What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Coachella ဂီတပွဲတော်မှာ ခေတ်စားနေတဲ့ Glitter Boobs ဖက်ရှင်

Coachella ဂီတပွဲတော်မှာ ခေတ်စားနေတဲ့ Glitter Boobs ဖက်ရှင် google

Coachella ဂီတပွဲတော်ဟာ သာမာန်ပရိသတ်တွေနဲ့ ဆယ်လီတွေ ဖက်ရှင်ချင်းယှဉ်ပြိုင်တဲ့ ပွဲတော်တစ်ခုပါ။

အမေရိကန်ဆယ်လီတွေဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်တွေကို ၀တ်ဆင်ပြီး ပွဲတော်ကို လာရောက်ကာ ဖက်ရှင်ရေစီးကြောင်းကို ဦးဆောင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ တစ်ချို့ဆယ်လီတွေကလည်း ပွဲတော်ကို လူမသိသူမသိ လာရောက်ပြီး ဖက်ရှင်ရေစီးကြောင်းမှာ ဘာတွေခေတ်စားနေလဲဆိုတာကို လေ့လာတတ်ပါတယ်။ သာမာန်ပရိသတ်တွေကလည်း ဆယ်လီတွေကို အားကျမခံ သူ့ထက်ငါ ဆန်းသစ်အောင် တီထွင်ပြီး ၀တ်စား ဆင်ယင်လေ့ရှိပါတယ်။

2

Read: ခေတ်စားနေတဲ့ နွေဖက်ရှင်

(၂၀၁၈)ခုနှစ် Coahella ဂီတပွဲတော်မှာ ခေတ်အစားဆုံးဖြစ်နေတာကတော့ “Glitter Boobs”လို့ ခေါ်တဲ့ ရင် သားကို ပြောင်ပြောင်လက်လက်နဲ့ အလှဆင်ထားတဲ့ ဖက်ရှင်တစ်မျိုးပါ။ ဒီ Gillter Boobs ဖက်ရှင်ဟာ (၂၀၁၇) ခုနှစ်လောက်တည်းက ဥရောပမှာ အရမ်းခေတ်စားနေပေမယ့် အမေရိကန်မှာတော့ ဘယ်သူမှ သိပ်မသိသေးပါ ဘူး။ ဒါပေမယ့်  ဒီနှစ် Coachella ပွဲတော်မှာတော့ မထင်မှတ်ဘဲ အရမ်းပေါက်သွားခဲ့ပါတယ်။

3

ပွဲတော်ကို လာကဲမယ့် အမျိုးသမီးတွေကြားမှာ Glitter Boobs တွေ ပြင်ဆင်ပြီး ဆိုရှယ်မီဒီယာတွေ ပေါ်တင်တာကလည်း Trend တစ်ခုအဖြစ် အကြီးအကျယ်ရေပန်းစားနေပါတယ်။ အမေရိကန်မီဒီယာတွေက တော့ ဒီနှစ် Coachella ပွဲတော်ရဲ့ ဖက်ရှင်ရေစီးကြောင်းမှာ ဆယ်လီတွေဟာ ပွဲတက်ပရိသတ်တွေကို ဒူးထောက် အရှုံးပေးနေရကြောင်း၊ အလန်းစားတွေ ၀တ်လာတဲ့ ဆယ်လီတိုင်းကို Glitter Boobs က နောက်ကောက်ချနေကြောင်း သုံးသပ်ရေးသားခဲ့ကြပါတယ်။

Source : Shwe Mom

Myanmar Textile and Garment Directory

Read 1451 times
Rate this item
(0 votes)