What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်တိုင်းအတွင်း A အဆင့် မရှိသည့် CMP စက်ရုံများလည်း ပြန်လည် ပတ်နေပြီး အလုပ်သမားများအန္တရာယ်ရှိနေသည့်အတွက် ဝန်ကြီးဌာနသို့ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စီစစ်သည့်အခါတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြင်ဆင်ထားမှု A အဆင့်ရရှိပါက စက်ရုံများအားပြန်လည်လည်ပတ်စေမည်ဟု ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်မှစ၍ စက်ရုံအချို့ပြန်လည်ပတ်လာပြီး

၎င်းစက်ရုံများသည်လည်း ကြိုတင်ပြင်ဆင်ထားမှုအားနည်းချက်များကြောင့်အလုပ်သမားများအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အလုပ်သမားအဖွဲ့ချုပ်များမှတိုင်ကြားစာများပေးပို့ထားကြောင်းသိရပါတယ်။

 

" ပြည်ထောင်စုဝန်ကြီးရုံးကိုဒီနေ့ဘဲတိုင်စာပို့မှာပါ။မနေ့ကထဲကလည်း အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနကနေ အရေးယူပေးဖို့ တိုင်ထားပါတယ်။ထုတ်ပြန်ချက်ကကိုမရှင်းလင်းတာ။ထုတ်ပြန်ချက်အရဆို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကစီစစ်ပြီး Aအဆင့်ရတဲ့စက်ရုံတွေကို အမျိုးသားအဆင့်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီခွ့င့်ပြုချက်နဲ့အလုပ်ပြန်ဖွင့်ခွင့်ပြုရမယ်ဆိုတာတိတိကျကျပါပြီးသားပါ။နောက်ဆက်တွဲထုတ်ပြန်ချက်အရ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွေရဲ့ထုတ်ပြန်ချက်ပြောတာ အရင်တုန်းကAအဆင့်ရပြီးသားစက်ရုံတွေကိုစစ်ဆေးစရာမလိုဘူးသဘောဖြစ်နေတာ။

 

သို့သော်အရင်တုန်းကခွင့်ပြုခဲ့တာက ကိုဗစ်ကာကွယ်ကုသရေးနဲ့ထိန်းချုပ်ရေး ကော်မတီကခွင့်ပြုခဲ့တာမဟုတ်ဘူး။တိုင်းအစိုးရအဖွဲ့နဲ့ခွင့်ပြုချက်နဲ့ ဝန်ကြီးဒေါ်မိုးမိုးစုကြည်ကခွင့်ပြုခဲ့တာဖြစ်ပါတယ်။လုပ်ထုံးလုပ်နည်းအရဆိုနောက်ထပ်ထုတ်တဲ့အမိန့်ကအရင်ကအမိန့်တွေကိုလွှမ်းမိုးမှုရှိရမှာ။A အဆင့်ဆိုပြီး စက်ရုံတွေကိုဖွင့်ခွင့်ပေးပြီး ဒီစက်ရုံတွေမှာကိုဗစ်လူနာတွေတွေ့ခဲ့မယ်ဆိုရင် အလုပ်သမားတွေအနေနဲ့သေဆုံးမှုတွေရှိလာရင်နိုင်ငံတော်အနေနဲ့ဘယ်လိုတာဝန်ယူမလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေတယ်"ဟုမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ကပြောပါတယ်။

 

မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS) သို့ ဆက်သွယ်တိုင်ကြားလာသော Aအဆင့်မရရှိဘဲ ဖွင့်လှစ်ထားသည်ဆိုသည့် စက်ရုံပေါင်း ၁၁ ရုံ အလုပ်သမားစုစုပေါင်း ၁၃၉၅၀ ခန့်ရှိကြောင်းသိရပါတယ်။

 

"အမတို့အဖွဲ့ဝင်အထည်ချုပ်က (၅) ရုံ၊ စက္ကူလုပ်ငန်းက (၂)ရုံ၊ အမတို့ကို စက်ရုံဖွင့်နေတာလှမ်းပြောတာလည်း (၅) ရုံ လောက်ရှိတယ်။ ဒီမနက်လည်းဖွင့်နေတယ်ဆိုပြီးလာပြောတာတွေရှိတယ်။အမတို့ပြည်ထောင်စုဝန်ကြီးကိုပြောထားတယ်။စာလည်းတင်ထားတယ်။အကြောင်းပြန်တာမရှိသေးဘူး"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။

 

COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ A အဆင့်ဆိုသည်မှာ လုံခြုံတယ်စိတ်ချရတယ်ဆိုတဲ့သဘောပါဟု ပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းတွေအရ စံနှုန်းတွေအရ ဖွင့်နိုင် ချေရှိသော A အဆင့် ဟုလည်း၎င်း၏မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

#MyanmarLabourNews

Read 810 times
Rate this item
(0 votes)