ပျိုမေတို့အတွက် ရုံးဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာကို ဖြတ်သန်းနေရတဲ့ လုပ်ငန်းခွင်နေရာတစ်ခုဆို မမှားပါဘူး။ နေ့စဉ် ရုံးသွားတဲ့အခါ ဖက်ရှင်ကျကျ ဖြစ်နေဖို့လည်း အရေးကြီးပါတယ်။ အဲဒီလို စမတ်ကျနေစေဖို့ တစ်နေ့ တစ်မျိုး မရိုးရအောင် ဝတ်ဆင်တတ်ဖို့လည်း လိုပါတယ်။
ဒီတစ်ခေါက်မှာတော့ Myanmar Textile and Garment Directory က ပျိုမေလေးတွေအနေနဲ့ ပူပြင်းတဲ့နွေရာသီမှာ ပေါ့ပေါ့ ပါးပါးနဲ့
ရုံးတက်နိုင်ဖို့အတွက် Summer Office Style လေးတွေကိုတင်ပြပေးချင်ပါတယ်။
နေ့စဉ်ရုံးတက်နေရတဲ့လူတစ်ယောက်ဆိုရင် ရုံးသွားခါနီးဆို ဘာဝတ်ရမလဲ စဉ်းစားရ ခက်တာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ အထူးသဖြင့် ကိုယ်က ရုံးနောက်ကျနေပြီ
အလုပ်အတွက် လူတွေ့အင်တာဗျူးဖြေတော့မယ်ဆိုရင် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်စဉ်းစားထားရမယ့်အရာတွေထဲမှာ ကိုယ့်ကိုကြည့်လိုက်တာနဲ့ တန်းပြီးအမှတ်ပေးချင်စိတ်ပေါ်သွားစေမယ့် ဖက်ရှင်ပိုင်းကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။