What's new

×

Warning

JUser: :_load: Unable to load user with ID: 846


အလုပ်အင်တာဗျူးမှာ ဘယ်အရောင်ကို ရွေးချယ်ဝတ်သင့်လဲ

အလုပ်အင်တာဗျူးမှာ ဘယ်အရောင်ဝတ်ရမလဲ ။ ဘယ်အရောင်က အသင့်တော်ဆုံးဖြစ်မလဲ။ အရောင်တွေမှာ အဓိပ္ပယ်တွေရှိကြပါသည်။ 

များသောအားဖြင့် အပြာနုရောင်၊ အနက်၊ အညိုရောင် နဲ့ အစိမ်းပုတ်ရောင်၊ ချောကလက် ရောင်တို့က အသင့်တော် ဆုံးဖြစ်ပါသည်။

အနက်ရောင်ကို Suit နဲ့ အခြားအရောင်ရောထားတဲ့ပုံစံ တို့လည်းသင့်တော်ပါသည်။

 Debra Gold ကတော့ ကိုယ်သွားမယ့်အင်တာဗျူးနဲ့ ၀တ်သင့်တဲ့အရောင်ကိုရွေးချယ်သင့်ပါသည်။ အကယ်လို့ ကိုယ့်အင်တာဗျူးသွားမယ့် အလုပ်ဟာ Financial နဲ့ ပတ်သက်တယ်ဆိုရင် အထက်ပါ အရောင်တွေက အလုပ်ဖြစ်ပြီး၊ ပိုမို တီထွင်အားလိုတဲ့ လုပ်ငန်းဆိုင်ရာ အင်တာဗျူးတွေဆိုရင်တော့ ကိုယ့်ရဲ့ လွတ်လွတ်လပ် လပ်နဲ့ ၀တ်ဆင်နိုင်ပါသည်။

 အလုပ်အကိုင်ဆိုင်ရာ Survey မှ မန်နေဂျာ ၃၀၀၀ ကျော်ကို အင်တာဗျူးပြီး ဘယ်အရောင်အသင့် တော်ဆုံးလဲဆိုတာကို အင်တာဗျူးတဲ့အခါ----------

 

23% က အပြာရောင်ဝတ်သင့်တယ်လို့ဆိုပြီး၊ 15% မှအနက်ဝတ်သင့်တယ်လို့ ဆိုပြီး၊ ၂၅ ရာခိုင်နှုန်းမှ လိမ္မော်ရောင် က အဆိုးဆုံးအရောင်လို့ဆိုထားပါသည်။

တော်တော်များများမှ- အနက်ရောင်၊ အပြာရောင်၊ အညိုရောင်နှင့် အရောင်မှိုင်းမှိုင်းများဟာ ပိုမို professional ဆန်တယ်လို့ ဆိုထားပါသည်။

 အရောင်နဲ့ ပတ်သက်တဲ့လူတွေအမြင်ကတော့-

  • အနက်ရောင်- ဦးဆောင်နိုင်သူ
  • အပြာရောင်- အဖွဲ့အစည်းမှာ ပူးပေါင်းဆောင်ရွက်နိုင်သူ
  • အရောင်မှိုင်းမှိုင်း- ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်သူ
  • အဖြူရောင်- စုစုစည်းစည်း ဆောင်ရွက်နိုင်သူ
  • အညိုရောင်- ယုံကြည်နိုင်သူ
  • အနီရောင် - Power

အစိမ်း၊ အ၀ါ၊ လိမ္မော်နဲ့ ခရမ်းတို့ဟာ တီထွင်နိုင်စွမ်းကောင်းသူတို့ကို ဆိုလိုပါသည်။

Source: Huffingtonpost 

Read 3061 times
Rate this item
(1 Vote)