What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တဆက်ထဲကော်လံ ချုပ်နည်း

တဆက်ထဲကော်လံ ချုပ်နည်း google

ဒီနေ့မှာတော့ Textile ပရိသတ်ကြီးအတွက် တဆက်ထဲကော်လံ ချုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်ရှင်။

ပုံလေးတွေနဲ့ သေချာပြထားပေးတာမို့ လွယ်လွယ်ကူကူ လိုက်လုပ်ကြည့်လို့ ရမှာပါနော်။


(၁) မူလလည်ပင်းမှတ်မှ အောက်သို့ 20 cm မှာ မှတ်ပါ။

(၂) နောက်လည်ပင်း တိုင်းထားပါ။ ပုခုံးထိပ်မှ နောက်လည်ပင်းအတိုင်း မျဉ်းဆွဲထားပါ။

MM2

 

(၃) ရှေ့ခြမ်းမျဉ်းမှ 3 cm အကွာမှာ အရှည်မျဉ်း တစ်ကြောင်း ဆွဲထားပါ။

MM3

 

(၄) နောက်လည်ပင်းမျဉ်းမှ 8 cm အရှည်မျဉ်း အစောင်း တစ်ကြောင်း ဆွဲပါ။ ကော်လံ အဖတ်ကြီး လိုချင်ရင် 10 cm / 12 cm

MM4

 

ပုံပါအတိုင်း ပေကွေးဖြင့် ဝိုက်ပါ။

MM5

 

ရလာသော ပက်တန်တစ်ခုလုံးဖြင့် ရှေ့ခြမ်း ၂ ခြမ်း ညှပ်ပါ။ ပြီးလျှင် အပြာရောင် ဝိုက်ပြထားသော ကော်လံပက်တန် သီးသန့် ညှပ်ထုတ်ပြီး ကော်လံအတွင်း အပေါ်ပိုင်းအတွက် သက်သက်ညှပ်ပါ။

MM6

 

ရှေ့ခြမ်း၊ နောက်ခြမ်းနှင့် ပုခုံးတွဲပါ။ ကော်လံဖက်ထိပ် ၂ ခု တွဲချုပ်ပါ။ ကော်လံဖက်နှင့် နောက်ခြမ်းလည်ပင်းတွဲပါ။

MM7

MM8

ညှပ်ထားသော ကော်လံဖတ်ကို အပေါ်မှ တွဲချုပ်ပါ။

MM9

အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်ရှင်။ Myanmar Textile and Garment Directory Facebook Page ကနေ စက်ချုပ်နည်းတွေနဲ့ ပတ်သက်တဲ့ Training လေးတွေကို ပုံမှန် ညနေ ၅ နာရီခွဲမှာ ပုံမှန်တင်ပေးသွားပါမယ်နော်။

Related Article: လက်​ကိုင်​အိတ်​ချုပ်​နည်း

Source: Me and May Fashion Design

Myanmar Textile and Garment Directory

Read 5713 times
Rate this item
(3 votes)
Tagged under