What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ္အစား ေလဘယ္အေၾကာင္း

(Zawgyi+Unicode) အ၀တ္အစား ေလဘယ္ကုိ သက္ဆုိင္ရာႏုိင္ငံ၏ ျပ႒ာန္းခ်က္ႏွင့္အညီ မပါမျဖစ္ ခ်ဳပ္တပ္ေပးထားရသည္။ 

သာဓကအားျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ ေရာင္းခ်သည့္ အ၀တ္အစားအားလုံးတုိ႔တြင္ ျပ႒ာန္းခ်က္ပါ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဖာ္ျပထားေသာ ေလဘယ္ကုိ ခ်ဳပ္တပ္ေပးထားရသည္။ မည္သုိ႔ ေဖာ္ျပရမည္၊ မည္သည့္ အခ်က္အလက္မ်ား ေဖာ္ျပရမည္ အစရွိသည္တုိ႔ကုိ ျပည္ေထာင္စု ကုန္သြယ္ေရး ေကာ္မရွင္ Federal Trade Commission မွ စံသတ္မွတ္ခ်က္မ်ား ျပ႒ာန္းေပးထားသည္။ 

အ၀တ္အစားေလဘယ္အတြက္ အသုံးျပဳသည့္ ဘာသာစကားမွာလည္း သက္ဆုိင္ရာႏုိင္ငံ၏ ျပ႒ာန္းခ်က္ႏွင့္အညီ သုံးစြဲရသည္။
အ၀တ္အစား ၀ယ္ယူသူသည္ ေလဘယ္ကုိ ၾကည့္ၿပီး အ၀တ္အစားအေၾကာင္းကုိ သိရသည္။ မိမိေပးလုိက္ရသည့္ ေငြအတြက္ ရရွိမည့္ အ၀တ္အစားသည္ မည္သုိ႔ေသာ အထည္ျဖင့္ ခ်ဳပ္ထားေၾကာင္းကုိ သိႏုိင္မည္ ျဖစ္သည္။ ထုိ႔အျပင္ မည္သုိ႔ ေလွ်ာ္ဖြတ္ရမည္၊ မည္သုိ႔ ေျခာက္ေသြ႕ေစရမည္။ မည္သုိ႔ မီးပူတုိက္ရမည္ အစရွိသည္တုိ႔ကုိလည္း သိရမည္ ျဖစ္သည္။ မီးကူးစက္ေလာင္ကၽြမ္းလြယ္ေသာ အထည္သား ဟုတ္မဟုတ္ကုိလည္း သိရမည္ျဖစ္သည္။
ႏုိင္ငံတကာ ကုန္သြယ္ေရးတြင္ အ၀တ္အစား ေလဘယ္သည္ အလြန္အေရးႀကီးသည္။ ပုိ႔ကုန္သြင္းကုန္မ်ားတြင္ အ၀တ္အစားႏွင့္ ပတ္သက္ေသာ ျပ႒ာန္းခ်က္မ်ား ရွိေနသည္ကုိ လုိအပ္သလုိ စစ္ေဆးေဆာင္ရြက္ရန္ ေလဘယ္က အခ်က္အလက္မ်ား ေဖာ္ျပေပးထားရသည္။


အခ်ဳိ႕ အ၀တ္အစားမ်ဳိးတုိ႔မွာမူ ေလဘယ္ တပ္ရန္မလုိေအ။ ျပ႒ာန္းထားေသာ ဥပေဒတုိ႔သည္ ကုိယ္ခႏၶာတြင္ ၀တ္စားသည့္ အ၀တ္အစားမ်ားကုိသာ ေလဘယ္တတ္ခုိင္းေလ့ ရွိသည္။ ကုိယ္ခႏၶာကုိ အနည္းအက်ဥ္းမွ်သာ ဖုံးကာေပးသည္ ဆုိပါက ေလဘယ္ တတ္ရန္ မလုိေခ်။ ထုိ႔အျပင္ အ၀တ္အစား ၀တ္ဆင္ထားသည့္အေပၚမွ ထပ္၀တ္သည့္ အ၀တ္အစားမ်ဳိးတုိ႔သည္ ေလဘယ္တတ္ရန္ မလုိအပ္ေခ်။ လက္အိတ္၊ ဦးထုပ္၊ ေခါင္းစြပ္ စသည္တုိ႔သည္ ေလဘယ္ တတ္ရန္ မလုိအပ္ေခ်။ လည္စည္း၊ လက္ကုိင္ပ၀ါ၊ ခါးပတ္၊ မိန္းမေျခစြပ္ ဆုိင္းႀကိဳး စသည္တုိ႔သည္လည္း ေလဘယ္တပ္ဖုိ႔ မလုိအပ္ေခ်။

lebel clothing

 

ေလဘယ္ကုိ ဖဲ(satin)ျဖင့္ ျပဳလုပ္ေလ့ရွိသည္။ အေပၚတြင္ အက္ဆီတိတ္ ခ်ည္မွ်င္ရက္ထည္အလႊာျဖင့္ ဖုံးအုပ္ေပးထားသည္။ ထုိသုိ႔ေသာ ဖဲသားထည္ အပုိင္းအစသည္ တာရွည္ခံသည္။ အေရာင္မြဲမသြားေခ်။ သုိ႔ျဖစ္ရာ အ၀တ္အစား ေကာင္းပါလ်က္ ေလဘယ္ဖ်က္၏ ဆုိသည့္ အျဖစ္သုိ႔ မေရာက္သည့္အျပင္ အ၀တ္အစားကုိ ၀ယ္ခ်င္စဖြယ္ ျဖစ္ေနေအာင္ ေလဘယ္က ျပဳေပးေနသည္။ အ၀တ္အစားကုိ ေခါက္သည့္အခါ၌ မာမာေတာင့္ေတာင့္ျဖင့္ ေထာက္ေနျခင္း ကင္းမည့္ ေနရာမ်ဳိးတုိ႔ကုိ ေရြးခ်ယ္ၿပီး ေလဘယ္ကုိ ခ်ဳပ္တပ္ၾကသည္။ ္
အခ်ဳိ႕အ၀တ္အစားမ်ဳိးတုိ႔သည္ ကုန္က်စရိတ္ ေခၽြတာရသျဖင့္ ပုိလီစတာ၊ ႏုိင္လြန္ အစရွ္ိသည့္ အသားမ်ဳိးကုိ သုံးစြဲသည္။
ေလဘယ္တုိ႔သည္ အ၀တ္အစား ေမြးဖြားေပးလုိက္သည့္ ႏုိင္ငံကုိ ေဖာ္ျပေပးထားသည္။ ထုိေဖာ္ျပခ်က္သည္ အေကာက္ခြန္ ေကာက္ခံရာတြင္လည္းေကာင္း၊ ကုန္သြယ္မႈဆုိင္ရာ စည္းမ်ဥ္းမ်ားတြင္လည္းေကာင္း အ၀တ္အစား ထုတ္လုပ္သည့္ မူရင္းႏုိင္ငံ country of origin ကုိ အသိေပးထားရမည္ ဟူသည့္အခ်က္ကုိ လုိက္နာေသာအားျဖင့္ အသိေပးထားသည္။ ထုိအခ်က္အရ အေကာက္ခြန္၊ သြင္းကုန္ခြန္ အစရွိသည့္ စည္းၾကပ္မႈ အမ်ဳိးမ်ဳိးကို တြက္ခ်က္ေဆာင္ရြက္ႏုိင္မည္ျဖစ္သည္။
ေလဘယ္သည္ အ၀တ္အစား ၀ယ္ယူမည့္သူတုိ႔အတြက္လည္း အသုံးတည့္သည္။ မည္သည့္ႏုိင္ငံတြင္ ထုတ္လုပ္သည္ကုိ မူတည္ၿပီး အ၀တ္အစားေဈးႏႈန္းသည္ ကြာျခားေနေလ့ရွိေပရာ ေရာင္းေဈးကုိ တန္၏မတန္၏ ဆုံးျဖတ္ရန္အတြက္ မည္သည့္ ႏုိင္ငံတြင္ ထုတ္လုပ္သည္ကုိ ၾကည့္ၿပီး ခ်င့္ခ်ိန္ႏုိင္မည္ျဖစ္သည္။ ဥပမာ Made in Italy ျဖစ္ေနေသာေၾကာင့္ ဖက္ရွင္ထည္သည္ ေဈးပုိေပးရသည္။

ေလဘယ္သည္ အ၀တ္အစား ၀ယ္ယူၿပီးသူတုိ႔အတြက္လည္း အသုံးတည့္သည္။ ေလွ်ာ္ဖြပ္ရာ၌ ေရအပူခ်ိန္ကုိ မည္မွ်အထိသာ သုံးရမည္ကုိ ေလဘယ္မွ ေဖာ္ျပခ်က္အရ သိသည္။ အ၀တ္အစားအေနျဖင့္ လက္ခံႏုိင္ေသာ ေရအပူခ်ိန္အရ ေလွ်ာ္ဖြပ္ေပးရမည္ ျဖစ္သည္။ အပူ၊ အေႏြး၊ အေအးဟု ေယဘုယ်အားျဖင့္ သုံးမ်ဳိးခြဲျခားႏုိင္သည္။ အ၀တ္ေလွ်ာ္စက္တြင္ သုံးစြဲရမည့္ ေရအပူခ်ိန္ သင့္ျမတ္မွန္ကန္ေစရမည္ျဖစ္သည္။ ေလဘယ္တြင္ ေရအပူျဖင့္ ေလွ်ာ္ဖြပ္ႏုိင္ေၾကာင္း ေဖာ္ျပထားေသာ အ၀တ္အစားတုိ႔ုကုိ ေရေအးျဖင့္ျဖစ္ေစ၊ ေရေႏြးျဖင့္ျဖစ္ေစ ေလွ်ာ္ဖြပ္၍ ရမည္ျဖစ္ေသာ္လည္း ေရေအးျဖင့္ ေလွ်ာ္ဖြပ္ရမည္ဟု ေလဘယ္တြင္ ေဖာ္ျပထားပါက ေရေႏြးျဖင့္ျဖစ္ေစ၊ ေရေအးျဖင့္ျဖစ္ေစ ေလွ်ာ္ဖြပ္ျခင္း မျပဳရေခ်။ ထုိသုိ႔ မလုိက္နာဘဲ ေရပူျဖင့္ ေလွ်ာ္ဖြပ္လွ်င္ အ၀တ္အစား ပ်က္စီးမည္ျဖစ္သည္။ အေရာင္ကၽြတ္ျခင္း၊ အထည္သား အရည္ေပ်ာ္ျခင္းမ်ား ျဖစ္ပြားတတ္သည္ကုိ သတိခ်ပ္ရမည္ျဖစ္သည္။ ထုိသုိ႔ အပူအေအး သတ္မွတ္ခ်က္မ်ားကုိ သက္ဆုိင္ရာႏုိင္ငံမွ စံသတ္မွတ္ခ်က္ျပဳေပးသည့္ အဖြဲ႕အစည္းမ်ားက ျပ႒ာန္းေပးထားသည္။ ဥပမာအားျဖင့္ အေမရိကန္ႏုိင္ငံတြင္ American Association of Textile Chemists and Colorists အဖြဲ႕အစည္းမွ စံသတ္မွတ္ခ်က္မ်ား ျပ႒ာန္းေပးထားသည္။
ေလဘယ္တြင္ အေျခာက္ေလွ်ာ္ရန္ ေဖာ္ျပထားပါက အ၀တ္ေလွ်ာ္စက္ထဲ ေရျဖင့္ ေလွ်ာ္ဖြပ္ျခင္း မျပဳသင့္ေပ။ အေမြးအမွ်င္မ်ား ကၽြတ္ထြက္ကုန္ျခင္း၊ ေလွ်ာ္ၿပီးလွန္းၿပီး၍ ေျခာက္ေသြ႕ခ်ိန္တြင္ အ၀တ္အစား အျမင္မလွ ျဖစ္ေနျခင္းမ်ား ျဖစ္ကုန္တတ္သည္။ ေဆးမ်ား ကြက္ကုန္ျခင္း၊ ကၽြတ္ကုန္ျခင္းမ်ားလည္း ျဖစ္တတ္သည္။
ေလဘယ္တြင္ ေဖာ္ျပထားေသာ ခ်ည္အမ်ဳိးအစားမ်ားအရ အ၀တ္အစား၏ အထည္အမ်ဳိးအစားကုိ သိႏုိင္သည္။ အထည္မ်ား ရက္လုပ္ရာ၌ ၀ါဂြမ္းမွရေသာ ၀ါခ်ည္၊ ႏုိင္လြန္၊ ပုိလီစတာ အစရွိသည့္ ဓာတုခ်ည္ အစရွိသည္တုိ႔ကုိ ေရာေႏွာ၍ ရက္လုပ္ထား သည္။ သုိ႔ျဖစ္ရာ မည္သည့္ခ်ည္က ရာခုိင္ႏႈန္း မည္မွ်ပါသည္ကုိ ေလဘယ္တြင္ ေဖာ္ျပေပးထားၾကသည္။ ထုိသုိ႔ ခ်ည္အမ်ဳိးအစား ပါ၀င္မႈအရ မည္သုိ႔ ေလွ်ာ္ဖြပ္သင့္သည္။ မည္သုိ႔ မီးပူတုိက္သင့္သည္တုိ႔ကုိ သိႏုိင္သည္။
ေလဘယ္တြင္ ေဖာ္ျပထားေသာ အခ်က္မ်ားသည္ အေရာင္မွိန္လြန္းသြားျခင္း၊ ေဆးကၽြတ္ပ်က္ျပယ္ျခင္းမ်ား မရွိေအာင္ ျပဳလုပ္ေပးထားၾကရမည္ျဖစ္သည္။ အ၀တ္အစား မပ်က္စီးေသသေရြ႕ ေလဘယ္ကုိ ထင္ရွားျပတ္သားစြာ ျမင္ေနေစေအာင္ တာရွည္ခံရန္ စီမံေပးထားၾကရေပသည္။

Unicode

အဝတ်အစား လေဘယ်
==================
အဝတ်အစား လေဘယ်ကို သက်ဆိုင်ရာနိုင်ငံ၏ ပြဋ္ဌာန်းချက်နှင့်အညီ မပါမဖြစ် ချုပ်တပ်ပေးထားရသည်။ သာဓကအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် ရောင်းချသည့် အဝတ်အစားအားလုံးတို့တွင် ပြဋ္ဌာန်းချက်ပါ သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားသော လေဘယ်ကို ချုပ်တပ်ပေးထားရသည်။ မည်သို့ ဖော်ပြရမည်၊ မည်သည့် အချက်အလက်များ ဖော်ပြရမည် အစရှိသည်တို့ကို ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင် Federal Trade Commission မှ စံသတ်မှတ်ချက်များ ပြဋ္ဌာန်းပေးထားသည်။
အဝတ်အစားလေဘယ်အတွက် အသုံးပြုသည့် ဘာသာစကားမှာလည်း သက်ဆိုင်ရာနိုင်ငံ၏ ပြဋ္ဌာန်းချက်နှင့်အညီ သုံးစွဲရသည်။
အဝတ်အစား ဝယ်ယူသူသည် လေဘယ်ကို ကြည့်ပြီး အဝတ်အစားအကြောင်းကို သိရသည်။ မိမိပေးလိုက်ရသည့် ငွေအတွက် ရရှိမည့် အဝတ်အစားသည် မည်သို့သော အထည်ဖြင့် ချုပ်ထားကြောင်းကို သိနိုင်မည် ဖြစ်သည်။ ထို့အပြင် မည်သို့ လျှော်ဖွတ်ရမည်၊ မည်သို့ ခြောက်သွေ့စေရမည်။ မည်သို့ မီးပူတိုက်ရမည် အစရှိသည်တို့ကိုလည်း သိရမည် ဖြစ်သည်။ မီးကူးစက်လောင်ကျွမ်းလွယ်သော အထည်သား ဟုတ်မဟုတ်ကိုလည်း သိရမည်ဖြစ်သည်။
နိုင်ငံတကာ ကုန်သွယ်ရေးတွင် အဝတ်အစား လေဘယ်သည် အလွန်အရေးကြီးသည်။ ပို့ကုန်သွင်းကုန်များတွင် အဝတ်အစားနှင့် ပတ်သက်သော ပြဋ္ဌာန်းချက်များ ရှိနေသည်ကို လိုအပ်သလို စစ်ဆေးဆောင်ရွက်ရန် လေဘယ်က အချက်အလက်များ ဖော်ပြပေးထားရသည်။
အချို့ အဝတ်အစားမျိုးတို့မှာမူ လေဘယ် တပ်ရန်မလိုအေ။ ပြဋ္ဌာန်းထားသော ဥပဒေတို့သည် ကိုယ်ခန္ဓာတွင် ဝတ်စားသည့် အဝတ်အစားများကိုသာ လေဘယ်တတ်ခိုင်းလေ့ ရှိသည်။ ကိုယ်ခန္ဓာကို အနည်းအကျဉ်းမျှသာ ဖုံးကာပေးသည် ဆိုပါက လေဘယ် တတ်ရန် မလိုချေ။ ထို့အပြင် အဝတ်အစား ဝတ်ဆင်ထားသည့်အပေါ်မှ ထပ်ဝတ်သည့် အဝတ်အစားမျိုးတို့သည် လေဘယ်တတ်ရန် မလိုအပ်ချေ။ လက်အိတ်၊ ဦးထုပ်၊ ခေါင်းစွပ် စသည်တို့သည် လေဘယ် တတ်ရန် မလိုအပ်ချေ။ လည်စည်း၊ လက်ကိုင်ပဝါ၊ ခါးပတ်၊ မိန်းမခြေစွပ် ဆိုင်းကြိုး စသည်တို့သည်လည်း လေဘယ်တပ်ဖို့ မလိုအပ်ချေ။

လေဘယ်ကို ဖဲ(satin)ဖြင့် ပြုလုပ်လေ့ရှိသည်။ အပေါ်တွင် အက်ဆီတိတ် ချည်မျှင်ရက်ထည်အလွှာဖြင့် ဖုံးအုပ်ပေးထားသည်။ ထိုသို့သော ဖဲသားထည် အပိုင်းအစသည် တာရှည်ခံသည်။ အရောင်မွဲမသွားချေ။ သို့ဖြစ်ရာ အဝတ်အစား ကောင်းပါလျက် လေဘယ်ဖျက်၏ ဆိုသည့် အဖြစ်သို့ မရောက်သည့်အပြင် အဝတ်အစားကို ဝယ်ချင်စဖွယ် ဖြစ်နေအောင် လေဘယ်က ပြုပေးနေသည်။ အဝတ်အစားကို ခေါက်သည့်အခါ၌ မာမာတောင့်တောင့်ဖြင့် ထောက်နခြေင်း ကင်းမည့် နေရာမျိုးတို့ကို ရွေးချယ်ပြီး လေဘယ်ကို ချုပ်တပ်ကြသည်။်
အချို့အဝတ်အစားမျိုးတို့သည် ကုန်ကျစရိတ် ချွေတာရသဖြင့် ပိုလီစတာ၊ နိုင်လွန် အစရှိ်သည့် အသားမျိုးကို သုံးစွဲသည်။
လေဘယ်တို့သည် အဝတ်အစား မွေးဖွားပေးလိုက်သည့် နိုင်ငံကို ဖော်ပြပေးထားသည်။ ထိုဖော်ပြချက်သည် အကောက်ခွန် ကောက်ခံရာတွင်လည်းကောင်း၊ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများတွင်လည်းကောင်း အဝတ်အစား ထုတ်လုပ်သည့် မူရင်းနိုင်ငံ country of origin ကို အသိပေးထားရမည် ဟူသည့်အချက်ကို လိုက်နာသောအားဖြင့် အသိပေးထားသည်။ ထိုအချက်အရ အကောက်ခွန်၊ သွင်းကုန်ခွန် အစရှိသည့် စည်းကြပ်မှု အမျိုးမျိုးကို တွက်ချက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
လေဘယ်သည် အဝတ်အစား ဝယ်ယူမည့်သူတို့အတွက်လည်း အသုံးတည့်သည်။ မည်သည့်နိုင်ငံတွင် ထုတ်လုပ်သည်ကို မူတည်ပြီး အဝတ်အစားဈေးနှုန်းသည် ကွာခြားနေလေ့ရှိပေရာ ရောင်းဈေးကို တန်၏မတန်၏ ဆုံးဖြတ်ရန်အတွက် မည်သည့် နိုင်ငံတွင် ထုတ်လုပ်သည်ကို ကြည့်ပြီး ချင့်ချိန်နိုင်မည်ဖြစ်သည်။ ဥပမာ Made in Italy ဖြစ်နေသောကြောင့် ဖက်ရှင်ထည်သည် ဈေးပိုပေးရသည်။

လေဘယ်သည် အဝတ်အစား ဝယ်ယူပြီးသူတို့အတွက်လည်း အသုံးတည့်သည်။ လျှော်ဖွပ်ရာ၌ ရေအပူချိန်ကို မည်မျှအထိသာ သုံးရမည်ကို လေဘယ်မှ ဖော်ပြချက်အရ သိသည်။ အဝတ်အစားအနဖြေင့် လက်ခံနိုင်သော ရေအပူချိန်အရ လျှော်ဖွပ်ပေးရမည် ဖြစ်သည်။ အပူ၊ အနွေး၊ အအေးဟု ယေဘုယျအားဖြင့် သုံးမျိုးခွဲခြားနိုင်သည်။ အဝတ်လျှော်စက်တွင် သုံးစွဲရမည့် ရေအပူချိန် သင့်မြတ်မှန်ကန်စေရမည်ဖြစ်သည်။ လေဘယ်တွင် ရေအပူဖြင့် လျှော်ဖွပ်နိုင်ကြောင်း ဖော်ပြထားသော အဝတ်အစားတို့ကို ရေအေးဖြင့်ဖြစ်စေ၊ ရေနွေးဖြင့်ဖြစ်စေ လျှော်ဖွပ်၍ ရမည်ဖြစ်သော်လည်း ရေအေးဖြင့် လျှော်ဖွပ်ရမည်ဟု လေဘယ်တွင် ဖော်ပြထားပါက ရေနွေးဖြင့်ဖြစ်စေ၊ ရေအေးဖြင့်ဖြစ်စေ လျှော်ဖွပ်ခြင်း မပြုရချေ။ ထိုသို့ မလိုက်နာဘဲ ရေပူဖြင့် လျှော်ဖွပ်လျှင် အဝတ်အစား ပျက်စီးမည်ဖြစ်သည်။ အရောင်ကျွတ်ခြင်း၊ အထည်သား အရည်ပျော်ခြင်းများ ဖြစ်ပွားတတ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ထိုသို့ အပူအအေး သတ်မှတ်ချက်များကို သက်ဆိုင်ရာနိုင်ငံမှ စံသတ်မှတ်ချက်ပြုပေးသည့် အဖွဲ့အစည်းများက ပြဋ္ဌာန်းပေးထားသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် American Association of Textile Chemists and Colorists အဖွဲ့အစည်းမှ စံသတ်မှတ်ချက်များ ပြဋ္ဌာန်းပေးထားသည်။
လေဘယ်တွင် အခြောက်လျှော်ရန် ဖော်ပြထားပါက အဝတ်လျှော်စက်ထဲ ရဖြေင့် လျှော်ဖွပ်ခြင်း မပြုသင့်ပေ။ အမွေးအမျှင်များ ကျွတ်ထွက်ကုန်ခြင်း၊ လျှော်ပြီးလှန်းပြီး၍ ခြောက်သွေ့ချိန်တွင် အဝတ်အစား အမြင်မလှ ဖြစ်နခြေင်းများ ဖြစ်ကုန်တတ်သည်။ ဆေးများ ကွက်ကုန်ခြင်း၊ ကျွတ်ကုန်ခြင်းများလည်း ဖြစ်တတ်သည်။
လေဘယ်တွင် ဖော်ပြထားသော ချည်အမျိုးအစားများအရ အဝတ်အစား၏ အထည်အမျိုးအစားကို သိနိုင်သည်။ အထည်များ ရက်လုပ်ရာ၌ ဝါဂွမ်းမှရသော ဝါချည်၊ နိုင်လွန်၊ ပိုလီစတာ အစရှိသည့် ဓာတုချည် အစရှိသည်တို့ကို ရောနှော၍ ရက်လုပ်ထား သည်။ သို့ဖြစ်ရာ မည်သည့်ချည်က ရာခိုင်နှုန်း မည်မျှပါသည်ကို လေဘယ်တွင် ဖော်ပြပေးထားကြသည်။ ထိုသို့ ချည်အမျိုးအစား ပါဝင်မှုအရ မည်သို့ လျှော်ဖွပ်သင့်သည်။ မည်သို့ မီးပူတိုက်သင့်သည်တို့ကို သိနိုင်သည်။
လေဘယ်တွင် ဖော်ပြထားသော အချက်များသည် အရောင်မှိန်လွန်းသွားခြင်း၊ ဆေးကျွတ်ပျက်ပြယ်ခြင်းများ မရှိအောင် ပြုလုပ်ပေးထားကြရမည်ဖြစ်သည်။ အဝတ်အစား မပျက်စီးသေသရွေ့ လေဘယ်ကို ထင်ရှားပြတ်သားစွာ မြင်နေစေအောင် တာရှည်ခံရန် စီမံပေးထားကြရပေသည်။

funny clothing tags laundry labels 4 605

Read 1301 times
Rate this item
(0 votes)