What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fall/Winter 2017 လျှောက်လမ်းပေါ်က သပ်ရပ်လှပ ဝင့်ကြွားလွန်းတဲ့ Embroidered Details ဒီဇိုင်းများ

Embroidered Details တွေဟာ လျှောက်လမ်းပေါ်မှတဆင့် Street Style တွေအထိ လူငယ်တွေကြားမှာရော Cele တွေရဲ့ ထသွားထလာ ဖက်ရှင်တွေအထိပါ ခေတ်စားလာကြတော့ အခုဆောင်းရာသီမှာ ကိုယ့်တွေရဲ့ ဝင့်ကြွားမှုတွေနဲ့ ဖက်ရှင်ကျမှုတွေ အတွက် ဘာကိုများရွေးချယ်ကြမလဲ။

တစ်ခါတစ်ရံမှာ ဖက်ရှင်ဒီဇိုင်နာတွေ၊ ဖန်တီးမှုဒါရိုက်တာတွေ(Creative Director) ဟာ လက်ဝါးချင်းရိုက်ပြီး Design တွေ Trend တွေကို ဖန်တီးလေသလားဆိုပြီး သံသယ ဖြစ်စရာကောင်းလှပါတယ်။ ဒီဇိုင်းနာတွေဟာ သူထက်ငါ ပိုပြီးကောင်းအောင် ဖန်တီးမှုတွေ ပညာခန်းတွေပြလျှက် ဖက်ရှင်ချစ်သူတွေရဲ့ နှလုံးသားတွေကို ရာသီတိုင်းမှာ ပြုစားကြလေ့ရှိပါတယ်။ ဒီနှစ်ရာသီမှာ ဘယ်ဒီဇိုင်ကတော့ ဘယ်လို အမိုက်စား ဖန်တီးမှုတွေနဲ့ တင်ဆက်မလဲ၊ ဘယ်လို ဒီဇိုင်း အသေးစိတ်တွေကို အသုံးပြုကြလဲ၊ ဘယ်လို အသားစတွေ ဘယ်လို အရောင်တွေနဲ့ ဘယ်လို ဖက်ရှင်တွေ ဆန်းသစ်ကြမလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဖက်ရှင်ချစ်သူတို့က ရင်ခုန် စိတ်လှုပ်ရှားစွာပဲ လျှောက်လမ်းဘေးကရော အွန်လိုင်းပေါ်ကနေရော ဓာတ်ပုံတွေမှတဆင့်ရော အယ်ဒီတာတွေ ဝေဖန်သူတွေ နဲ့ ဘလော့ဂါတွေ ရဲ့ ဆောင်းပါးတွေမှ လည်း စောင့်ကြည့်ခံစား စုဆောင်း တုယူ ဖန်တီးကြတယ်မဟုတ်လား။ အဲဒီလို ဒီဇိုင်နာတွေ တင်ဆင်တဲ့ ဖက်ရှင်ပွဲတော်မှာ သူတို့ဖန်တီးတဲ့ Trend တွေက တူနေတတ်ကြတယ်လေ။

ဒီတစ်လမှာတော့ ဒီဇိုင်နာတော်တော်များများရဲ့ Fall/Winter 2017 လျှောက်လမ်းပေါ်က သပ်ရပ်လှပ ဝင့်ကြွားလွန်းတဲ့ Embroidered Details ခေါ်တဲ့ ချည်ထိုး အသေးစိတ် ဒီဇိုင်းတွေ အကြောင်းကို ပြောပြချင်ပါတယ်။ Embroidered Details တွေဟာ လျှောက်လမ်းပေါ်မှတဆင့်  Street Style တွေအထိ လူငယ်တွေကြားမှာရော Cele တွေရဲ့ ထသွားထလာ ဖက်ရှင်တွေအထိပါ ခေတ်စားလာကြတာကို တွေ့ရပါတယ်။ အဲဒီ အခုဆောင်းရာသီ ဖက်ရှင်မှာ ကိုယ့်တွေရဲ့ ဝင့်ကြွားမှုတွေနဲ့ ဖက်ရှင်ကျမှုတွေ အတွက် ဘာကိုများရွေးချယ်ကြမလဲ။ စဉ်းစားစရာမလိုပဲ တူညီတဲ့ အဖြေတစ်ခုကတော့  Embroidered Details ဒီဇိုင်းတွေပဲပေါ့။ ကိုယ်တွေရဲ့ ဖက်ရှင် inspiration တွေအတွက် လှပသပ်ရပ်လွန်းတဲ့ လျှောက်လမ်းပေါ်က Embroidered Details တွေကို ကြည့်လိုက်ရအောင်နော်။

Classic Trench Coat

Alberta Ferretti ရဲ့ ခြင်္သေ့ပုံ ရွှေချည်ထိုး အနက်ရောင် ကုတ်ရှည်ဟာ အရမ်းကို ထင်ပေါ်လွန်းလှပြီး တော်ဝင်ဆန်ပြီး ယုံကြည်မှု မာန်တစ်ခုကို ပေါ်လွှင်စေတယ်လေ။ အနက်ရောင်နဲ့ ရွှေရောင်တို့ရဲ့ ရိုးရှင်းစွာ တွဲစပ်မှုတစ်ခုကို သိပ်ကို ဂန္ထဝင်ဆန်လွန်းလှပါတယ်။ Alice + Olivia  ရဲ့ ရောင်စုံပန်းပွင့်တွေ အပြည့်ထိုးထားတဲ့ Embroidered Details ကုတ်အရှည် ကြီး ရင်သပ်ရှုမောဖွယ် လှပလွန်းပြီး အနုပညာလက်ရာမြောက်လွန်းလှပါတယ်။ ဝတ်ဆင်ထားသူကို လုံးဝ အထာကျသွားစေတာ အမှန်ပဲနော်။

1. Trench Coat Alberta Ferretti Fall 2017

Royal Velvet Dress

Altuzarra ရဲ့ တော်ဝင်ဆန်တဲ့ အပြာရောင် ကတ္တီပါ ဝတ်စုံ ပေါ်မှာ ပန်းအခက်အနွယ် တွေ ထိုးထားတဲ့ ဒီဇိုင်းကလည်း သိပ်ကို တောက်ပလွန်းတယ်နော်။ အဲဒီဝတ်စုံ ရဲ့ အတွဲစပ်က သိပ်ကို တော်ဝင်ဆန်ပြီး လင်းလက်တာကတော့ အသေချာပဲနော်။

2

Shinny Silk Dress

ရွှေအိုရောင် ပိုးသားပြောင်ပေါ်မှာ စွမ်းအားကြီးမားတဲ့ အနီရောင် ပန်းပွင့်တွေကို လက်ရာမြောက်စွာ ပုံဖော်ထားတဲ့ Marchesa ရဲ့ ဝတ်စုံ ကတော့ သိပ်ကို လှပ တောက်ပလွန်းတယ်နော်။ သူရဲ့ တင်ဆက်မှုကတော့ ဒီရာသီရဲ့ Trend နဲ့ လုံးဝကွက်တိပဲလေ။

3. Silk Marchesa F17.2

See Through Dresses are ever attractive

Marchesa ရဲ့ ခရမ်းဖျော့ရောင် ဖောက်ထွင်းမြင် အသားစပေါ်မှာ ပန်းပွင့် လှုပ်လှုပ်လေးတွေနဲ့ ဖန်တီးထားတဲ့ ဝတ်စုံကတော့ လုံးဝဆွဲဆောင်မှုရှိတယ်နော်။ Versace Collection ထဲမှ အနက်ရောင် ပေါ်မှာ အသေးစိတ်ကျကျပန်းပွင့်တွေပါတဲ့ ဝတ်စုံကဆိုရင်တော့ သိပ်ကို ညှို့အားပြင်းတဲ့ စတိုင်တစ်ခုကို ပေးမှာ အမှန်ပဲနော်။

4. See through 2 Versace Fall 2017

Classic Outfit All The Time

La Perla က တင်ဆက်တဲ့ တော်ဝင် Suit ကတော့ နှင်းဆီပန်းပွင့်တွေရဲ့ တောက်ပမှုတွေကြောင့် သိပ်က လှပ သပ်ရပ်လွန်းလှပတယ်။ အဲဒီဝတ်စုံရဲ့ လှပမှုတွေက ဝတ်ဆင်ထားသူတွေကို ယုံကြည်မှုမြင့်မားစေပြီး ခြေလှမ်းတိုင်းက ရဲရင့်နေမှာပါ။

5. Suit La Perla

Statement Jacket

Alexander McQueen ရဲ့ ပန်းပွင့်တွေထိုးထားတဲ့ Bomber Jacket ကတော့ သိပ်မိုက်ပြီး ဒီဆောင်းတွင်းမှာ နွေးထွေးမှုနဲ့ အတူ ဖက်ရှင်ကျမှုတစ်ခုကို ပေးစွမ်းနိုင်တာအမှန်ပဲနော်။ Coach ကလည်း Baseball Jacket မှာ ဒီဇိုင်း အသေးစိတ်တွေဖြင့် ပုံဖော်ပြီး သူတို့ရဲ့ လျှောက်လမ်းမှာ လှလှပပတင်ဆက်ပြသွားပါတယ်။

6. Jacket 1Alexander McQueen

Prada also Do it

Prada ကတော့ Leather Jacket မှာရော Wool Sweater မှာပါ  Embroidered Details တွေကို ဖန်တီးသွားတယ်နော်။ အမြဲတမ်း အကောင်းတွေကိုပဲ တင်ဆက်တဲ့ Prada ကလည်း ခေတ်နောက်မကျတာ အသေချာပဲလေ။

7. Prada Autumn Winter 2017 2

Classic Trench Coat

Alice + Olivia  ရဲ့ ရောင်စုံပန်းပွင့်တွေ အပြည့်ထိုးထားတဲ့ Embroidered Details ကုတ်အရှည် ကြီး ရင်သပ်ရှုမောဖွယ် လှပလွန်းပြီး အနုပညာလက်ရာမြောက်လွန်းလှပါတယ်။ ဝတ်ဆင်ထားသူကို လုံးဝ အထာကျသွားစေတာ အမှန်ပဲနော်။

1. Trench Coat 2 .Alice Olivia Fall 2017

Statement Jacket

Coach ကလည်း Baseball Jacket မှာ ဒီဇိုင်း အသေးစိတ်တွေဖြင့် ပုံဖော်ပြီး သူတို့ရဲ့ လျှောက်လမ်းမှာ လှလှပပတင်ဆက်ပြသွားပါတယ်။

6. Jacket 2 Coach 1941 Pre Fall 2017

Prada also Do it

Prada ကတော့ Leather Jacket မှာရော Wool Sweater မှာပါ  Embroidered Details တွေကို ဖန်တီးသွားတယ်နော်။ အမြဲတမ်း အကောင်းတွေကိုပဲ တင်ဆက်တဲ့ Prada ကလည်း ခေတ်နောက်မကျတာ အသေချာပဲလေ။

7. Prada Fall 2017

Details in Stockings

အဆန်းတကာ့ အဆန်းတွေကိုမှ ဖန်တီးလေ့ရှိတဲ့ Gucci ကတော့ Stocking တွေမှာ တော်ဝင်နှင်းဆီတွေကို တပ်ဆင်ဖန်တီးလိုက်တယ်လေ။ အဲဒီ ခြေအိတ်ရှည်သာ ဝတ်ပြီး စတိုင်ထုတ်မယ်ဆိုရင်တော့ သိပ်ကို ဖက်ရှင်ကျပြီး လှနေမှာ အမှန်ပဲ။

9. Gucci fw17

Full of Embroidered

Simone Rocha လျှောက်လမ်းပေါ်က တောက်ကြွားလွန်းတဲ့ ဝတ်စုံမှာတော့ တော်ဝင်ဆန်တဲ့ ပန်းပွင့် ရဲရဲ တွေကို အသေးစိတ် ဖန်တီးထားမှုမှာတော့ ဝတ်စုံတစ်ခုလုံး ပန်းပွင့်တွေနဲ့ ပြည့်နေရုံမက အပေါ်ရုံ သိုးမွေး ခြုံထည်ရော ခြေအိတ်မှာပါ တန်ဆာဆင်ထားပါတယ်။ သူ့ရဲ့ အသေးစိတ်ကျတဲ့ လက်ရာကတော့ လှပပြီးလက်ရာမြောက်လွန်းတာ အသေချာပဲနော်။

Simone Rocha Fall 2017 Ready to Wear

Embroidered Jean 

ဖက်ရှင် ဂုရုကြီး Tom Ford ကလည်း သူရဲ့ ဆောင်းရာသီ ဖက်ရှင်ပွဲမှာ Embroidered Details တွေပါတဲ့ Jean ဝတ်စုံကို တင်ဆက်ပြသသွားတယ်နော်။ အဲဒီ ဒီဇိုင်းကတော့ သွက်လက်တက်ကြွတဲ့ ခံစားချက်နဲ့ လှပမှုကို ရောယှက် ပေးစွမ်းမှာ အတိအကျပဲနော်။

11. TF fall

source:moda

Read 1036 times
Rate this item
(0 votes)