပ္ပါယ်ရတဲ့ ပြင်သစ်ဝေါဟာရ။ ဒါပေမဲ့ ကြယ်သီးအရွယ်ကို လင့်နဲ့ ပြောဆိုတာကို စခဲ့တာက ဂျာမန် ကြယ်သီးထုတ်လုပ်သူတွေ။ နိုင်ငံတကာနယ်ပယ်မှာတော့ ၁၈ ရာစုကျမှ လင့်ကို သုံးကြတာ။

Ligneကို သင်္ကေတအက္ခရာ ပြုတဲ့အခါ “L” လို့ သုံးကြတယ်။ ကြယ်သီး ထုတ်လုပ်သူက 10L လို့ ကြယ်သီးအရွယ်ကို ဖော်ပြထားရင် အဲဒါ 10 ligne ဖြစ်ပြီး လက်မနဲ့ပြောရင် လက်မတစ်မတ် (1/4 လက်မ) ရှိတယ်။ ဘာလို့လဲဆိုတော့ 40 ligne (40L)က ၁ လက်မနဲ့ ညီမျှတယ်။ ၂၅ မီလီမီတာနဲ့ ညီမျှတယ်။ မီလီမီတာကနေ လင့်ကို ပြောင်းချင်ရင်တော့ 0.635 နဲ့ စားရမယ်။ 18mm ကို လင့်ပြောင်းရင်
18/0.635 =28.34 L နီးရာကိန်းပြည့်ကို ယူရတော့ 28L အရွယ်ရှိတဲ့ ကြယ်သီးလို့ ပြောပါတယ်။

အထည်ချုပ်လောကမှာ လင့်ကို သိထားဖို လိုလိမ့်မယ်။ လင့် အပြောမှားရင် ချုပ်ထည်မှာ ကြယ်သီးတွေ အရွယ်တလွဲ ဖြစ်ကုန်မယ်။

ကြယ်သီးမှာ ဘယ်နေရာကို တိုင်းတာပြီး ligne ကို ပြောဆိုတာလဲ။ ကြယ်သီးပုံသဏ္ဌာန်မှာ အရှည်ဆုံးအလျား ရမယ့်နေရာကို တိုင်းတာပြီး ligne တန်ဖိုးကို သတ်မှတ်ပါတယ်။

 

 

Read 1171 times
Rate this item
(0 votes)
Tagged under