What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရေကူးဒေါက်ဖြတ်ဆက် ကိုမူတည်၍ ပွဲထိုင်ဂါဝန်အရှည် ချူပ်နည်း

ရေကူးဒေါက်ဖြတ်ဆက် ကိုမူတည်၍ ပွဲထိုင်ဂါဝန်အရှည် ချူပ်နည်း google

ဒီနေ့မှာတော့ ရေကူးဒေါက်ဖြတ်ဆက် ကိုမူတည်၍ ပွဲထိုင်ဂါဝန်အရှည် ချူပ်နည်းကို မျှဝေပေးထားပါတယ်ရှင်။

ညှပ်နည်းများကို တစ်ပုံချင်းစီနဲ့ အဆင့်ဆင့်ရေးသားတင်ပြထားပါသည်။

1/ပခုံး -14"÷2=7"
2/ဂျို င်း-16"÷2=8-1=7-1/2=6"4'
3/ရင် -36"÷4=9"+ဖြတ်ဆက်1"+ချူ ပ်သီ 1"=11"
4/ခါး-28"÷4=7"+ဒေါက်စာ1"+ဖြတ်ဆက်1"+ချူ ပ်သီ1"=10"
5/တင်-40"÷4=10"+ဖြတ်ဆက်1"+ချူ ပ်သီ1"=12"
6/ခါးရှည်-(10/15/22/55")55+အောက်နားခေါက်1"+အပေါ်ချူ ပ်စာ1"=57"
7/ရင်ကျယ်-7"÷2=3"4စိတ်+ချူ ပ်စာ4စိတ်=4"
8/လက်ကျယ်-12÷2=6
***ခါးရှည် 10/15/22/55 ဆိုသည်မှာ
10"သည် ရင်ထိပ်
15"သည် ခါးသိမ်နေရာ
22"သည် တင်အကားဆုံးနေရာ
55"သည် ပခုံးမှအောက်ဖျားအထိအရှည်ဖြစ်ပါသည်။

(1) အတိုင်းများကို မူလပုံမှန် အကျီ င်္ရေကူးဒေါက် ချူပ်နည်းအတိုင်း Pattern ဆွဲပါ။

1

 

(2) Patterm ဆွဲပြီးသောအခါ ပုံတွင်ပြထားသည့်အတိုင်း A;B;C.ဟူ၍
A=ရှေ့အလည်ခြမ်း.၁ခြမ်း
B=ရှေ့ဘေးခြမ်း ၂ ခြမ်း
C=နောက်ခြမ်း ၂ ခြမ်း ဟူ၍ မူလ အခြေခံအပိုင်း ၃ ပိုင်းရှိပါမည်။
ဤအပိုင်းတစ်ခုစီကို မူတည်၍ ထပ်တိုးအပိုင်းစများကို ပေါင်းထည့်ပြီး အောက်ပါပုံများအတိုင်း ဆက်လက်၍ လေ့လာပါ။

2

 

Read More>>> ချစ်စရာ ကောင်းတဲ့ အင်္ကျီ ချုပ်နည်းလေး

(3) အပိုင်း A  ဂါဝန်ရှေ့အလည်ခြမ်းကို ထပ်တိုး အပိုင်းပေါင်းစပ်၍ pattern အမှန် ဆွဲပါ။

3

 

(4) အပိုင်း B ဂါဝန်ရှေ့ဘေးခြမ်းတွင် မူလ Patterm ကို ခါးနေရာမှအောက်ဖျားသို့ဘယ်ညာနှစ်ဘက်တွင်ထပ်တိုးအပိုင်းပေါင်းစပ်၍ Patterm အမှန်ဆွဲပါ။

4


(5) အထက်ပါနည်းများအတိုင်း အပိုင်း C.ကိုလည်း ဘယ်နှင့်ညာတွင် ခါးမှအောက်ဖျားသို့ ထပ်တိုးအပိုင်းပေါင်းစပ်၍ Patterm အမှန် ဆွဲပါ။

5

 

(6) အပိုင်း A ကို ဖြတ်လိုက်ပါကအရှေ့အလယ်ခြမ်း ရပါမည်။

6

 

(7) အပိုင်း A နှင့် B ကို ဆက်ချုပ်ပါ။

7

8

 

အရှေ့ခြမ်း

9

 

အနောက်ခြမ်း

10

အားလုံးပဲ အဆင်ပြေမယ် ထင်ပါတယ်။  Myanmar Textile and Garment Directory Facebook Page ကနေ စက်ချုပ်နည်းတွေနဲ့ ပတ်သက်တဲ့ Training လေးတွေကို ပုံမှန် ညနေ ၅ နာရီခွဲမှာ ပုံမှန်တင်ပေးသွားပါမယ်နော်။

Source: Designer "ပန်ပန်"

Myanmar Textile and Garment Directory

Read 8138 times
Rate this item
(0 votes)
Tagged under