၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ တိုက်တွန်းချက်အရ နှာခေါင်းစည်း (Mask) များ ချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးကြရန်နှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ရန် တိုက်တွန်းအသိပေးအပ်ပါတယ်။
COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း Brandတွေကသူတို့ကို အသိအမှတ်ပြုမှု တိုးမြှင့်လာစေရန်နှင့် ရောင်းအားတိုးမြှင့်လာရန်အတွက် face maskတွေကို အထည်သစ်တစ်ခု အနေနဲ့ တင်သွင်းလာကြပါတယ်။ ဒီနေ့ခေတ်မှာ နာမည်ကြီးBrandတွေရဲ့ face maskတွေဟာ စျေးကွက်ထဲကို ရောက်နေကြပါပြီ။
ကင်ညာအစိုးရအနေနဲ့ Kitui Country Textile Centre ကနေ ပြည်တွင်းအတွက် လိုအပ်နေတဲ့ Mask နဲ့
အခြားသော personal protective equipment (PPE) တွေထုတ်လုပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီပဲဖြစ်ပါတယ်။
လက်ရှိကိုဗစ်ကပ်ရောဂါကာလမှာ နိုင်ငံတော်တော်များများအနေနဲ့ Mask နဲ့အခြားသောအကာအကွယ်ပစ္စည်း တွေလိုသလောက်မရရှိမှု၊
ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ ကင်ညာနိုင်ငံအနေနဲ့ ယခုလိုဆုံးဖြတ်ခဲ့တာ လည်းဖြစ်ပါတယ်။
Kitui Country Textile Centre ရဲ့တာဝန်ရှိသူတွေအနေနဲ့ကလည်း တာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်ရရှိဖို့အတွက်
စံချိန်စံနှုန်းတွေအစစ်ဆေးခံခဲ့ရသလို နမူနာတွေကိုလည်း သက်ဆိုင်ရာထံသို့ပေးပို့ခဲ့ရပါတယ်။
အဆိုပါ စက်ရုံအ နေနဲ့ တစ်နေ့ကို Mask အရေအတွက် ၁,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့ပြီး
ရင်းနှီးမြှုပ်နှံမှုအတွက် ကင်ညာရဲ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
Myanmar Textile & Garment Directory
<<<Zawgyi>>>
ယခင်က WHO နဲ့ အမေရိကန်၊ စင်ကာပူ အပါအဝင် အစိုးရအချို့က လူတိုင်း မျက်နှာစည်း Face Mask ဝတ်ဆင်ဖို့ မလိုဘူး။
နေထိုင်မကောင်းကြသူတွေသာ မဖြစ်မနေ ဝတ်ဆင်သင့်တယ်လို့ အကြံပြုခဲ့ကြရာမှ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လေသံပြောင်းလဲလိုက်ကြတယ်။