What's new
×
Warning
JUser: :_load: Unable to load user with ID: 845
အကောက်ခွန်ဦးစီးဌာန၏ Website Domain Name အားအမည် ပြောင်းလဲအသုံးပြု
အကောက်ခွန်ဦးစီးဌာန၏ Website Domain Name အားအမည် ပြောင်းလဲအသုံးပြု google
အကောက်ခွန်ဦးစီးဌာန၏ Website Domain Name အားအမည် ပြောင်းလဲအသုံးပြု
ရည်ညွှန်းချက် 
>>>>>>>>
(၁) e-Government ဦးဆောင်ကော်မတီ၏ (၂၅.၄.၂၀၁၉) ရက်စွဲပါ စာအမှတ်၊
ဆသ-၅/ e - Gov (Domain)/ ၂၀၁၉ (၄၃၈)
(၂) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၏ (၂၀.၆.၂၀၁၉)
ရက်စွဲပါ စာအမှတ်၊ ၁-ကထ/ ၂၀၁၉ (၀၅၇)
၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ Www.myanmar customs.gov.mm အမည်ရှိ Website အား (၁.၁၁.၂၀၁၁) ရက်နေ့မှစတင်၍ လွှင့်တင်သုံးစွဲလျက် ရှိပါသည်။ ထိုသို့ အသုံးပြုလျက်ရှိသော Domain Name များအား “မြန်မာနိုင်ငံကိုယ်စားပြု Country code. (.mm) အမည် ပါဝင်ပြီးဖြစ်သည့်အတွက် စကားလုံးကျစ်လျစ်မှုရှိစေရန် Third Level Domain Name နေရာများတွင် Myanmar ဆိုသည့် စကားရပါအား အသုံးမပြုရန်ဟု " e-Government ဥိးဆောင်ကော်မတီမှ ရည်ညွှန်း (၁) ပါစာဖြင့် ညွှန်ကြားလာခဲ့ပါသည်။
၂။ အကောက်ခွန်ဦးစီးဌာန၏ Website အား ယခင်အသုံးပြုနေသည့် www.myanmarcustoms. gov.mm Domain Name အစား e-Government ဦးဆောင်ကော်မတီမှ အဆိုပြုထားသည့် www.customs.gov.mm သို့ ပြောင်းလဲပြင်ဆင်အသုံးပြုလိုကြောင်း ရည်ညွှန်း (၂) ပါစာဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြ၍ (၁.၈.၂၀၁၉) ရက်နေ့မှ စတင်ပြီး ပြောင်းလဲအသုံးပြုခဲ့ပြီး ဖြစ်ပါသည်။
ထိုသို့ ပြောင်းလဲသုံးစွဲမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ Website နှင့် MACCS Facebook စာမျက်နှာများတွင်လည်း (၂၃.၇.၂၀၁၉) ရက်နေ့၌ ကြိုတင်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ လိပ်မူပါဌာနများအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ Website Domain Name အား www.customs.gov.mm ဟု ပြောင်းလဲအသုံးပြုနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ရည်ညွှန်းချက်
>>>>>>>>
Textile
Read 1675 times
Rate this item
(0 votes)
Tagged under
Related items