What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရှအတွက် အာရှဒီဇိုင်နာတို့ရဲ့ လက်ဆွဲအိတ်

အာရှရဲ့ အွန်လိုင်း ဖက်ရှင် လက်လီအရောင်းလုပ်ငန်းဖြစ်တဲ့ ZALORA က အာရှဒီဇိုင်းနာတွေ ဖြစ်တဲ့ Jason Wu နဲ့ Sometime by Asian Designers တို့ ပူးပေါင်းလုပ်ကိုင်ထားတဲ့ လက်ဆွဲအိတ်ကို

၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်မှာ စတင်ရောင်ချခဲ့ပါတယ်။
အဲဒီလက်ဆွဲအိတ်တွေကို အွန်လိုင်းမှသာ ရောင်းချသွားမှာဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ မှာကြားဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

SOMETIMEXJASONWU JUN18 W LP

မမြင်သာအောင် ဖုံးကွယ်ထားတဲ့ သံလိုက်တွေနဲ့ ထိပ်ဝကို အဖွင့်အပိတ်လုပ်ဖို့ စီစဉ်ပေးထားတယ်။  အိတ်မှာ ထောင်လိုက်အကန့် သုံးခု ပါဝင်တယ်

a kanta kant2

 

အကြီးနဲ့ အသေး အရွယ်အစား နှစ်မျိုးဖြင့် ထုတ်လုပ်ထားတာ တွေ့ရပြီး အိတ်အကြီးဈေးနှုန်းက စင်ကာပူဒေါ်လာ ၂၀၀ နီးပါး ဖြစ်ပြီး အိတ်အသေးကတော့ စင်ကာပူဒေါ်လာ ၁၅၀ နီးပါး ဖြစ်ပါတယ်။

အကြီးမှာ လက်ဆွဲကွင်းပါပြီး သိုင်းကြိုး မပါဘူး။ အသေးမှာတော့လက်ဆွဲကွင်းရော ပခုံးမှာ လွယ်ဖို့ သိုင်းကြိုးရော ပါတာကို တွေ့ရပါတယ်။

L Sometime JW BTS2 2 1024x513
Edie လို့ အမည်ပေးထားတဲ့ အဲဒီလက်ဆွဲအိတ်ကို အရောင်အသွေး ခြောက်မျိုး ရွေးချယ် ၀ယ်ယူနိုင်တယ်။

edie tawan


ဒါပေမဲ့ ပင်လယ်ပြာ အရင့် အရောင်ပါတဲ့ အိတ်တွေကိုတော့ တိုင်ဝမ်မှာပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒါက အဲဒီ အိတ်ကို ဖန်တီးတဲ့ တိုင်ဝမ်သား ဒီဇိုင်နာ Jason Wu ရဲ့ မွေးရပ်ဇာတိနိုင်ငံကို ဂုဏ်ပြုတာလို့ ဆိုပါတယ်။
Jason Wu က နယူးယောက်မှာ အခြေစိုက်ပြီး လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူက အိတ်အတွက် အရောင်ကို စိတ်ကူးတာမှာ လေးထောင့်ကွက်အပြည့် တစ်ရောင်တည်း သုံးပြီး အိတ်မှာ နေရာချပေးပါတယ်။ အဆုံးသတ်မှာ ရိုးရိုးရှင်းရှင်းနဲ့ ခေတ်ဆန်တဲ့ အိတ်ပုံပန်းကို ဖမ်းယူထားတာ တွေ့ရပါတယ်။

 

Read 1279 times
Rate this item
(0 votes)