What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နှစ်ရောင်စပ် စံပယ် ကနုတ် လုပ်နည်းလေး

နှစ်ရောင်စပ် စံပယ် ကနုတ် လုပ်နည်းလေး google

ဒီနေ့မှာတော့ Textile ပရိသတ်ကြီးအတွက် နှစ်ရောင်စပ် စံပယ် ကနုတ် လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်ရှင်။

ပုံလေးတွေနဲ့ ပြပေးထားတာမို့ လိုက်လုပ်ကြည့်လို့ရမယ်လို့ ထင်ပါတယ်နော်။

ကြိုးနီကို ထိပ်စအချွန်ညှပ်ပြီး 4" အမှတ်မှတ်၊ ထိုအမှတ်ထိ အခွေခွေပေးပါ။

s2

 

ကြယ်သီးကွင်း ပြုလုပ်ပါ။ ထို့နောက် 3 စိတ်ခန့် ပွင့်ဖတ် 6 ခု ခေါက်ပေးပါ။

s3

 

ပွင့်ဖတ် 6 ခု ခေါက်ပြီးလျှင် ကြိုးကို 4" အရှည် ဖြတ်ထားပါ။

s4

 

အရောင်မတူကြိုး (အဝါ) ကို 4" အရှည်မှ ပုံပါအတိုင်း အလယ်ဝတ်ဆံအခွေနှင့် တွဲတုပ်ပေးပါ။

s5

 

3 စိတ် ပွင့်ဖတ် 6 ခု ပြုလုပ်၍ ပိုနေသော ကြိုးစကို မလှဘက် ပို့ပြီး ချည်တုပ်ပါ။

s6

 

4" ကြိုးများကို 3" အမှတ်ထိ အပြင်ဘက်သို့ အခွေခွေပေးပါ။

s7

 

ပုံကြမ်းလေးတော့ ရပါပြီ။

s8

 

ခရုခွေလေး 2 ခုကို စိတ်ကြိုက် ပုံဖော်လို့ ရပါတယ်။

s9

 အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်ရှင်။ Myanmar Textile and Garment Directory Facebook Page ကနေ စက်ချုပ်နည်းတွေနဲ့ ပတ်သက်တဲ့ Training လေးတွေကို ပုံမှန် ညနေ ၅ နာရီခွဲမှာ ပုံမှန်တင်ပေးသွားပါမယ်နော်။

Related Article: တဆက်ထဲကော်လံ ချုပ်နည်း

Source: Lady Fashion

Myanmar Textile and Garment Directory

Read 4988 times
Rate this item
(0 votes)
Tagged under