What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားတွေကို ဗီရိုထဲမှာ နည်းစနစ်မကျဘဲ မှားယွင်းစွာ သိမ်းဆည်းခြင်း

လူတိုင်း အဝတ်အစားတွေကို သိမ်းဆည်းတဲ့ နည်းလမ်းအမျိုးမျိုး ရှိကြပါတယ်။ ဒါပေမယ့် ဘယ်လို စနစ်တကျ ပြုလုပ်ရမလဲဆိုတာတော့ မသိကြပါဘူး။

တခါတရံမှာ ကိုယ်ကြိုက်နှစ်သက်ဆုံးနဲ့ ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်အစားတွေ ပျက်စီးသွားတတ်ကြတယ်။ အဲ့လို ပျက်စီးမသွားအောင် အဝတ်အစားတွေကို ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးမယ်နော်။

၁။ ရာသီအလိုက် ဝတ်ဆင်တဲ့အဝတ်တွေကို မှားယွင်းစွာ သိမ်းဆည်းခြင်း

1
ရာသီအလိုက် ဝတ်ဆင်မဲ့ အဝတ်အထည်တွေကို မသိမ်းဆည်းမှီ ရှိသမျှအဝတ်တွေအားလုံး အပြင်မှာခြောက်သွေ့ သန့်ရှင်းအောင် လှမ်းပါ။ သားမွေးကုတ် နှင့် လည်သာအကျီတွေဟာ လျှော်ဖွတ်ရမှာခက်ခဲပြီး အရောင်ကျစေတာကြောင့် ဒီလို မလျှော်ဖွတ်တဲ့ အဝတ်တွေကို ဗီရိုထဲမှာ မသိမ်းဆည်းပါနဲ့။ နောက်တခုကတော့ သင့်ရဲ့အဝတ်အထည်တွေပေါ်မှာ ပိုးမွှားအကောင်တွေမဝင်ရောက်စေဖို့ ပိုးသတ်ဆေးအနည်းငယ်ဖြန်းဖို့ မေ့လျော့မထားသင့်ဘူး။

၂။ အဝတ်အစား အမျိုးမျိုးကို vacuum အိတ်( လေထုတ်ပြီးအလုံပိတ်ထားသောအိတ်)ထဲမှာ ထုပ်ပိုးပါ

2
vacuum အိတ်ဟာ နောက်ပိုင်းမှာ အလွန်ရေပန်းစားလာကြပါပြီ။ ဒါပေမဲ့ အောက်ဆီဂျင်ထောက်ပံ့မှု မရှိတာကြောင့် ဒီလိုနည်းလမ်းနဲ့ သိမ်းဆည်းဖို့ မကောင်းပါဘူး။ အပြင်ပိုင်းကစေးကပ်ပြီး အနံ့ဆိုးတွေထွက်တာကြောင့် သားမွေးအကျီတွေ ကျိုးပဲ့ခြင်းနဲ့ ပျက်စီးခြင်းတွေဖြစ်တတ်ပါတယ်။

အဝတ်အထည်နှင့် ဖိနပ်များအတွက် အိမ်တွင်း လွယ်ကူစွာပြုလုပ်နိုင်မယ့် Tips and Tricks (၁၃)ချက်

၃။ ဆွယ်တာနှင့် ဇာထိုးအကျီတွေကို မမှန်မကန် သိမ်းဆည်းခြင်း

3
ဇာနှင့် သိုးမွေးအဝတ်အထည်တွေကို အဝတ်ချိတ်နဲ့ မသိမ်းဆည်းသင့်ပါဘူး။ ပုံပန်းသဏ္ဍန်ပျက်စေနိုင်ပါတယ်။ နူးညံ့တဲ့ ဆွယ်တာအကျီတွေကို ဗီရိုစင်ထဲမှာ သိမ်းဆည်းထားခြင်းဟာ အကောင်းဆုံးပါပဲ။ သိုးမွေးအင်္ကျီတွေကို ခေါက်ပြီး သီးခြား သိမ်းဆည်းထားသင့်ပါတယ်။

၎။ အင်္ကျီရှည်တွေကို တန်းပေါ်မှာ လွှားပြီး သိမ်းဆည်းခြင်း

4
အင်္ကျီရှည်တွေ၊ စကပ်ရှည်တွေဟာ ချိတ်နဲ့လှမ်းတဲ့အခါ ကြမ်းပြင်မှာပုံသွားတာကြောင့် ကြိုးတန်း (သို့) ဘားတန်းတစ်နေရာရာမှာ လှမ်းပြီး သိမ်းဆည်းပါ။ ဒီနည်းလမ်းက မကြာခဏ မီးပူတိုက်စရာလည်း မလိုပါဘူး။

၅။ ဘောင်းဘီများကို မှားယွင်းစွာ သိမ်းဆည်းခြင်း

5
သိုးမွေးနှင့် ဇာအကျီတွေဟာ ကျယ်သွားစေနိုင်တာကြောင့် သူတို့ကိုခေါက်ပြီး သိမ်းဆည်းရမယ်။ တကယ်လို့ အဝတ်ချိတ်နှင့်အတူ ကလစ်ကိုပါ အသုံးပြုမယ်ဆိုလျှင် ညှပ်ခဲ့တဲ့နေရာမှာ အရာကြီးကျန်စေနိုင်တယ်။ ဒါကြောင့် ဘောင်းဘီတွေကို သိမ်းဆည်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ အင်္ကျီချိတ်နဲ့ သိမ်းဆည်းခြင်းဖြစ်ပြီး ကလစ်တွေအားလုံး ရှည်နေရမှာဖြစ်တယ်။

၆။ ဘရာများကို တစ်ခြမ်းခေါက်ခြင်း

6
ဘရာများကို တစ်ခြမ်းထဲခေါက်ခြင်းထက် ညာဘက်ပုံမှာပြထားတဲ့အတိုင်း တစ်ပြေးညီခေါက်ခြင်းဟာ ပိုပြီး ကောင်းမွန်ပါတယ်။

၇။ အင်္ကျီကြယ်သီးနှင့် ဇစ်တွေကို တပ်ပြီးမှ ချိတ်နဲ့ သိမ်းဆည်းပါ

7
သင့်ရဲ့အဝတ်တွေကို ချိတ်နဲ့ချိတ်တဲ့အခါ ကြယ်သီးနှင့် ဇစ်တွေကို မမေ့ထားပါနဲ့။ ဒီနည်းလမ်းဟာ အဝတ်အစား ပုံသဏ္ဍန်လည်းမပျက်ဘဲ ပိုကောင်းတဲ့ အခွင့်အလမ်းပါပဲ။

၈။ အဝတ်ဗီရိုစင်မှာ သိမ်းဆည်းခြင်း

8
ဘလောက်စ်၊ ရှပ် နှင့် dress တွေဟာ နူးညံ့တဲ့ အထည်တွေဖြစ်တာကြောင့် သူတို့နဲ့အရွယ်အစား ကိုက်ညီမယ့် အဝတ်ချိတ်တွေနဲ့ သိမ်းဆည်းသင့်ပါတယ်။ သိုးမွေးနှင့် ဇာအကျီတွေအတွက်တော့ အဝတ်စင်ထဲမှာ ခေါက်ပြီး သိမ်းဆည်းထားခြင်းက အကောင်ဆုံးပါပဲ။

 

Author:TDA

Read 1639 times
Rate this item
(1 Vote)