What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုခုံးပျောက်အင်္ကျီ ညှပ်ပုံ ချုပ်ပုံ

ပုခုံးပျောက်အင်္ကျီ ညှပ်ပုံ ချုပ်ပုံ google

ရင်ပြတ်အင်္ကျီ ဝတ်ချင်လို့ သွားအပ်လိုက်တာ လှုတ်ရှားလိုက်ရင် လက်တွေ အပေါ်ကို တက်တက်သွားလို့ အချိန်တိုင်း ဆွဲချနေရတယ်

ဆိုသံတွေ၊ ပုခုံးပျောက်အင်္ကျီက ဝတ်ပြီးနောက် လက်ပြုတ်ကျလို့ မကြာခဏဆွဲတင်နေရတယ် ဆိုသံတွေ မကြာခဏ ကြားခဲ့ဖူးပါတယ်။

အမှန်တော့ ရင်ပြတ်အင်္ကျီနဲ့ ပုခုံးပျောက် အင်္ကျင်္ီတွေဟာ pattern စညှပ်ကတည်းက မတူညီပါဘူး။ အင်္ကျီ အပ်တဲ့သူတွေကလည်း ကွဲပြားအောင် သေသေချာချာ ပြောအပ်ဖို့ လိုသလို designer ကလည်း သေချာ ခွဲခြား ချုပ်ပေးဖို့လိုပါတယ်။

ဒီနေ့မှာတော့ ပုခုံးပျောက်အင်္ကျီ ညှပ်ပုံ ချုပ်ပုံတွေကို ပုံတစ်ပုံချင်းမှာ စာနှင့်တကွ ခွဲခြား ဖော်ပြပေးလိုက်ပါတယ်။

Related Article: ရင်ပြတ်အင်္ကျီ ညှပ်ပုံ၊ ချုပ်ပုံ

ပုခုံးပျောက်အင်္ကျီ နောက်ခြမ်း Pattern
မိမိလိုချင်သော အင်္ကျီ၏ အရှည်ကို ချုပ်စာနှင့် ခေါက်စာများ ပုံမှန်အတိုင်းထည့်ပေါင်းပြီး ထိုပေါင်းပြီးသား အရှည်ထဲမှ ၄ လက်မကို နုတ်ပြီး ပုံပါအတိုင်း Pattern ကို ဆွဲပါ။

1

 

ပုခုံးပျောက်အင်္ကျီ နောက်ခြမ်း

2

 

ပုခုံးပျောက်အင်္ကျီ ရှေ့ခြမ်း Pattern
ရှေ့ခြမ်းကို နောက်ခြမ်းထက် ၁ လက်မ နှိမ့်ပြီး ပုံပါအတိုင်း Pattern ညှပ်ပါ။

3

 

ပုခုံးပျောက်အင်္ကျီ လက် Pattern

လက်အိုးကို ကိုယ်တိုင်းဂျိုင်းအတိုင်း ထားပါ။ ( ဥပမာ - ဂျိုင်းက ၁၅ လက်မ ဆိုလျှင် Pattern လက်အိုးလည်း ၁၅ လက်မ ရှိရမည် )
အရှည်ကို မိမိ လိုချင်တဲ့ အရှည်အတိုင်း ဘာမှ မနုတ်ပဲ Pattern ဆွဲရမည်။
ကျန်အပိုင်းများ ပုံပါအတိုင်း ဆွဲပါ။

4

 

ပခုံးပျောက်အင်္ကျီသည် ဘယ်လို လှုပ်ရှားမှုပဲ လုပ်လုပ် လက်ပုခုံးသားမှာ လျှောကျခြင်း အပေါ်တက်ခြင်း မရှိပါ။

5

ဒီလောက်ဆို အဆင်ပြေလောက်မယ်လို့ ထင်ပါတယ်နော်။ မနက်ဖြန်ရောက်ရင် ရင်ပြတ်အင်္ကျီ ချုပ်နည်း၊ ညှပ်နည်းတွေကို မျှဝေပေးအုံးမှာမို့ ဆက်လက်ဖတ်ရှုပေးကြပါအုံးရှင်။

Source: The Lady

Myanmar Textile and Garment Directory

Read 6549 times
Rate this item
(1 Vote)
Tagged under