What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာမပုံ့ရဲ့ အကြောင်းနဲ့ သူမ ဖန်တီးခဲ့တဲ့ ဝတ်စုံများ

ဒီဇိုင်နာမပုံ့ရဲ့ အကြောင်းနဲ့ သူမ ဖန်တီးခဲ့တဲ့ ဝတ်စုံများ ma pont facebook

ဒီဇိုင်နာမပုံ့ကို ၁၉၇၇ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ဒီဇိုင်နာစလုပ်တာက တော့ ၁၉၉၄ ကတည်းကဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ သူမရဲ့ ကိုယ်ပိုင်ဆိုင် My Favourite ကို ၆မိုင်မှာ

စတင်ဖွင့်လှစ်ခဲ့ပါတယ်။

 သူမက ဂျပန်ဆရာဆီမှာ သင်တန်း စတက်ခဲ့ပြီးတော့ဒီဇိုင်းဆွဲတာတွေ ချုပ်တာနဲ့ပတ်သက် တာတွေကို ဂျပန်ဆရာက သင်ပေးခဲ့ပါတယ် လို့ ပြောပါတယ်။ ပြီးတော့မှ လိုအပ်တာလေးတွေ ထပ်ဖြည့်ဖို့ အတွက် မလေးရှားမှာဖွင့်တဲ့ Linkokwing University Colleage မှာ short course လေးတွေ တက်ခဲ့ပြီး Certificate ရခဲ့တာပါ။ ငယ်ငယ်တုန်းကတော့ အစိုးရကဖွင့်တဲ့သင်တန်း မှာ အခြေခံတက်ခဲ့ပါတယ်။

အခုလို အောင်မြင်တဲ့နေရာတစ်နေရာ ရရှိဖို့အတွက်ကိုလဲ ကြိုးစားခဲ့ရပုံကိုလည်း "အစ်မဒီဇိုင်နာစလုပ်တုန်းက ဒီဇိုင်နာတွေ သိပ်မရှိသေးဘူး။ လက်ချိုးရေရင်တောင် လက် ၅ ချောင်းမပြည့်သေးဘူး။ အစ်မမှာက ဒီဇိုင်နာ မျိုးရိုးလည်းမရှိဘူး။ အစ်မက ဒီဇိုင်နာအလုပ်ကို အရမ်းရူးသွပ်ပြီး ဝင်ခဲ့တာမို့ အများကြီး ကြိုးစားခဲ့ရပါတယ်လို့" ပြောခဲ့ပါတယ်။

၂၀၁၉ ဇူလိုင် ၂၉ မှာလဲ Wedding Show case တစ်ခုကို ကျင်းပဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ ဒီဇိုင်နာမပုံ့ ချုပ်ပေးထားတဲ့ ဝတ်စုံတွေ ဝတ်ထားတဲ့ မင်းသမီးလေးတွေရဲ့ ပုံရိပ်တွေကို မျှဝေပေးချင်ပါတယ်။

မပုံ့ ချုပ်ပေးထားတဲ့ ဝတ်စုံလေးနဲ့ ချစ်သက်က နတ်သမီး တစ်ပါး အလား ပါပဲ။

thet mon1

 Related Article: Line Walker 2 မှာ ဝတ်စား ဆင်ယင်မှု ဆိုင်ရာ ဒီဇိုင်နာ အဖြစ် ပါဝင်ခွင့် ရရှိခဲ့သူ

အိမ်စည်လေးကို ချုပ်ပေးထားတဲ့ ရှေးခေတ်မင်းသမီး ဝတ်စုံလေး

eain si1

 

အရမ်းလှနေတဲ့ သားအမိသုံးယောက်

 chit thu1

 

နန်းမြတ်ဖြိုးသင်းရဲ့ ဝတ်စုံလေး

nan myat1

 

ဒီဇိုင်နာ မပုံ့ ဖန်တီးပေးထားတဲ့ ဝတ်စုံတွေနဲ့ သူတို့ရဲ့အလှ

ma pont1

 

Read 6602 times
Rate this item
(1 Vote)
Tagged under