What's new

×

Warning

JUser: :_load: Unable to load user with ID: 845


“ အလုပ်အင်တာဗျူးသွားတဲ့အခါဘယ်လိုအရောင်ဝတ်သွားသင့်သလဲ ”

အလုပ်ရဖို့အတွက်အရည်အချင်းပြည့်ဝဖို့လိုအပ်သလိုအင်တာဗျူးသူတွေအမြင်မှာအလုပ်ခန့်ချင်စရာ ဖြစ်နေဖို့လည်းလိုပါတယ်။

ကိုယ်နဲ့အရည်အချင်းတူသူတွေဒါမှမဟုတ်ကိုယ့်ထက်သာသူတွေနဲ့အလုပ် ပြိုင်တူလျှောက်တဲ့အခါကိုယ့်ဘက်ကအရာရာအဆင်သင့်ဖြစ်နေဖို့လိုပါတယ်။အဝတ်အစားရွေးချယ်မှု ကအရေးကြီးသလိုအရောင်ရွေးချယ်မှုကလည်းအလွန်အရေးပါပါတယ်။အရောင်ကစကားအများကြီး ပြောပါတယ်။ဒါ့ကြောင့်ဘယ်အရောင်တွေဝတ်သင့်ပြီးဘယ်အရောင်တွေရှောင်သင့်တယ်ဆိုတာ ဝေမျှပေးလိုက်ပါတယ်။
အပြာရောင် - စိတ်ချရတဲ့ရွေးချယ်မှု

Professionalတော်တော်များများကအလုပ်အင်တာဗျူးကိုအပြာဝတ်သွားဖို့အကြံပြုလေ့ရှိပါတယ်။ အပြာရောင်ဝတ်လိုက်တဲ့အခါသင်ဟာယုံကြည်ရပြီးအားကိုးအားထားလို့ရတဲ့သူတစ်ယောက်လို့ ထင်ရစေပါတယ်။အပြာရောင်ထဲမှာမှကောင်းကင်ပြာရောင်ဒါမှမဟုတ်ကောင်းကင်ပြာရောင်ထက် နဲနဲလေးရင့်တဲ့အပြာကိုဝတ်ဖို့အသင့်တော်ဆုံးပါ။အပြာရောင်ကုတ်အကျီင်္ကိုအဖြူအရောင်အကျီင်္အပေါ် ကနေထပ်ဝတ်ပေးပြီးအောက်ကဘောင်းဘီဒါမှမဟုတ်စကပ်ဝတ်ပေးလိုက်တာအလိုက်ဖက်ဆုံးပါ။

အညိုရောင်ဝတ်တာရှောင်ပါ

အညိုရောင်ကလုံးဝကြီးမကောင်းတာတော့မဟုတ်ပါဘူး။သက်တောင့်သက်သာရှိပြီးစကားပြောဆိုရ လွယ်ကူတဲ့အသွင်ကိုပေးနိုင်ပါတယ်။ဒါပေမယ့်အလုပ်အင်တာဗျူးတွေကိုတော့အညိုရောင်တွေချည်း ဝတ်သွားတာရှောင်ပါ။အညိုရောင်ဝတ်လိုက်တဲ့အခါရှေးဆန်ပြီးရိုးရှင်းတယ်ထင်ရစေပါတယ်။ထက်မြတ်တဲ့သူတစ်ယောက်လို့မထင်ရလို့အလုပ်အင်တာဗျူးသူတွေအမြင်မှာအားနည်းသူလို့ထင်သွား စေနိုင်ပါတယ်။

အနက်ရောင် - ဦးဆောင်နိုင်မှု

အင်တာဗျူးဆိုတာနဲ့အနက်ရောင်ကုတ်အကျီင်္တွေဒါမှမဟုတ်အနက်ရောင်Suitတွေကိုရွေးချယ် ကြလေ့ ရှိပါတယ်။အနက်ရောင်ကဦးဆောင်နိုင်သူတစ်ယောက်လို့ထင်ရစေပြီးထက်မြက်သူတစ်ယောက်လို့မြင် ရစေပါတယ်။အနက်ရောင်ကိုဝတ်မယ်ဆိုရင်အနက်ရောင်ဝမ်းဆက်ဝတ်တာမလုပ်ပါနဲ့။အဖြူနဲ့အနက် ရောဝတ်ပေးတာအသင့်တော်ဆုံးပါ။

အနီရောင် - ပါဝါ

အနီရောင်ကိုအချို့အင်တာဗျူးတွေကိုဝတ်သွားသင့်ပြီးတစ်ခါတစ်လေတော့အနီမဝတ်သင့်ပါဘူး။ အနီရောင်ကမာနကြီးပြီးခေါင်းမာတယ်လို့ထင်ရစေပါတယ်။တတ်နိုင်ရင်အနီရောင်ဝတ်သွားတာ ရှောင်ပါ။ဒါပေမယ့်ကိုယ်လျှောက်မယ့်အလုပ်ကအရောင်းစားရေးဒါမှမဟုတ်management position မျိုးဆိုရင်တော့အနီရောင်ကသင့်တော်ပါတယ်။ အနီဝတ်မယ်ဆိုရင်အကျီင်္အနီဝတ်တာထက်ဘောင်းဘီ ဒါမှမဟုတ်စကပ်အနီဝတ်တာအကောင်းဆုံးပါ။

Read 1121 times
Rate this item
(0 votes)