What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Accessories ရွေးချယ်တဲ့အခါမှာ အခြေခံ သိထားသင့်တဲ့ စည်းမျဉ်း စည်းကမ်းများ

အမျိုးသမီးတွေအနေနဲ့ အဝတ်အစားဝတ်ဆင်တဲ့အခါမှာ အဲ့ဒီ outfitနဲ့ လိုက်ဖက်မှုရှိတဲ့ accessories တွေကို မှန်ကန်အောင် ရွေးချယ်တတ်ဖို့လိုပါတယ်။

ဒါကြောင့် ရွေးချယ်တဲ့အခါ မှားယွင်းမှုမရှိအောင် ဘယ်လိုအရာတွေဆင်မြန်းရမလဲဆိုတာကို အကြံပေးချင်ပါတယ်။

၁။ ၃-၄ခုထက်ပိုပြီး ကြီးမားတဲ့ accessories တွေကိုမဝတ်ဆင်ပါနဲ့

1
သင်ဝတ်ဆင်မယ့် outfit ကို accessories အကြီးကြီးတွေနဲ့ ပေါင်းစပ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပင်မဲ့ အဲ့လို ဝတ်ဆင်တဲ့အခါ ၃-၄ခုထက်ပိုပြီး မဝတ်ဆင်သင့်ပါဘူး။ ရွေးချယ်လိုက်တဲ့ dress၊ ကာလာ၊ ပုံစံကို ကြည့်ပြီး လိုက်ဖက်ညီအောင် ဝတ်ဆင်ပါ။

၂။ ကော်လံအကြီးကြီးတွေကို ပုဝါအောက်မှာ မဖုံးကွယ်ထားသင့်ဘူး

2
သင့်ရဲ့ကုတ်အင်္ကျီကကော်လံဟာ ကြီးတယ်ဆိုရင် ပုဝါကြီးကြီး ဝတ်ဆင်ဖို့မလိုအပ်ပါဘူး။ အဲ့ဒီအစားသင့်ရဲ့လည်ပင်းအောက်နားမှာ အရောင်လင်းတဲ့ပုဝါသေးးလေး ဝတ်ဆင်လိုက်ပါ။

၃။ လိုက်ဖက်မှုရှိတဲ့ အရွယ်အစား သေးငယ်တဲ့ လက်ဝတ်ရတနာအစုံလိုက်ကို ဝတ်ဆင်ပါ

3
တချို့သောလူများက လိုက်ဖက်မှုမရှိတဲ့ ပုတီးလုံးပုံစံဒီဇိုင်း၊ နားကပ်၊ လက်ကောက်တွေကို ဝတ်ထားတာဟာ ကြည့်လို့ မလှပါဘူး။ အဲ့လို ရွေးချယ်မှု စိတ်ကူးဟာ တစ်စိတ်တစ်ပိုင်းတော့မှန်ပင်မဲ့ အရွယ်အစားသေးငယ်တဲ့ လက်ဝတ်ရတနာတွေကို ဆင်မြန်းခြင်းဟာ ပိုပြီးသင့်ကို ကြည့်ကောင်းစေပါတယ်။

၎။ သင့်ရဲ့ဖိနပ်နဲ့ အိတ်အရောင်ဟာ ကိုက်ညီမှုရှိရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို မေ့လိုက်ပါ

4
သင့်ဖိနပ်နှင့်အိတ်ကို ကိုက်ညီအောင်ရွေးချယ်ရမယ့်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းမရှိပါဘူး။ တကယ်လို့ သင့်ဖိနပ်က အရောင်တောက်နေမယ်ဆိုရင် လက်ကိုင်အိတ်ကို ဆန့်ကျင်ဘတ် အရောင်လင်းတဲ့ကာလာနဲ့ ရွေးချယ်လိုက်ပါ။ သင့်ကိုပိုပြီးကြည့်ကောင်းစေမှာပါ။

၅။ evening dress ဝတ်မယ်ဆိုရင် လက်ပတ်နာရီဝတ်ဖို့ မလိုအပ်ပါဘူး

5
လက်ပတ်နာရီဟာ လုပ်ငန်းခွင်တို့၊ ပုံမှန်ထသွားထလာ ဝတ်ဆင်တဲ့ outfit တွေမှာ ပိုပြီးလိုက်ဖက်ပါတယ်။ သို့သော်လည်း evening dress နဲ့ လက်ပတ်နာရီကို ပေါင်းစပ်တာဟာ လုံးဝလိုက်ဖက်မှုမရှိပါဘူး။

၆။ လက်စွပ်အကြီးကြီးတွေဟာ လူတိုင်းနဲ့ကိုက်ညီမှု မရှိဘူးဆိုတာ သတိရပါ

6
လက်ချောင်းတိုတဲ့သူတွေအနေနဲ့ လက်စွပ်ထူထူကြီးတွေဝတ်ဆင်တာဟာ ကြည့်မကောင်းပါဘူး။ ဒါပင်မဲ့ ပါးလွှာတဲ့လက်စွပ်လေးတွေက သင့်ရဲ့လက်ချောင်းတွေကို ရှည်သဖွယ်ထင်ရစေပါတယ်။

၇။ အရောင်ဖျော့ဖျော့ဝတ်ဆင်ထားရင် အနက်ရောင်ဖိနပ်ကိုရှောင်ကြဉ်ပါ

7
အရောင်လင်းတဲ့ဖိနပ်တွေက သင်ဝတ်ဆင်မယ့်အရောင်ဖျော့outfit တွေကို အကောင်းဆုံးလိုက်ဖက်မှုရှိအောင် ကူညီထောက်ပံ့ပေးမှာပါ။ အမှောင်ဘက်သန်းတဲ့ ဖိနပ်တွေကတော့ လိုက်ဖက်မှုမရှိလှပါဘူး။

 

Author:TDA

Read 2097 times
Rate this item
(1 Vote)