What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပေါ့ပေါ့ပါးပါးရုံးတက်ဖက်ရှင်လေး

ပေါ့ပေါ့ပါးပါးရုံးတက်ဖက်ရှင်လေး google

နေ့စဉ်ရုံးတက်နေရတဲ့လူတစ်ယောက်ဆိုရင် ရုံးသွားခါနီးဆို ဘာဝတ်ရမလဲ စဉ်းစားရ ခက်တာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ အထူးသဖြင့် ကိုယ်က ရုံးနောက်ကျနေပြီ

ဝတ်စရာက ရှာမတွေ့သေးဘူးဆိုရင် ရုံးတောင် သွားချင်စိတ် မရှိတော့ဘဲ ခြေပစ်လက်ပစ် ငိုချချင်တော့တာပဲမလား။ ရုံးတက်ရင် ဝတ်စရာတွေကို အင်တာနက်မှာ ရှာကြည့်ပြန်ရင်လည်း suit တွေ ကုတ်အင်္ကျီတွေပဲ ထွက်လာတော့ မြန်မာနိုင်ငံ ရာသီဥတုက ပူရအိုက်ရတဲ့အထဲ ကုတ်အင်္ကျီ တကားကားနဲ့  စိတ်ကျဉ်းကျပ် ရမှာပေါ့။ ဒီတော့ ပျိုမေလေးတို့ စိတ်ရှုပ်စရာ မလိုရတော့အောင် ပေါ့ပေါ့ပါးပါး ရုံးတက်ဖက်ရှင်လေးတွေကို  ပြောပြပေးပါ့မယ်။

(၁) ရှပ်အင်္ကျီ နဲ့ style pants

ရုံးမှာ အထက်လူကြီးတွေနဲ့ တွေ့ရမယ်၊ meeting ရှိတယ်ဆိုတဲ့နေ့တွေဆိုရင် ဒီ outfit လေးက အိုဗာလည်းမဖြစ်ဘဲ အမှတ်ယူလို့ကောင်းမှာပါ။ ရှပ်အင်္ကျီဆိုတဲ့နေရာမှာ ကြောင်ကြောင်ကျားကျားအရောင်တွေထက် အရောင်ငြိမ်မယ့် အဖြူ၊ အနက်၊ မီးခိုးတို့ကို ရွေးချယ်သင့်ပါတယ်။ အင်္ကျီလက်ရှည်ကို လက်အနည်းငယ်ခေါက်ပြီး ဝတ်တာက ယောင်းကိုပိုပြီး စမတ်ကျတဲ့အသွင်ဖြစ်နေစေမှာပါ။ ရုံးမှာတစ်နေကုန်ဝတ်ရမှာဖြစ်တဲ့အတွက် အသားအေးအေးတွေကိုပဲ ဝယ်ပါနော်။ Style pants အရောင်ကို အနက်၊ မီးခိုး နဲ့ nude colors တွေ ဝတ်သင့်ပြီး ဒီထက်ပိုပြီးထင်းချင်ရင်တော့ အဖြူကို ဝတ်ဆင်နိုင်ပါတယ်။ အသားကောင်းပြီး ဆိုက်ဒ်မှန်တဲ့ စတိုင်ပန်တွေက ပျိုမေလေးတွေကို စမတ် ကျစေမှာပါ။ ဖိနပ်အနေနဲ့ကတော့ ထိပ်ပိတ်ဒေါက်မြင့်ဖိနပ်လေးတွေက အလိုက်ဖက်ဆုံးပါပဲ။

(၂) ဘလောက်စ် နဲ့ skinny jeans

ရုံးမှာ ဘာမှထွေထွေထူးထူးမရှိတဲ့နေ့တွေဆိုရင် ဒီ outfit လေးက ယောင်းတို့ကို တစ်နေကုန်သက်တောင့်သက်သာဖြစ်စေမှာပါ။ ဘလောက်စ်အင်္ကျီတွေကတော့ မိန်းကလေးတိုင်းအတွက် ရှားမယ်မထင်ပါဘူး။ ဗြောင်လေးတွေလည်း ဝတ်နိုင်သလို အဆင်နဲ့လည်း ဝတ်လို့ရပါတယ်နော်။ အရောင်အနေနဲ့ဆိုရင်တော့ မျက်စိအေးစေမယ့် အရောင်လွင်လွင်လေးတွေက အသင့်တော်ဆုံးပါ။  Skinny jeans ကို ဘရန်းဒ်ကောင်းကောင်းထဲက ဝယ်ထားရင် အရောင်လွင့် တာတွေ ရွဲသွားတာတွေမဖြစ်တော့တဲ့အတွက် ယောင်းအနေနဲ့ ခဏခဏဝယ်နေစရာမလိုတော့ပါဘူး။ ပေါ့ပေါ့ပါးပါး sneakers လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ရင် ယောင်းကို သွက်လက်ပေါ့ပါးတဲ့အသွင်ပေးမှာပါ။

Read : စံပယ်ဖူးနှစ်ထပ်လက် ညှပ်နည်း ချုပ်နည်း

(၃) Dress

Dress တွေက ရုံးသမားတွေရဲ့ ရွေးချယ်မှုဖြစ်နေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ အများအမြင်မှာ မိန်းမဆန်တဲ့အသွင်ကိုရော စမတ်ကျတဲ့အသွင်ကိုပါ တစ်ပြိုင်တည်းပေးတဲ့ dress တွေကို ရွေးချယ်တာမမှားပါဘူး။ Dress တွေကို ရွေးမယ်ဆိုရင် အရောင်ငြိမ်တဲ့ အနက်၊ အသားရောင်၊ အဖြူရောင်၊ မီးခိုးရောင်တွေကို ရွေးသင့်ပြီး ဒီအရောင်တွေကို ရိုးတယ်ထင်ရင်တော့ စစ်စိမ်းရောင်၊ အုတ်ကျိုးရောင်၊ နက်ပြာရောင်တွေကို ရွေးလို့ရပါတယ်နော်။ ဒေါက်မြင့်ဖိနပ်လေးတွေကတော့ dress နဲ့အကောင်းဆုံးအတွဲအစပ်ဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆိုရင် ပျိုမေလေးတို့လည်း ရုံးသွားခါနီးတိုင်း ခေါင်းစားရတာ သက်သာသွားလောက်မယ်ထင်ပါတယ်။ နောက်ထပ် ဝတ်ဆင်သွားသင့်တဲ့အရာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘာဝတ်ဝတ်လှနေတာမို့ ပျိုမေလေးတို့လည်း အခု ပြောပြတဲ့ outfit လေးတွေကို ဝတ်ပြီး ယုံကြည်မှုရှိရှိလှနိုင်ပါစေနော်။

Source: For Her Myanmar

Myanmar Textile and Garment Directory

Read 1478 times
Rate this item
(0 votes)