What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Line Walker 2 မှာ ဝတ်စား ဆင်ယင်မှု ဆိုင်ရာ ဒီဇိုင်နာ အဖြစ် ပါဝင်ခွင့် ရရှိခဲ့သူ

Line Walker 2 မှာ ဝတ်စား ဆင်ယင်မှု ဆိုင်ရာ ဒီဇိုင်နာ အဖြစ် ပါဝင်ခွင့် ရရှိခဲ့သူ ma thwin su htwe's facebook

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ လာရောက်ရိုက်ကူးတဲ့ Line Walker 2 ရုပ်ရှင် ဇာတ်ကားမှာ ဝတ်စား ဆင်ယင်မှု ဆိုင်ရာ ဒီဇိုင်နာ အဖြစ် မြန်မာ

ဒီဇိုင်နာ မသွင်စုထွေး ပါဝင်ခွင့် ရခဲ့ပါတယ်။

ဟောင်ကောင် အခြေစိုက် ရှောဘရားသား ရုပ်ရှင် ထုတ်လုပ်ရေးက မြန်မာ နိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ ဇာတ်ကားမှာ မြန်မာနိုင်ငံမှာ ရိုက်ကူးတဲ့ အခန်းတွေ၊ မြန်မာသရုပ်ဆောင်တွေ အားလုံး အတွက် အဝတ်အစားနဲ့ အဆင်အပြင်တွေကို သူမက တာဝန်ယူ ပြင်ဆင် ပေးခဲ့ရတာ ဖြစ်ပါတယ်။

ရုပ်ရှင်ကားမှာ မြန်မာ နိုင်ငံက အခန်းတွေ အတွက် အဝတ်အစား ဒီဇိုင်နာ အနေနဲ့ ပါဝင်ခွင့်ရသူက မြန်မာထဲမှာ မသွင်စုထွေး တစ်ယောက်သာ ရှိပြီး ဇာတ်ဝင်ခန်းတွေ အတွက် ဝတ်စုံပေါင်း ၅ဝဝ နီးပါးကို စီစဉ် ပြင်ဆင် ပေးခဲ့ရတယ် လို့ သိရပါတယ်။

အီတလီ နိုင်ငံမှာ ၁၉၉၈ ကနေ ၂၀၀၂ အထိ ဖက်ရှင် ဒီဇိုင်းပညာ ၄ နှစ်ကြာ သင်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို ပြန်လာပြီး MTV တွေမှာရော ဖက်ရှင်ရှိုးတွေနဲ့ ကြော်ငြာတွေမှာပါ ဒီဇိုင်း ဖန်တီးပေးနေတဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ် ပါတယ်။

Related Article: ဒီဇိုင်နာငြိမ်းကို ပြောတဲ့ သူ့ရဲ့အကြောင်းနဲ့ သူဖန်တီးခဲ့တဲ့ ဖွေးဖွေးရဲ့ ဝတ်စုံများ

ဒီလို ပြည်ပ ရုပ်ရှင်ကားကြီး တစ်ခုမှာ တာဝန်ယူ လုပ်ကိုင်ရတာ အလွန်တာဝန်ကြီးပေမဲ့ အခွင့်လမ်းကောင်း တစ်ခုပါလို့ မသွင်စုထွေးက ပြောခဲ့ပါတယ်။

အင်္ကျီ အဝတ်အစားကို ဒီဇိုင်းသစ် တီထွင် ဖန်တီးပေးရတာ မရှိဘဲ စီစဉ်ပေးရတဲ့ တာဝန်ကို လုပ်ပေးရပါတယ်။

ရန်ကုန် သာကေတ ဘက်က တိုင်းရင်းသား ရွာမှာ ရိုက်ကူးတဲ့ ဖိလစ်ပိုင် နိုင်ငံက မိဘမဲ့ ကလေးတွေ ပုံစံ ဇာတ်ဝင်ခန်း၊ SWAT အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ ဝင်တွေအဖြစ် ဝတ်ရတဲ့ ယူနီဖောင်းနဲ့ အဝတ်အစားတွေ အပြင် လမ်းပေါ်မှာ ပုံမှန် လမ်းသွားလမ်းလာ တွေနဲ့ ဈေးသည်တွေ ပါတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ပြင်ဆင်ပေးရတာလို့ မသွင်စုထွေးက ပြောပါတယ်။

အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ တွေရဲ့ အဝတ်အစားတွေကို စီစဉ်ပေးရာမှာ ပြည်ထဲရေး ဝန်ကြီး ဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ ပြင်ဆင်ပေးရတယ်လို့ ဆိုပါတယ်။

ဈေးရောင်းတဲ့သူ ဆိုရင် တောက်ပြောင်တဲ့ အဝတ်အစားမျိုး မဝတ်ရဘဲ သနပ်ခါး ပါးကွက်လေးလိမ်းထားတာမျိုးက အစ အသေးစိတ် ပြင်ဆင်ပေးရပါတယ် လို့ သူမက ပြောဆိုပါတယ်။

နာမည်ကျော် နိုင်ငံခြားရုပ်ရှင်ကားကြီးမှာ ကိုယ့်ရဲ့ အနုပညာနဲ့ တစိတ်တဒေသ ပါဝင်ခွင့်ရလို့ မြန်မာတွေရဲ့ နေထိုင် ဝတ်စားပုံကို ကမ္ဘာက သိသွားစေနိုင်တဲ့ အတွက် ဒီဇိုင်နာ တစ်ယောက် အနေနဲ့ရော မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ပါ ဂုဏ်ယူ ဝမ်းသာမိတယ်လို့ သူမက ပြောပါတယ်။

ဖိလစ်ပိုင်က မိဘမဲ့ ကလေးတွေပါတဲ့ အခန်းကို ရန်ကုန် သာကေတဘက်က တိုင်းရင်းသားရွာမှာ ရိုက်ကူးခဲ့ပြီးတော့ ရွှေတိဂုံဘုရားမှာ ညဘက် အခန်းနဲ့ မနက်ပိုင်း ဇာတ်ဝင်ခန်းတွေ ရိုက်ခဲ့တဲ့ အပြင် ဝိုင်အမ်စီအေမှာ နှစ်ရက်နဲ့ ဘားလမ်း၊ ဆူးလေ တို့မှာ ရိုက်ကူးခဲ့ကြပါတယ်။

၂၆ ရက်နေ့ ညပိုင်းမှာ ရန်ကုန်လေဆိပ်က လေယာဉ်တွေ ထားတဲ့ ရုံမှာ ရဟတ်ယာဉ်ရဲ့ လေယာဉ်မှူး အခန်းက အနီးကပ် ရိုက်ချက် တချို့ကို သွားရောက်ရိုက်ကူးခဲ့ပါတယ် လို့ သိရပါတယ်။

ဒီဇာတ်ကားကို စပိန်နိုင်ငံကို သွားရောက် ရိုက်ကူးဖို့ ရှိပြီး အဲဒီမှာ ဇာတ်လမ်း ဆုံးမယ်လို့ သိရပါတယ်။

Source: BBC News
Myanmar Textile and Garment Directory

Read 1446 times
Rate this item
(0 votes)
Tagged under