What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အပ်ချုပ်စက်ရဲ့ အပ်တွေအကြောင်း (ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း)

ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း အခြေခံ အပ်ချုပ်စက်အကြောင်း ပြောပြပြီးတော့ အပ်ချုပ်စက်မှာ သုံးစွဲတဲ့ အပ်တွေအကြောင်း ပြောပြချင်ပါတယ်။


ချုပ်စက်နဲ့ ဓားစက်တို့အတွက် အပ်တွေကို ဒီဇိုင်းထုတ်ထားတာမှာ ချုပ်မယ့်အသား (ဥပမာ သားရေ၊ ပိတ်စ) ချုပ်မယ့် ချုပ်ရိုး (ဥပမာ ချုပ်ရိုးနှစ်စင်း အပြိုင်ပြုပြီးချုပ်တာ) တို့အတွက် အဆင်ပြေအောင် စီစဉ်ပေးထားတယ်။ အပ်အရွယ်အစားလည်း အမျိုးမျိုး ရှိတယ်။ အရွယ်အစားကို နံပါတ်နဲ့ အသိပေးတယ်။ ဥပမာ 60/8

အဲဒီဂဏန်းတွေက ဘာကို ဆိုလိုတာလဲ။
တိုင်းတာမှုစနစ်နှစ်မျိုးအရ အရွယ်အစားကို ပြောပြထားတာပါ။
ဥရောပက မက်ထရစ်စနစ်ကို သုံးတယ်။ နံပါတ် ၆၀ ကနေ စတယ်။ ၁၁၀ မှာ ဆုံးတယ်။
အမေရိကန် အရွယ်အစားစနစ်က ၈ ကနေ စတယ်။ ၁၈ မှာ ဆုံးတယ်။
နှစ်မျိုးစလုံးမှာ ဂဏန်းသေးရင် အပ်သေးတယ်။ ဂဏန်းကြီးရင် အပ်ကြီးတယ်။
အပ်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေက နှစ်မျိုးစလုံးနဲ့ အရွယ်အစားကို မျဉ်းစောင်းခံပြီး ပြောပြတယ်။
ဒီတော့ 60/8 ဆိုတာ ဥရောပစနစ်/ အမေရိကန်စနစ် ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
အသေးဆုံးအပ်ပေါ့။ အကြီးဆုံးအပ်ဆိုရင် ၁၁၀/၁၆ ပေါ့။
ချုပ်ရမယ့် အသားထူရင် ကြီးတဲ့အပ်ကို စက်မှာတပ်ပြီး ချုပ်မှ ဖြစ်မယ်။ အပ်ကသေးရင် ထိပ်ကျိုးသွားလိမ့်မယ်။ အထည်သား အမျိုးအစားအရ ချင့်ချိန်ဖို့လည်း လိုတယ်။ သုံးမယ့် ချည်လုံး အကြီးအသေးကိုလည်း ထည့်စဉ်းစားရမယ်။ ဒါက အပ်အရွယ်အစား ရွေးချယ်တဲ့အခါ ထည့်စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။

အပ်ထိပ်အမျိုးအစားအရလည်း ရွေးချယ်ကြရပါတယ်။ ထိပ်ချွန်၊ ထိပ်လုံး၊ သပ်ချွန်ဆိုပြီး ရှိတာမှာ အပ်ချုပ်စက်အတွက်သာမက ဓားစက်အတွက်ပါ ထုတ်လုပ်ရောင်းချကြတယ်။ စွယ်စုံသုံးဆိုတဲ့ အပ်ထိပ်မျိုးလည်း ရှိသေးတယ်။ ထိပ်ကို ထိပ်ချွန်အပ်လောက် စူးစူးချွန်ချွန် လုပ်မထားဘူး။ နည်းနည်းတုံးပေးထားတယ်။ အဲဒီစွယ်စုံသုံးအပ်ကို Universal needle လို့ ခေါ်ဝေါ်ပြီး ရက်ထည်အမျိုးအစား အတော်များများကို ချုပ်လို့ ရပါတယ်။

 

ZAWGYI VERSION 

type of tip

 

ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း အခြေခံ။ အပ်ချုပ်စက်အကြောင်း ပြောပြပြီးတော့ အပ်ချုပ်စက်မှာ သုံးစွဲတဲ့ အပ်တွေအကြောင်း ပြောပြချင်ပါတယ်။
ချုပ်စက်နဲ့ ဓားစက်တို့အတွက် အပ်တွေကို ဒီဇိုင်းထုတ်ထားတာမှာ ချုပ်မယ့်အသား (ဥပမာ သားရေ၊ ပိတ်စ) ချုပ်မယ့် ချုပ်ရိုး (ဥပမာ ချုပ်ရိုးနှစ်စင်း အပြိုင်ပြုပြီးချုပ်တာ) တို့အတွက် အဆင်ပြေအောင် စီစဉ်ပေးထားတယ်။ အပ်အရွယ်အစားလည်း အမျိုးမျိုး ရှိတယ်။ အရွယ်အစားကို နံပါတ်နဲ့ အသိပေးတယ်။ ဥပမာ 60/8

အဲဒီဂဏန်းတွေက ဘာကို ဆိုလိုတာလဲ။
တိုင်းတာမှုစနစ်နှစ်မျိုးအရ အရွယ်အစားကို ပြောပြထားတာပါ။
ဥရောပက မက်ထရစ်စနစ်ကို သုံးတယ်။ နံပါတ် ၆၀ ကနေ စတယ်။ ၁၁၀ မှာ ဆုံးတယ်။
အမေရိကန် အရွယ်အစားစနစ်က ၈ ကနေ စတယ်။ ၁၈ မှာ ဆုံးတယ်။
နှစ်မျိုးစလုံးမှာ ဂဏန်းသေးရင် အပ်သေးတယ်။ ဂဏန်းကြီးရင် အပ်ကြီးတယ်။
အပ်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေက နှစ်မျိုးစလုံးနဲ့ အရွယ်အစားကို မျဉ်းစောင်းခံပြီး ပြောပြတယ်။
ဒီတော့ 60/8 ဆိုတာ ဥရောပစနစ်/ အမေရိကန်စနစ် ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
အသေးဆုံးအပ်ပေါ့။ အကြီးဆုံးအပ်ဆိုရင် ၁၁၀/၁၆ ပေါ့။
ချုပ်ရမယ့် အသားထူရင် ကြီးတဲ့အပ်ကို စက်မှာတပ်ပြီး ချုပ်မှ ဖြစ်မယ်။ အပ်ကသေးရင် ထိပ်ကျိုးသွားလိမ့်မယ်။ အထည်သား အမျိုးအစားအရ ချင့်ချိန်ဖို့လည်း လိုတယ်။ သုံးမယ့် ချည်လုံး အကြီးအသေးကိုလည်း ထည့်စဉ်းစားရမယ်။ ဒါက အပ်အရွယ်အစား ရွေးချယ်တဲ့အခါ ထည့်စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။

အပ်ထိပ်အမျိုးအစားအရလည်း ရွေးချယ်ကြရပါတယ်။ ထိပ်ချွန်၊ ထိပ်လုံး၊ သပ်ချွန်ဆိုပြီး ရှိတာမှာ အပ်ချုပ်စက်အတွက်သာမက ဓားစက်အတွက်ပါ ထုတ်လုပ်ရောင်းချကြတယ်။ စွယ်စုံသုံးဆိုတဲ့ အပ်ထိပ်မျိုးလည်း ရှိသေးတယ်။ ထိပ်ကို ထိပ်ချွန်အပ်လောက် စူးစူးချွန်ချွန် လုပ်မထားဘူး။ နည်းနည်းတုံးပေးထားတယ်။ အဲဒီစွယ်စုံသုံးအပ်ကို Universal needle လို့ ခေါ်ဝေါ်ပြီး ရက်ထည်အမျိုးအစား အတော်များများကို ချုပ်လို့ ရပါတယ်။

 

Anatomy of a Sewing Machine Needle

 

ပုံမှာ ဖော်ပြထားတဲ့ အပ်ပုံနှစ်ခုမှာ ဝဲဘက်က ရှေ့မှ မြင်ရပုံ ဖြစ်ပြီး ကျန်တစ်ပုံက ဘေးတိုက် မြင်ရပုံ ဖြစ်ပါတယ်။ အဲဒီပုံတွေမှာ အပေါ်ဘက်က အပ်အရင်း ဖြစ်ပြီး အောက်ဖက်က အပ်အဖျား ဖြစ်ပါတယ်။

အပ်အရင်းရဲ့ ထိပ်ကို Butt လို့ ခေါ်ကြတယ်။ အပ်ချုပ်စက်ရဲ့ အပ်တပ်ဆင်တဲ့နေရာ အတွင်းထဲကို ထိုးထည့်ဖို့အတွက် လွယ်ကူအဆင်ပြေအောင် လုပ်ပေးထားတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။
သူပြီးရင် Shank (ရိုးတံ)ဆိုတာ ရှိတယ်။ အပ်ချုပ်စက်က အပ်ကို shank မှာ ဖမ်းချုပ်ထားတယ်။ အဲဒီအတွက် ချော်မထွက်အောင် shank ရဲ့ တစ်ဖက်က အခုံးမျက်နှာပြင် ဖြစ်ပေမဲ့ ကျန်တစ်ဖက်က ပြားပေးထားတယ်။ တစ်ဖက်လုံး တစ်ဖက်ပြား လုပ်ပေးထားလို့ အနေအထားမှားပြီး ထိုးသွင်းရင် မဝင်နိုင်တော့ဘူး။ အနေအထား အံကိုက်ဖြစ်နေမှ ဝင်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံး အပ်ချုပ်စက်တွေမှာတော့ shank က တစ်ဖက်လုံး တစ်ဖက်ပြား အပြင် မြောင်းပါတာမျိုးလည်း ရှိတယ်။ နှစ်ဖက်စလုံး အခုံး လုံးနေတာမျိုးလည်း ရှိတယ်။

Shank ရဲ့ အောက်ဖက်အဆုံးသတ်နေရာကို shoulder (ပခုံး) လို့ ခေါ်ကြတယ်။ မျက်နှာပြင် စောင်းပြီး သိမ်ဝင်သွားတဲ့အပိုင်း ဖြစ်ပါတယ်။ shank နဲ့ shaft တို့အကြားမှာ ရှိတဲ့အပိုင်း ဖြစ်ပါတယ်။
Shaft ကို blade လို့လည်း ခေါ်ကြတယ်။ အပ်ရဲ့ ကိုယ်ထည်မှာ အပေါ်ပိုင်းက shank ဖြစ်ပြီး အောက်ခြမ်းက shaft ဖြစ်ပါတယ်။ အပ်ရဲ့ အရွယ်အစား သတ်မှတ်တာမှာ shaft ရဲ့ အချင်းကို ရည်ညွှန်းပြောဆိုကြတာ ဖြစ်ပါတယ်။

ပခုံးအောက်မှာ မျှော့ကြောင်း groove ရှိနေတယ်။ အဲဒီမြောင်းလေးပါတဲ့အပိုင်းက နဖားပေါက်အပေါ်ဘက်မှာ တည်ရှိပြီး အထစ်အငေါ့ မရှိ ချောချောမွေ့မွေ့နဲ့ အပ်က အထည်သားကို ဝင်ထွက်လို့ရအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ ချုပ်ရိုးကို ပြေပြစ်စေတယ်။ ချည်ကို ငင်ယူပြီး အပ်ပေါက်ထဲ ရောက်အောင် ထိန်းကျောင်းပေးတယ်။ အပ်အရွယ်အစားအရ groove ရဲ့ အကျယ်နဲ့ အရှည် အမျိုးမျိုး ရှိကြပါတယ်။
နဖားပေါက်အထက်နားမှာ ရှိတဲ့အပိုင်းကို scarf လို့ အမည်ပေးထားကြတယ်။ အပ်ကို ဘေးတိုက်ကြည့်ရင် scarf နေရာမှာ ချိုင့်ဝင်နေတာ တွေ့ရမယ်။ အပ်ချုပ်စက်မှာ အပေါ်ချည် အောက်ချည် နှစ်မျုျိးရှိတာမှာ အောက်ချည်ရှိနေတဲ့ bobbin ချည်ရစ်လုံးမှ ချည်ကို ဆွဲငင်ရယူပေးပြီး ချုပ်ရိုးသီပေးတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ scarf အလျားရှည်ရင် အောက်ချည်ကို ငင်ယူပြီး အပေါ်ချည်နဲ့ ကွင်းထိုးဖို့ ပိုထောက်ကူပေးနိုင်တာမို့ ချုပ်ရိုးမှာ ချုပ်ချက်ကျော်သွားတာ မရှိတော့ဘူး။ scarf တိုရင် အပ်ချုပ်စက်က အချိန်ကိုက် လုပ်ပေးနိုင်စွမ်း အတော်ကောင်းဖို့ လိုတယ်။ scarf ရဲ့ အရွယ်အစားက အပ်အမျိုးအစားအပေါ် မူတည်ပြီး အမျိုးမျိုး ရှိပါတယ်။
နဖားပေါက် eye က အပ်ရဲ့ အဖျားနားမှာ နေရာယူထားပြီး အပ်ချည် ထိုးပေးထားလို့ လိုပါတယ်။ နဖားပေါက် အရွယ်အစားနဲ့ ပုံပန်းသဏ္ဌာန်က အပ်အမျိုးအစားအရ အမျိုးမျိုး ရှိပါတယ်။ .
အပ်ချုပ်စက် ဒီဇိုင်းအမျိုးမျိုးအပေါ် မူတည်ပြီး အပ်နာဖားပေါက် မျက်နှာမူတဲ့ဘက် ကွာခြားပါတယ်။ ဒါပေမဲ့ ဘယ်ဘက်ကို မျက်နှာမူထားသည်ဖြစ်စေ အပ်ချည်ကို အပ်ပေါက်ထိုးရင် groove ရှိတဲ့ဘက်ကနေ scarf ရှိတဲ့ဘက်ကို ထိုးပေးရမှာ ဖြစ်ပါတယ်။ ချည်ထိုးမှားရင် စက်က ကောင်းကောင်းချုပ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ groove နဲ့ scarf တို့ကို အပ်ချည်ကို ကောင်းကောင်း ထိန်းပေးနိုင်မှာ မဟုတ်ဘူး။ အဲဒီအခါ မကြာခဏ အပ်ချည်ပြတ်နေမယ်။ ချုပ်ရိုးမှာ အပေါ်ချည် ကျန်နေတဲ့ ချုပ်ချက်တွေ ရှိနေလိမ့်မယ်။

အပ်ထိပ်နဲ့ အပ်ဖျား Point and Tip ဆိုတဲ့ အပိုင်းတွေက အပ်ရဲ့ အဖျားစွန်းကို ပြောဆိုကြတာ ဖြစ်ပါတယ် အပ်အမျိုးအစားအရ အမျိုးမျိုး ကွဲပြားပါတယ်။ အပ်ထိပ်ရဲ့ ပုံပန်းသဏ္ဌာန်၊ အပ်ဖျားရဲ့ ချွန်မြမှုတို့ အမျိုးမျိုး ရှိပါတယ်။ ချုပ်မယ့်အထည်သားအမျိုးမျိုးအရ ဆီလျော်မယ့် အပ်ထိပ်နဲ့ အပ်ဖျားတို့ကို သုံးစွဲကြတဲ့အကြောင်းကို အထက်မှာ ဖော်ပြပေးခဲ့ပြီးပါပြီ။ အပ်ဖျား တုံးနေရင်၊ ကွေးနေရင် ချုပ်တဲ့ အထည်သားကို ထိခိုက်စေလိမ့်မယ်။ ချုပ်ရိုးမှာ ချုပ်ချက်ကျော်နေတာတွေ ကြုံရလိမ့်မယ်။ ပြီးတော့ ချည်ပြတ်တာကိုလည်း ဖြစ်ပေါ်စေပါတယ်။ အပ်အသစ်လဲပါ။

Read 6104 times
Rate this item
(0 votes)
Tagged under