What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ Calvin Kleinအကြောင်း

ဒီဇိုင်နာ  Calvin Kleinအကြောင်း google

အင်္ဂလိပ်အက္ခရာနှစ်လုံးနဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်ကြီးရဲ့ပိုင်ရှင် နိုဝင်ဘာလမွေးနေ့ ရှင် ဖက်ရှင်ဘိုးဘိုးကြီးအကြောင်းကို ဖော်ပြပေးလိုပါတယ်။
ဖက်ရှင်ချစ်သူတွေ အဲဒီတံဆိပ်ကို ဘယ် လောက်တောင်ကြိုက်ကြလဲဆိုတာ အမျိုးသားတွေဆို တံဆိပ်နာမည်ပေါ်အောင် အတွင်းခံကို ခါးပေါ်ဆွဲတင် ပြီး ၀တ်ရတဲ့အထိပါ။ ဖက်ရှင်တွေ၊ ရေမွှေးတွေ၊ အိတ် တွေ နာရီတွေမှာ တကယ်ကိုနာမည်ကြီးပါတယ်။

သူ့ နာမည်ကတော့ Calvin Klein ပါ။

15241140 1367822606593744 9172542968514190264 n


ငယ်ဘ၀နဲ့ ပညာရေး

Calvin Klein ကို ဂျူးလူမျိုးမိသားစုကနေ ၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန်၊ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အပြည့် အစုံကတော့ Calvin Richard Klein ဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘ၀ကို သူဝါသနာပါရာ အနုပညာဖြင့် ဒီဇိုင်းကျောင်းဖြစ်တဲ့ နယူးယောက်မှာ ရှိတဲ့ High School of Art and Design ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ဘွဲ့တော့ မရခဲ့ရှာပါဘူး။ ဒါပေမဲ့ သူရဲ့ ထူးချွန်တဲ့ဖက်ရှင်ပညာ ကြောင့် ၂၀၀၃ ခုနှစ်မှာ နယူးယောက် Fashion Institute of Technology ရဲ့ ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့(Honorary Doctorate)ကို အပ်နှင်းခံခဲ့ရပါတယ်။

15171156 1367822379927100 4130873409880860540 n

အလုပ်အကိုင်အစ

၁၉၆၂ ခုနှစ် လူငယ်ဘ၀အလုပ်အကိုင်အဖြစ် အမေရိကန်က ၀တ်စုံထုတ် လုပ်သူ Dan Millstein ရဲ့ စက်ရုံမှာ အလုပ်သင်ဝန်ထမ်းအဖြစ် စတင်ခဲ့ပါတယ်။ ပြီးတော့ နယူးယောက်မှာရှိတဲ့ဆိုင်တွေမှာ ဒီဇိုင်းအလုပ် ငါးနှစ်ကြာလုပ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ သူ့ရဲ့ Calvin Klein Inc. ကို ငယ်သူငယ်ချင်း Barry K. Schwartz နဲ့ပေါင်းပြီး ထူထောင်နိုင်ခဲ့ပါတယ်။ Calvin Klein က ရွှေ့ပြောင်းဂျူးလူမျိုးတွေ ကြားက ဦးဆောင်သူ ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်ပါတယ်။ ခေတ်ပြိုင်တွေကတော့ ပိုလိုရှပ်အင်္ကျီရဲ့ဖခင် Ralph Lauren နဲ့ အိမ်တွင်းဒီဇိုင်းပညာရှင် Robert Denning တို့ဖြစ်ပါတယ်။ သူရဲ့ကုမ္ပဏီစထောင်ချိန် မှာပဲ ဂျင်းအ၀တ်အစားမှာ အောင်မြင်မှုရခဲ့ပါတယ်။ နယူးယောက်ဖက်ရှင်ရက်သတ္တပတ်မှာ သူ့အ၀တ် အစားတွေပြနိုင်ခဲ့ပြီး များမကြာခင်မှာလည်း သူ့ အရည်အသွေးတွေကို ထပ်မံထုတ်ဖော်ပြသနိုင်ခဲ့ ပြန်ပါတယ်။


Calvin Klein ၏ထုတ်ကုန်များ

Calvin Klein ကုမ္ပဏီတည်ထောင်စက York ဟိုတယ်မှာ ကုတ်အင်္ကျီဆိုင်ဖွင့်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာဆိုရင် အားကစားဝတ်စုံ၊ ဂန္ထ၀င် ဆန်တဲ့ဘလေဇာကုတ်တွေနဲ့ အမျိုးသမီးဝတ်စုံတွေ ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ စကတ်၊ ရှူးဖိ နပ်၊ ခါးပတ်၊ သားမွေး၊ နေကာမျက်မှန်နဲ့ အိပ်ရာ ခင်းထုတ်လုပ်မှု လိုင်စင်ရရှိခဲ့ပါတယ်။ လိုင်စင်ရပြီး နောက်ပိုင်း အလှကုန်၊ ဂျင်းနဲ့ အမျိုးသားဝတ်စုံတို့ရဲ့ နှစ်စဉ်ရောင်းရငွေဟာ အဲဒီအချိန်က ဒေါ်လာ သန်း ၁၀၀ (၂၀၁၆ ခုနှစ်ရဲ့ နှုန်းနဲ့တွက်ရင် ဒေါ်လာသန်း ၃၉၀)ရောင်းအားတက်လာပါတယ်။

15171190 1367822513260420 2543881663713610850 n

ယောက်ျားသားများနှစ်ခြိုက်ကြတဲ့ CK အတွင်းခံဘောင်းဘီတွေကို ၁၉၈၀ ကနေ ၁၉၈၅ အတွင်း စတင်ထုတ်လုပ်ခဲ့ပါတယ်။ CK ရေမွှေးဆို ရင်လည်း ကျွန်တော်အပါအ၀င် ကမ္ဘာ့အမျိုးသား၊ အမျိုးသမီးများ နှစ်ခြိုက်ကြတဲ့ ရေမွှေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အကြိုက်ဆုံးကတော့ CK One Summer အစိမ်းရင့်ဘူးပါ။ CK ရေမွှေးတွေဟာ အတုတွေများစွာပေါ်တဲ့အထိ အောင်မြင်မှုတွေရထားတာပါ။

Calvin Klein ကနေ သူရဲ့တံဆိပ်ကို ဘယ်လိုခွဲပြီး ထုတ်ကုန်တွေထုတ်လဲဆိုတာ ဖက်ရှင် ချစ်သူတွေ သိထားသင့်လို့ ကျွန်တော်လေ့လာစု ဆောင်းထားတဲ့မှတ်စုတွေထဲကနေ အကျဉ်းချုပ် ဖော်ပြပေးပါ့မယ်။

 Calvin Klein - စာလုံးကိုအဖြူရောင်သုံးသည်။ အခြေခံဖက်ရှင်များထုတ်ပြီး Calvin Klein အားကစားဝတ်စုံ များထက်တန်ဖိုးမြင့်သည်။

Calvin Klein Sport - စာလုံးကို အဖြူရောင်သုံးသည်။အားကစားဝတ်စုံများထုတ်သည်။

15194567 1367822696593735 7407791158494154382 o

Calvin Klein Jeans ဂျင်းဝတ်စုံများထုတ်သည်။

Calvin Klein Home အိပ်ခန်း၊ ရေချိုးခန်းသုံးများဖြစ်သော တန်ဖိုး မြင့်မျက်နှာသုတ်ပုဝါ၊ ခြေသုတ်ခုံစသော အရာ များ၊ အိမ်သုံးပစ္စည်းများထုတ်သည်။

The Khaki Collection လူငယ်များအတွက် အလတ်စားမှ တန်ဖိုးမြင့် အရည်အသွေးထိ မျက်နှာသုတ်ပ၀ါ၊ ရေချိုးခန်းခြေသုတ်ခုံစသည်တို့ထုတ်သည်။

Calvin Klein Golf ဂေါက်ရိုက်ပစ္စည်းများထုတ်သည်။

15241871 1367822573260414 4834028665463376797 n

Calvin Klein Underwear အတွင်းခံဘောင်းဘီများထုတ်သည်။

CK one Lifestylebrand ရေမွှေး၊ အတွင်းခံ၊ ဂျင်းထည်များထုတ်သည်။

Calvin Klein Watches +Jewelry နာရီနှင့် လက်ဝတ်ရတနာများထုတ် သည်။

ဘ၀ဇာတ်ခုံ

ပထမအိမ်ထောင်နဲ့ Marci Klein သမီးတစ်ဦးမွေးပါတယ်။ သူမက ရုပ်သံဝန်ထမ်းဖြစ်ပြီး ရုပ်သံသမိုင်းမှာ အထူးချွန်ဆုံး ရုပ်သံထုတ်လုပ်ရေးမှူးလို့သတ်မှတ်ခံရပါတယ်။ ရုပ်သံဆုကြီးဖြစ်တဲ့ Emmy Award ကို လေးကြိမ်တိတိ အပ်နှင်းခံရပါတယ်။
ဒုတိယအမျိုးသမီး Kelly Rector က နာမည်ကျော်လူမှုဘ၀ဓာတ်ပုံ ပညာရှင်ဖြစ်ပါတယ်။ သူမနဲ့လည်း ၂၀၀၆ မှာ ပြတ်စဲခဲ့ကြပြန်ပါတယ်။

15241787 1367822789927059 7994378538146769510 n

အပ်နှင်းခံရသောဆုများ

Coty American Fashion Critics' Award ၁၉၇၃ ၊ ၁၉၇၄ ၊ ၁၉၇၅
(ထိုအချိန်တွင် ဤဆုရရှိသူများအနက် အသက်အငယ်ဆုံးဖြစ်ပြီး သုံးကြိမ်တိတိရရှိခဲ့သည်။)

 International Best Dressed List ၁၉၈၃
(အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးဝတ်စုံဖန်တီးသူများ စာရင်းဝင်ခြင်းဖြစ်သည်။)

Councils of Fashion of America Awards (CFAD Awards)
၁၉၈၁ ၊ ၁၉၈၃ ၊ ၁၉၉၃
(အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများကောင်စီဆုကို သုံးကြိမ်တိတိအပ်နှင်းခံရသည်။)

 Honorary Doctorate of New York Fashion Institute of Technology ၂၀၀၃

(နယူးယောက်ဖက်ရှင်ပညာတက်္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဖြစ်သည်။)

ဒီဇိုင်နာကြီး Calvin Klein က လက်ရှိအချိန်ထိ ကျွန်တော်တို့ကြိုက်တဲ့ CK ထုတ်ကုန်တွေ ဖန်တီးနေဆဲပါပဲ။ 

source: The chic magazine 

Read 1862 times
Rate this item
(0 votes)