မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) ကို နိုင်ငံတကာရှိ စီးပွားရေးလုပ်ငန်း ဈေးကွက်များသို့ ဈေးကွက် ထိုးဖောက်နိုင်ရန်အတွက် သက်ဆိုင်ရာ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကူညီ ပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိမိတို့၏ အထည်အလိပ်လုပ်ငန်းများမှ ထုတ်လုပ်သည့် နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် တန်ဖိုးမြှင့် ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း (MTMA) သို့ ဆက်သွယ်နိုင်သည်။
အထည်ချုပ် လုပ်ငန်းရှင်များအသင်း
ဖုန်း - 01 2314 829, 01 2300 253, 09 49 287 184
အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it.
လိပ်စာ - အမှတ် (၂၉)၊ ၉ လွှာ၊ UMFCCI Office Tower, မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Advertisement
Click Here > Asia Pacific Inspection Agency
ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း
ဖုန်း - 09 500 3714
အဆိုပါ အသင်းများမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ချိတ်ဆက်၍ဖြစ်စေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံး (ဒူဘိုင်းမြို့) ရှိ စီးပွားရေးသံမှူးနှင့် ချိတ်ဆက်၍ဖြစ်စေ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင် ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံမှ အဓိကပို့ကုန်များ ဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္ထုနှင့် တွင်းထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ အပါအဝင် အခြားပစ္စည်း အမျိုးမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီစဉ် ပံ့ပိုးမှုဖြင့် နိုင်ငံတကာသို့ တင်ပို့လျက် ရှိသည်။
အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံရေးအတွက် ကိုရီးယားအထည်ချုပ်လုပ်ငန်း၊ ချည်ထည်ထုတ်လုပ်ရေး၊ ချည်ငင်နှင့် ဆေးဆိုးလုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် တိုးချဲ့ ရင်းနှီးမြှုပ်နှံမည့် ကိုရီးယား အထည်ချုပ်လုပ်ငန်း Panko Corporation မှ လုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှုအသင်းချုပ် အဖွဲ့ဝင်များ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌက…
Advertisement
Click Here > Asia Pacific Inspection Agency
ကိုရီးယားနိုင်ငံ Panko Corporation ဥက္ကဌ Mr.Youngjoo Choi က မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်ကာ ထိုမှတစ်ဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း စသည့် စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ယခု လာရောက်သည့် ကိုရီးယားလုပ်ငန်းရှင်များသည် ချည်ထုတ်လုပ်ရေးတွင် အတတ်ပညာနှင့် အတွေ့အကြုံများစွာ ရှိပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် အသင်းချုပ်နှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် တက်ရောက်သူများက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အထည်ချုပ်စက်ရုံများ တိုးချဲ့ တည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ လာရောက် လုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ကူညီပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးကြသည်။
ကိုရီးယားနိုင်ငံ Panko Corporation သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံကို ၂၀၁၉ ခုနှစ်က ပဲခူးမြို့တွင် စတင် တည်ထောင်ကာ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်၍ ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း CMP အထည်ချုပ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု (၄၅) ခုကို ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ( DICA ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ နိုင်ငံသားနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ် (၄၅) ခုတို့အား ဇန်နဝါရီလမှ သြဂုတ်လအထိ ခွင့်ပြုထားခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများတွင်…
လုပ်ငန်းအများစုမှာ CMP အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၈,၀ဝ၀) ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်း CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှလည်း လာရောက် ရင်းနှီးမြှုပ်နှံမှု ရှိသည်ဟု ဆိုသည်။
ဗီယက်နမ်နိုင်ငံ၏အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများသည် ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၃၃.၅ မှ ၃၄ ဘီလီယံအထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဧပြီလမှာတော့ ဒေါ်လာ ၃၀ မှ ၃၁ ဘီလီယံသို့ ရရှိခဲ့ပြီး တစ်နှစ်လျှင် ၁၄-၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။
တရုတ်က ၎င်းရဲ့ အ၀တ်အထည် ထုတ်လုပ်မှုလုပ်ငန်းများ လျှော့ချရန်နှင့် value chainကို တက်ရန်ကြိုးစားနေသော်လည်း အာရှက အထည်ချုပ်လုပ်ငန်းတွင်အဓိကအခန်းကဏ္ဍမှ ပါ၀င်နေမယ်လို့ မျှော်လင့်ကြောင်း လေ့လာသုံးသပ်မှု ကုမ္ပဏီ Fitch Solutions က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။အထည်အလိပ်ကဏ္ဍရဲ့ အလားအလာက အိန္ဒိယနှင့်အင်ဒိုနီးရှားတို့လို ဈေးပေါသောလုပ်သားတွေနဲ့ပြည်တွင်းစျေးကွက်များကို ကမ်းလှမ်းသောစီးပွားရေးနှင့်စီးပွားရေးအခြေအနေကောင်းမွန်မှု မရှိခြင်းကြောင့်ဆုံးရှုံးသွားနိုင်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။
အာရှရှိ နိုင်ငံများစွာက အ၀တ်အထည်ထုတ်လုပ်မှုအတွက် လုပ်သားစျေးကွက်ရဲ့ အခြေအနေကောင်းခြင်း၊ ပြင်ပကုန်သွယ်ရေးအတွက် လုံလောက်သော ကြိုတင်ခန့်မှန်းနိုင်တဲ့ ထောက်ပံ့ပို့ဆောင်ရေး ဆက်သွယ်မှုများအပြင် တရုတ်နှင့်အိန္ဒိယတို့ဟာ ကုန်ကြမ်းထုတ်လုပ်သူများဖြစ်ကြောင်း အစီရင်ခံစာအရဆိုပါတယ်။ဒါ့အပြင် ဗီယက်နမ်နိုင်ငံအနေဖြင့် ၄◌င်းလမ်းကြောင်းများမှ အကျိုးအမြတ်များကိုမြင်တွေ့ရပြီး နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင်တွေ့ရန် မျှော်လင့်လျက်ရှိပါတယ်။ ထို့အပြင်ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့မြန်မာတို့က လာမည့်နှစ်များအတွင်းဗီယက်နမ်နိုင်ငံရဲ့ ကုန်ကျစရိတ်များမြင့်တက်လာသည်နှင့်အမျှပိုမို အကျိုးအမြတ်များရရှိလိမ့်မည်လို့ မျှော်လင့်နေကြောင်း Fitch Solutions ကပြောကြားခဲ့ပါတယ်။
အိန္ဒိယနှင့်အင်ဒိုနီးရှားနိုင်ငံတို့က ကုန်ပစ္စည်းအပြောင်းအလဲများနှင့်ကမ္ဘာ့အ၀တ်အထည်တင်ပို့မှုဝေစုရဲ့ တိုးတက်မှုအတွက် အလားအလာရှိသူများအဖြစ် သတ်မှတ်ထားသော်လည်း အစီရင်ခံစာအရ နှစ်နိုင်ငံတိုးတက်မှုနှုန်းက ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊မြန်မာနိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက အထင်ကြီးစရာကောင်းနေမှာ မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁.၄ ဘီလီယံနှင့်အင်ဒိုနီးရှားမှာ ၂၇၄ သန်းရှိပြီး နိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံးနိုင်ငံများမှ ကမ္ဘာပေါ်တွင်ဒုတိယနှင့်စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံများဖြစ်ပါတယ်။သို့သော် အမေရိကန်နှင့်အီးယူ စျေးကွက်များသို့ကုန်သွယ်ခွင့် အခွင့်အလမ်းနည်းပါးခြင်းနှင့်အလုပ်သမားကုန်ကျစရိတ်မြင့်မားခြင်းတို့က ၄◌င်းစျေးကွက်များ အတွက်အဟန့်အတားဖြစ်လာစေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လုပ်အားခမြင့်တက်မှုက အာရှ တစ်လွှားကစျေးပေါတဲ့ကုန်ကျစရိတ် စင်တာများဆီကို အနိမ့်နဲ့အလယ်အလတ်တန်းစားထုတ်လုပ်မှုကို ဆက်လက်တွန်းအားပေးနေလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။အိမ်နီးချင်းနိုင်ငံများဖြစ်သောကမ္ဘောဒီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာရှိတဲ့ အထည်အလိပ်ထုတ်လုပ်ခြင်းအတွက် ကြီးထွားမှုအလားအလာကို ခန့်မှန်းတွက်ချက်ထားပါတယ်။
ဒါပေမယ့် တရုတ်နဲ့အနောက်နိုင်ငံများအကြားဆက်ဆံရေးယိုယွင်းလာတာနဲ့အမျှ ကုန်သွယ်ရေး၊ကာကွယ်ရေးဝါဒမြင့်တက်လာခြင်းနဲ့ တရုတ်နိုင်ငံမှာလည်ပတ်နေတဲ့ပထဝီနိုင်ငံရေး အန္တရာယ်တွေကပိုမိုဆိုးရွားလာလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒီလမ်းကြောင်းဟာ အနည်းဆုံးဆယ်စုနှစ်ဝက်လောက်ဖြစ်ပျက်ခဲ့ပြီးပြီ"လို့ အစီရင်ခံစာအရ သိရပါတယ်။
Ref:Business-Standard
တရုတ်နိုင်ငံမှသုတေသီများက အပူချိန်ကိုထိန်းညှိနိုင်တဲ့အထည်များ(ဥပမာ-အနွေးထည်)တွင် အလားအလာရှိသော အသုံး၀◌င်တဲ့ ပစ္စည်းတွေကို တီထွင်ခဲ့ကြပါတယ်။သုတေသီများက အီလက်ထရောနစ်အပူအတွက် ကြိုးဖြင့်အသုံးပြုနိုင်တဲ့ အထည်အလိပ်များနှင့်တီထွင်ထားပြီး ခန္ဓာကိုယ်အပူချိန်ကို သုံး၍ မည်သူမဆို ဝတ်ဆင်သူနှင့်လိုက်ရောညီထွေဖြစ်စေမယ့်ပုံစံများကို တီထွင်ခဲ့ကြပါတယ်။ယခုတရုတ်နိုင်ငံမှ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာစမတ်ချည်မျှင်များကို တီထွင်ခဲ့ပြီး ကွဲပြားခြားနားသော အပူချိန်အခြေအနေများနှင့်လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပြီး အေးနေတဲ့အချိန်မှာ ၀◌တ်ဆင်ထားသူရဲ့ ကိုယ်ကိုပူနွေးစေပြီး ရာသီဥတုပူလာသောအခါ အေးမျှစေမှာြဖစ်ပါတယ်။
ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း အခြေခံ အပ်ချုပ်စက်အကြောင်း ပြောပြပြီးတော့ အပ်ချုပ်စက်မှာ သုံးစွဲတဲ့ အပ်တွေအကြောင်း ပြောပြချင်ပါတယ်။
Covid 19 ရောဂါကူးစက်မှုကြောင့်ယာယီပိတ်သိမ်းထားသောစက်ရုံများကိုFuji အထည်အလိပ်နှင့်ဖိနပ်စက်မှုလုပ်ငန်းကောင်စီက မကြာသေးမီအချိန်တုန်းကစုံစမ်းမှုများပြုလုပ်ခဲ့ပါတယ်။
COVID - 19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးပိတ်ဆို့မှု ပြသာနာများနှင့်ရင်ဆိုင်နေရပါတယ်။