What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားကောင်း ဝတ်သူများ ပိုအောင်မြင်နိုင်

အဝတ်အစားကောင်း ဝတ်သူများ ပိုအောင်မြင်နိုင် google

အဝတ်စားကောင်းတွေ ဝတ်ရုံနဲ့ လူတော်တစ်ယောက် မဖြစ်နိုင်ဘူးဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။

အခုတော့ ဆိုရိုးမှားယွင်းကြောင်း သက်သေပြရမယ့် အချိန်ရောက်လာခဲ့ပါပြီ။

ကန်တက်ကီ တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုအရ လူတစ်ယောက်ကို အဝတ်အစား ကောင်းတွေ ဆင်ပေးလိုက်တဲ့အခါ သူ့ရဲ့စွမ်းဆောင်ရည် ပိုတိုးတက်လာကြောင်း သိရပါတယ်။  အဝတ်အစားကောင်း၊ အသုံးအဆောင်ကောင်းကောင်း အသုံးပြုခြင်းဖြင့် ပထမဆုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွမှု ရှိလာပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပါ တိုးတက်လာလေ့ရှိပါတယ်။

ဒီအချက်ကို အပျော်တမ်း ဂေါက်သီးရိုက်သမာေးတွနဲ့လည်း စမ်းသပ်ခဲ့ပါတယ်။ ကမ္ဘာကျော် ဂေါက်သီးရိုက်သမား မက်အီရွိုင်အသုံးပြုတဲ့ အကောင်းစား ဂေါက်ရိုက်တံနဲ့ ပစ္စည်းတွေပေးပြီး ကစားစေတဲ့အခါ သာမန်ထက် ၂၀ ရာခိုင်နှုန်းလောက်ပိုပြီး စွမ်းရည်တက်လာပါတယ်။

နောက်တစ်ခါ ဥာဏ်စမ်းတွေဖြေခိုင်းပြန်ပါတယ်။ ပြင်ပက အသံတွေမကြားရပဲ စိတ်ငြိမ်မှုရှိအောင် အကောင်းစား နားဂွမ်းဆို့တွေ ပေးထားတယ်ဆိုပြီး ပြောပါတယ်။ အဲဒီအခါမှာလည်း လူတွေရဲ့ စွမ်းဆောင်ရည်က ဥာဏ်စမ်းဖြေတဲ့နေရာမှာ ပိုပြီးတိုးတက်လာတာ တွေ့ရပါတယ်။

Source: Duwun

Myanmar Textile and Garment Directory

Read 1530 times
Rate this item
(0 votes)