What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရုံးကို ဝတ်ဆင်မသွားသင့်တဲ့ ဖက်ရှင်များ

ရုံးကို ဝတ်ဆင်မသွားသင့်တဲ့ ဖက်ရှင်များ google

ဖက်ရှင် ဆန်း တွေ သဘောကျတယ်ဆိုဦးတော့ မဝတ်သင့်တဲ့နေရာဆိုရင် မဝတ်ဘဲနေတာ အကောင်းဆုံးနော်။

အဝတ်အစား ဝတ်တယ်ဆိုတာလည်း သူ့နေရာနဲ့သူ ဝတ်တတ်မှ ကောင်းမှာပါနော်။ ကိုယ်က အလှအပ ဘယ်လောက်ကြိုက်ကြိုက်၊ ဖက်ရှင်ဆန်း တွေ သဘောကျတယ်ဆိုဦးတော့ မဝတ်သင့် တဲ့နေရာဆိုရင် မဝတ်ဘဲနေတာ အကောင်းဆုံးနော်။ ရုံးတက်၊ ရုံးဆင်း ဝန်ထမ်းတစ်ဦးအနေနဲ့ဆိုရင်တော့ ဒီလိုအဝတ်အစားတွေ မဝတ်သင့်ပါဘူး။

(၁) ဖြစ်ကတတ်ဆန်း
ကြေမွ တွန့်လိပ်နေတဲ့ အဝတ်အစား တွေ၊ ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံတွေက ကိုယ့်ကို ရုပ်ဆိုး စေရုံမက အထက်လူကြီး တွေကိုလည်း မခန့်လေးစားလုပ်ရာကျတယ်။

Read: ဂျပန်ရိုးရာ ဝတ်စုံလေးတွေကို အခမဲ့ ဝတ်ဆင်လို့ရမယ့် အစီအစဉ်

(၂) အားကစား ဝတ်စုံ
တချို့ ရှိသေးတယ်။ အားကစား လုပ်ရင်းဝတ်တဲ့ ဘောင်းဘီ ပွပွ တွေကို ရုံးကိုဝတ်လာတာ။ လုံခြုံတယ်ဆိုပေမဲ့ မဝတ်သင့်တဲ့ အဝတ်အစား ပါနော်။

(၃) အဟိုက်၊ အကျပ်
ရုံး ဆိုတာ ဆက်စီ ကျကျ ဝတ်ပြရမယ့်နေရာမဟုတ်ဘူးဆိုတာ သိထားသင့်တယ်။ ရုံး ယူနီဖောင်း စကပ် က ဒူးအထက် အတိုဖြစ်ပေမဲ့ အပေါ်က ရှပ် အင်္ကျီ ၊ ကုတ် အင်္ကျီ တို့နဲ့ တွဲပြီးဝတ်ရတယ်။ ဒါမှမဟုတ် ဘလောက်စ် ပေါ့။ အောက်က စကပ်အတို၊ အပေါ်က အဟိုက် နဲ့ ဆက်ဆီကျနေရင်တော့ အထက်လူကြီးဆူတာ ခံရမှာပဲ။

Source : Duwun

Myanmar Textile and Garment Directory

Read 1912 times
Rate this item
(1 Vote)