What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိပ်တန်း ဖက်ရှင်တိုက်တို့ရဲ့ Streetwear မျက်နှာစည်းများ

ယခင်က WHO နဲ့ အမေရိကန်၊ စင်ကာပူ အပါအဝင် အစိုးရအချို့က လူတိုင်း မျက်နှာစည်း Face Mask ဝတ်ဆင်ဖို့ မလိုဘူး။

 

နေထိုင်မကောင်းကြသူတွေသာ မဖြစ်မနေ ဝတ်ဆင်သင့်တယ်လို့ အကြံပြုခဲ့ကြရာမှ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လေသံပြောင်းလဲလိုက်ကြတယ်။

 

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက လူတိုင်း အပြင်ထွက်ရင် မျက်နှာစည်း ဝတ်ကြဖို့ တိုက်တွန်းပြီးကျန်းမာရေးဝန်ထမ်းတွေအတွက်

 

ဆာဂျီကယ်မတ်စ်တွေ ရှိနေစေဖို့အတွက် ရေလျှော်ပြီး ပြန်သုံးလို့ရတဲ့ မတ်စ်တွေကို သုံးကြဖို့လည်း အကြံပြုတိုက်တွန်းပါတယ်။

အလားတူပင် အမေရိကန် သမ္မတ ထရန့်ကလည်း အပြင်ထွက်ရင် မျက်နှာစည်း ဝတ်ကြဖို့၊ ဆာဂျစ်ကယ်မတ်စ်တွေကို

 

ကျန်းမားရေး ဝန်ထမ်းတွေအတွက် ထားရှိပြီးလူအများတို့က ပိတ်စမတ်စ်တွေ သုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အပြင်ထွက်တဲ့အခါ လက်ထဲ မတ်စ် မရှိရင် ယုတ်စွအဆုံး ပဝါစကို မျက်နှာစည်းအဖြစ် ဝတ်ဆင်ဖို့အထိ ပြောခဲ့ပါတယ်။

တကယ်တော့ မရှိသုံးအဖြစ်ဖြင့်သာ ပဝါစကို သုံးကြရမှာ ဖြစ်ပါတယ်။ ကာကွယ်မှုမှာ ထိရောက်မှု အနည်းဆုံး ဖြစ်ပါတယ်။


Amazon က ရှေ့တန်းမှာ အသက်နှင့် ရင်း၍ ကိုဗစ်ကို တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ဆာဂျစ်ကယ်မတ်စ်တွေကို

 

သီးသန့် ဖယ်ပေးထားဖို့ ဆုံးဖြတ်ခဲ့ပြီးဆာဂျီကယ်မတ်စ်တွေကို ဆေးရုံတွေအတွက်သာ ရောင်းချဖို့ ကန့်သတ်ထားပါတယ်။

အဲဒီလို လေသံအပြောင်းအလဲကြောင့် ဖက်ရှင်တိုက်တွေဟာ ဖက်ရှင်ထည်တွေ ဈေးကွက်ပျောက်နေချိန်မှာ အသက်ရှူပေါက်တစ်ခု ရရှိသွားကြပြီး

ဖက်ရှင်မျက်နှာစည်းတွေကို စတင်ထုတ်လုပ်လိုက်ကြတာ တွေ့ရတယ်။

လမ်းသွားလမ်းလာ ဝတ်ဆင်ဖို့ အလန်းစား မျက်နှာစည်းများ စတင်ထုတ်လုပ်လာကြတယ်။

ရောင်းအားကလည်း ကောင်းတာမို့ Streetwear မျက်နှာစည်း ဈေးကွက် ပေါ်ထွက် သွားခဲ့ပါတယ်။

လော့ဒေါင်းချထားလို့ အိမ်တွင်းအောင်းနေရချိန်မှာ မျက်နှာစည်းတွေကို အိမ်မှာ ကိုယ်တိုင်ချုပ်လုပ်ကြသူတွေလည်း များပြားပါတယ်။

fashion brand တွေနဲ့ အဝတ်အစား ချုပ်လုပ်တဲ့ ထုတ်လုပ်သူတွေက မတ်စ် ဈေးကွက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းအားထုတ်ကြတယ်။

လက်ထဲရှိပြီးသား အရင်းအမြစ်များ ကုန်ထုတ်စွမ်းအားတို့ဖြင့် မတ်စ်တွေ ထုတ်လုပ်နိုင်အောင် ကြံစည်လုပ်ကိုင်ကြတယ်။


streetwear brand တွေဖြစ်တဲ့ Bape နဲ့ Off-White တို့က နဂိုကတည်းက အလှဆင်ထားတဲ့ မတ်စ်တွေကို ပြုလုပ်ကြတယ်။

သူတို့ရဲ့ မတ်စ်တွေက အနောက်တိုင်းမှာထက် အာရှမှာ ပိုရောင်းရတယ်။ ဘန်ကောက်နဲ့ တိုကျိုတို့ဟာ အဓိကဈေးကွက်တွေ ဖြစ်ပါတယ်။


အခုတော့ Gucci Louis Vuitton, Fendi, Lanvin, Kering, LVMH

အစရှိတဲ့ ထိပ်တန်း ဖက်ရှင်တိုက်ကြီးတွေကလည်း Streetwear မျက်နှာစည်းများ ဈေးကွက်ထဲ ဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

 

  

 

Myanmar Textile & Garment Directory

textile picture

<<<Zawgyi>>>

ယခင္က WHO နဲ႔ အေမရိကန္၊ စင္ကာပူ အပါအဝင္ အစိုးရအခ်ိဳ႕က လူတိုင္း မ်က္ႏွာစည္း Face Mask ဝတ္ဆင္ဖို႔ မလိုဘူး။

ေနထိုင္မေကာင္းၾကသူေတြသာ မျဖစ္မေန ဝတ္ဆင္သင့္တယ္လို႔ အႀကံျပဳခဲ့ၾကရာမွ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ေလသံေျပာင္းလဲလိုက္ၾကတယ္။

စင္ကာပူ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက လူတိုင္း အျပင္ထြက္ရင္ မ်က္ႏွာစည္း ဝတ္ၾကဖို႔ တိုက္တြန္းၿပီး

က်န္းမာေရးဝန္ထမ္းေတြအတြက္ ဆာဂ်ီကယ္မတ္စ္ေတြ ရွိေနေစဖို႔အတြက္ ေရေလွ်ာ္ၿပီး ျပန္သုံးလို႔ရတဲ့ မတ္စ္ေတြကို သုံးၾကဖို႔လည္း အႀကံျပဳတိုက္တြန္းပါတယ္။

အလားတူပင္ အေမရိကန္ သမၼတ ထရန႔္ကလည္း အျပင္ထြက္ရင္ မ်က္ႏွာစည္း ဝတ္ၾကဖို႔၊ ဆာဂ်စ္ကယ္မတ္စ္ေတြကို က်န္းမားေရး ဝန္ထမ္းေတြအတြက္ ထားရွိၿပီး

လူအမ်ားတို႔က ပိတ္စမတ္စ္ေတြ သုံးၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

အျပင္ထြက္တဲ့အခါ လက္ထဲ မတ္စ္ မရွိရင္ ယုတ္စြအဆုံး ပဝါစကို မ်က္ႏွာစည္းအျဖစ္ ဝတ္ဆင္ဖို႔အထိ ေျပာခဲ့ပါတယ္။

တကယ္ေတာ့ မရွိသုံးအျဖစ္ျဖင့္သာ ပဝါစကို သုံးၾကရမွာ ျဖစ္ပါတယ္။ ကာကြယ္မႈမွာ ထိေရာက္မႈ အနည္းဆုံး ျဖစ္ပါတယ္။


Amazon က ေရွ႕တန္းမွာ အသက္ႏွင့္ ရင္း၍ ကိုဗစ္ကို တိုက္ပြဲဝင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ဆာဂ်စ္ကယ္မတ္စ္ေတြကို

သီးသန႔္ ဖယ္ေပးထားဖို႔ ဆုံးျဖတ္ခဲ့ၿပီးဆာဂ်ီကယ္မတ္စ္ေတြကို ေဆး႐ုံေတြအတြက္သာ ေရာင္းခ်ဖို႔ ကန႔္သတ္ထားပါတယ္။

အဲဒီလို ေလသံအေျပာင္းအလဲေၾကာင့္ ဖက္ရွင္တိုက္ေတြဟာ ဖက္ရွင္ထည္ေတြ ေဈးကြက္ေပ်ာက္ေနခ်ိန္မွာ အသက္ရႉေပါက္တစ္ခု ရရွိသြားၾကၿပီး

ဖက္ရွင္မ်က္ႏွာစည္းေတြကို စတင္ထုတ္လုပ္လိုက္ၾကတာ ေတြ႕ရတယ္။

လမ္းသြားလမ္းလာ ဝတ္ဆင္ဖို႔ အလန္းစား မ်က္ႏွာစည္းမ်ား စတင္ထုတ္လုပ္လာၾကတယ္။

ေရာင္းအားကလည္း ေကာင္းတာမို႔ Streetwear မ်က္ႏွာစည္း ေဈးကြက္ ေပၚထြက္ သြားခဲ့ပါတယ္။

ေလာ့ေဒါင္းခ်ထားလို႔ အိမ္တြင္းေအာင္းေနရခ်ိန္မွာ မ်က္ႏွာစည္းေတြကို အိမ္မွာ ကိုယ္တိုင္ခ်ဳပ္လုပ္ၾကသူေတြလည္း မ်ားျပားပါတယ္။

fashion brand ေတြနဲ႔ အဝတ္အစား ခ်ဳပ္လုပ္တဲ့ ထုတ္လုပ္သူေတြက မတ္စ္ ေဈးကြက္ကို ျဖည့္ဆည္းဖို႔ ႀကိဳးပမ္းအားထုတ္ၾကတယ္။

လက္ထဲရွိၿပီးသား အရင္းအျမစ္မ်ား ကုန္ထုတ္စြမ္းအားတို႔ျဖင့္ မတ္စ္ေတြ ထုတ္လုပ္ႏိုင္ေအာင္ ႀကံစည္လုပ္ကိုင္ၾကတယ္။


streetwear brand ေတြျဖစ္တဲ့ Bape နဲ႔ Off-White တို႔က နဂိုကတည္းက အလွဆင္ထားတဲ့ မတ္စ္ေတြကို ျပဳလုပ္ၾကတယ္။

သူတို႔ရဲ႕ မတ္စ္ေတြက အေနာက္တိုင္းမွာထက္ အာရွမွာ ပိုေရာင္းရတယ္။ ဘန္ေကာက္နဲ႔ တိုက်ိဳတို႔ဟာ အဓိကေဈးကြက္ေတြ ျဖစ္ပါတယ္။


အခုေတာ့ Gucci Louis Vuitton, Fendi, Lanvin, Kering, LVMH

အစရွိတဲ့ ထိပ္တန္း ဖက္ရွင္တိုက္ႀကီးေတြကလည္း Streetwear မ်က္ႏွာစည္းမ်ား ေဈးကြက္ထဲ ဝင္ေရာက္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။

Read 1020 times
Rate this item
(0 votes)