What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိုအသက်ကြီးပြီး ပိုဝတယ်လို့ ထင်ရစေတဲ့ ဖက်ရှင် အမှားတွေ

လူတစ်ယောက်ရဲ့ဝတ်စားဆင်ယင်မှု စတိုင်က အဲ့ဒီလူရဲ့ အသက်နဲ့ခန္ဓာကိုယ် အရွယ်အစားကို ပြောင်း လဲစေ ပါတယ်။ဝတ်တတ်စားတတ်ရင် ရှိရင်းစွဲအသက်ထက် နုပျိုသွားစေ၊ပိန်သွားစေပေမယ့်၊ မ၀တ်တတ်ရင်တော့ လူကိုပိုအသက်ကြီးသွားစေ၊ပိုဝသွားစေပါတယ်။

ကိုယ်နဲ့မလိုက်ဖက်တဲ့ အ၀တ်အစား၊ဆံပင်ပုံ စံ၊ဆံပင်အရောင်တို့သာပေါင်းလိုက်ရင်တော့ အသက်(၁၀)နှစ်လောက် ပိုအိုစာ သွားနိုင်ပါတယ်။ဒါကြောင့် အဲ့ဒီလိုတွေ မဖြစ်ရအောင် လူကိုပိုဝစေ၊ပိုအသက် ကြီးစေတဲ့ ဖက်ရှင် အမှားတွေကို ရှောင်ကျဉ်နိုင်ဖို့ ပြောပြပေးချင်ပါတယ်။

(၁)အနက်ရောင်တွေ များလွန်း
အနက်ရောင်ဟာ လူကိုပိန်စေ၊ကြော့ရှင်းတယ်လို့ ထင်ရစေပါတယ်။ဒါပေမယ့် လည်း အနက်ရောင်တွေ သိပ်များလွန်းရင်လည်း မကောင်းပါဘူး။အနက်ရော င်ဟာ လူကို ရုပ်ရင့်စေပါတယ်။လိုက်ဖက်အောင် ၀တ်တတ်ဖို့တော့ လိုပါတယ်။ ဥပမာ-အနက်ရောင်အ၀တ်အစား၊အနက်ရောင်ဆံပင်ဆိုရင်တော့ ကြည့်ရတာ ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် All Black ၀တ်မယ် ဆိုရင် ဆံပင်ကရွှေရောင်နဲ့မှလိုက်ဖက်မှာပါ။တကယ်လို့ အနက်ရောင် ဂါဝန်ဝတ်မယ်ဆိုရင်လည်း အရောင်စုံတဲ့ accessory တွေကို ရွေးချယ် အသုံးပြုပေးဖို့ လိုပါတယ်။

(၂)ဆိုဒ်အမှားတွေ ၀တ်တာ
ဒီအချက်ကတော့ ၀တဲ့ပျိုမေတွေအတွက် ပိုအရေးကြီးပါတယ်။ ကိုယ့်ခန္ဓာကိုယ် နဲ့လိုက်ဖက်တဲ့ ဆိုဒ်ကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ၀လာတတ်တဲ့ ခန္ဓာကိုယ်မျိုးမို့လို့ လက်ရှိခန္ဓာကိုယ်ဆိုဒ် ထက်ပို ကြီးတဲ့ အ၀တ်အ စားမျိုးကို ၀ယ်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။အ၀တ်အစားဝယ်တယ်ဆိုတာဟာ ၀တ်လစ်စားလစ် ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့ တစ်ခုတည်းအတွက်မဟုတ်ဘူးဆိုတဲ့ အချက်ကို သတိပြုပေးပါ။ကိုယ်နဲ့လိုက်တဲ့ မှန်ကန်တဲ့ အ၀တ်အစားဆိုဒ်ကို သာ ရွေးချယ်ဝယ်ယူပါ၊

(၃)အရမ်းရှည်လွန်းတဲ့ စကပ်တွေကို ၀တ်တာ
အရမ်းရှည်လွန်းတဲ့ စကပ်တွေကို ၀တ်တာဟာလည်း လူကို ပိုအသက်ကြီး သယောင် ထင်ရစေပါတယ်။ဒီလိုပြောလိုက်လို့ သိပ်တိုလွန်းတဲ့ စကပ်တွေကို ၀တ်ဖို့တော့ မလိုပါဘူး။အသက်(၂၀)၀န်းကျင်လောက်ရှိတဲ့ မိန်းကလေးဆို ရင်တော့ ဒူးအောက်ပိုင်း တစ်ထွာလောက်ကျတဲ့(ခြေသလုံး)လောက်ရှိတဲ့ စကပ်မျိုးနဲ့လိုက်ပါတယ်။အရမ်းရှည်လွန်းတဲ့ စကပ်တွေထက်စာရင် ဒူးလယ်လောက်ရှိတဲ့ စကပ်မျိုးကို ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။

(၄)မလိုက်တဲ့ မျက်မှန်ကို တပ်တာ
မျက်မှန်ဝတ်တဲ့ ပျိုမေတွေဆိုရင်တော့ ဒီအချက်ကို သတိထားသင့်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို ရွေးချယ်ပေးရပါမယ်။မျက်မှန်ကိုင်းဟာ အရမ်း အရေးကြီးပါတယ်။ဖက်ရှင်မဂ္ဂဇင်းတစ်ချို့ကို ကြည့်ပြီး လိုက်ဖက်တဲ့ မျက်မှန်ကိုင်း ကို ရွေးချယ်နိုင်ဖို့ ကြိုးစားပါ။အရမ်းထင်းလွန်းနေတဲ့ မျက်မှန်ကိုင်းကို ရွေးချယ်ဖို့ လက်မတွန့်ပါနဲ့။မျက်လုံးတွေကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။

(၅)ဖိနပ်
လက်ရှိဖက်ရှင်ရေစီးကြောင်းထဲမှာ ခေတ်စားနေတဲ့ ဖိနပ်ကို ၀ယ်ထားတယ် ဆိုရုံနဲ့တော့ ရွေးချယ်မှုမှန်ကန်တယ်လို့ ပြောလို့မရပါဘူး။တကယ်လို့ အသက် (၃၀)၀န်းကျင်၊ပေါင်(၆၀)အရွယ်အစားရှိတဲ့ မိန်းကလေးမျိုးဆိုရင် ပုကွကွပုံစံ ဖိနပ်မျိုးတွေအစား သေးသေးသွယ်သွယ်ပုံစံ ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။

 

Source:aunty may

Read 1372 times
Rate this item
(1 Vote)