What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိန်ပိန်ပါးပါး ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံး ကိုရီးယားဖက်ရှင်လေးများ

လူငယ်တွေဆို ဖက်ရှင်ရေစီးကြောင်းနဲ့ မျက်ခြေမပျက်တဲ့သူတွေ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဖက်ရှင်ကျပြီး စတိုင်ကျတယ်ဆိုတာ ဖြစ်ကို ဖြစ်သင့်တဲ့ အချက် ဖြစ်ပါတယ်။ ၂၁ ရာစုက လူငယ်တစ်ယောက်အနေနဲ့ ခေတ်စားနေတဲ့ ဖက်ရှင်တွေနဲ့လည်း အလှမ်းဝေးနေလို့ မဖြစ်ပါဘူး။

ဒါကြောင့် ပိန်ပိန်ပါးပါး ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေတဲ့ ကိုရီးယားဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

တီရှပ်အကြပ်နဲ့ ဘောင်းဘီ အပွလေးတွေ

တီရှပ်ကို လက်ရှည်ဖြစ်စေ၊ လက်တို ဖြစ်စေ အကြပ်လေးတွေနဲ့ အောက်က hight waist ဘောင်းဘီ ပုံစံအမျိုးမျိုးတွေနဲ့က ပိန်ပြီး ပါးတဲ့ ကောင်မလေးတွေနဲ့ အရမ်းကို လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

 

အပွဖက်ရှင်

slim_girl_.JPG

အပေါ်က အင်္ကျီကိုလည်း အပွ ဝတ်ပြီး အောက်က စကပ် သို့မဟုတ် ဘောင်းဘီကို အပွ ဝတ်တာကလည်း ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်တဲ့ လူငယ်အသွင်ကို ရစေပါတယ်။

 

Summer dress လေးတွေ

ပိန်ပိန်ပါးပါးလေး ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်ထဲမှာ summer dress လေးတွေလည်း ပါဝင်ပါတယ်။ ပေါ့ပါးပြီး ချစ်စရာကောင်းတဲ့ အသွင်မျိုး ဖြစ်စေတဲ့ ဒီဖက်ရှင်ကလည်း ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။

 

Myanmar Textile & Garment Guide

Source: AM

Read 2449 times
Rate this item
(0 votes)