What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လက်​ကိုင်​အိတ်​ချုပ်​နည်း

လက်​ကိုင်​အိတ်​ချုပ်​နည်း google

အိတ်​ချုပ်​နည်းကို စိတ်​ဝင်​စား​လေ့လာသင်​ယူလိုသူလေး​တွေ အားလုံးအတွက်​ လက်​ကိုင်​အိတ်​ချုပ်​နည်း​လေးကို တင်​​ပေးထားပါတယ်​။

အိတ်​လှလှ​လေးချုပ်​ကြည့်​ကြ​နော်​။

(1)  20cm​ နေရာမှာ 30cm ထားဆွဲပါ။ စာရိုက်​တာ မှားသွားလို့​နော်​။

3

 

(2) ပိတ်စ လေးစ ညှပ်ပါ။

4

 

(3) ပိတ်စ နှစ်စမှာ ပိတ်မလှဘက်တွင် ကော်ကပ်၍ ကပ်ထူတွင် ကပ်ပါ။

5

 

(4) ကွပ်ကြိုး ညှပ်ပါ။

6

 

(5) ကွပ်ကြိုး မလှ တင်ချုပ်ပါ။

7

 

(6) အလှတွင် ပြန်ဖိချုပ်ပါ။

8

 

(7) အလုံးကွပ်ပြီးသား နှစ်စကို အလှချင်း ထပ်၍ မလှတွင် ချုပ်ပါ။

9

 

(8) ဘေးပိတ်ချုပ်ပေးပါ။

10

 

(9) ဘေးနှစ်ဖက် ပိတ်ချုပ်ပေးပါ။

11

 

(10) ကျန်နှစ်စကိုလည်း လေးထောင့်ပုံ ချုပ်ပြီး ကပ်ထူ ချုပ်ထားသည့် အလွှာပေါ်တင်၍ အုပ်ပြီး ချုပ်ပေးပါ။ နှစ်စပူးပြီး မလှတွင် ချုပ်ပါ။ ကြယ်သီးကြိုး ဘိတစ်ပြား ချုပ်ပြီး လှန်ပါ။ ကြယ်သီးတပ်ပြီး တစ်လွှာ အုပ်၍ ချုပ်ပါ။ ကြိုးအတွက် အလယ်မှ ခေါက်၍ ဘိတစ်ပြား ချုပ်ပြီး လှန်ပါ။

12

 

(11) ကြယ်သီး 3cm ခွာတပ်ပါ။

13

 

(12) ကြယ်သီးကြိုး ချုပ်ပါ။ ကြယ်သီး တပ်ပါ။ အလယ်တွင် ခေါက်ရာ ပေးပါ။

14

 

(13) ဖဲပြားတပ်ရန် နေရာမှတ်ပြီး ဖဲပြားတပ်ပါ။ ကြိုက်တဲ့နေရာမှာ တပ်လို့ ရပါတယ်နော်။

15

 

နောက်ဆုံးတော့ အိတ်လှလှလေး ရပါပြီနော်။

1

2

အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်ရှင်။ Myanmar Textile and Garment Directory Facebook Page ကနေ စက်ချုပ်နည်းတွေနဲ့ ပတ်သက်တဲ့ Training လေးတွေကို ပုံမှန် ညနေ ၅ နာရီခွဲမှာ ပုံမှန်တင်ပေးသွားပါမယ်နော်။

Related Article: ဦးထုပ်မိုးကာဂျာကင်လေး ချုပ်နည်း မှတ်စု

Source: Nwe Thazin Myint

Myanmar Textile and Garment Directory

Read 5502 times
Rate this item
(0 votes)
Tagged under