What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဦးထုပ်မိုးကာဂျာကင်လေး ချုပ်နည်း မှတ်စု

ဦးထုပ်မိုးကာဂျာကင်လေး ချုပ်နည်း မှတ်စု google

ဒီနေ့မှာတော့ ဦးထုပ်မိုးကာဂျာကင် ချုပ်နည်း မှတ်စုလေးကို မျှဝေပေးချင်ပါတယ်နော်။ အရမ်းလွယ်လို့ ကလေးကအစ လူကြီးထိ ချုပ်လို့လွယ်တဲ့နည်းလေးပါ။

မိုးရာသီ ရောက်နေပြီဆိုတော့ မိုးကာအင်္ကျီ ကိုယ်တိုင်ချုပ်ကလေးနဲ့ လန်းချင်တဲ့သူတွေအတွက်ရယ်၊ ချစ်ခင်တဲ့သူတွေကို လက်ဆောင်ပေးဖို့ ချုပ်ချင်တဲ့သူတွေရယ်၊ ချုပ်နည်း သင်ချင်တဲ့သူတွေ အတွက်ရယ်ကို ရည်ရွယ်တာ ဖြစ်ပါတယ်။

ရှေ့ခြမ်း Pattern
1. မိမိ ဆွဲနေကျ အခြေခံ Pattern ဆွဲပါ။ ( ရင်၊ ခါး၊ တင်၊ ဂျိုင်း၊ ပုခုံး အား ပုံမှတ်ထက် ပိုပေါင်းပေးပါ )
2. ဂျိုင်းနေရာမှ တင်သို့ အကား ပုံစံ ( သို့ ) တည့်ပွယူပါ။ အရှည်ကိုတော့ မိမိ စိတ်ကြိုက် ယူလို့ ရပါတယ်။
3. ဒေါက်များ ထည့်ချုပ်ရန် မလိုပါ။ ရှေ့လည်ပင်းကို V Shape သဏ္ဌာန် အနည်းငယ် အဝိုက် ယူပေးပါ။
4. အစညှပ်လျှင်- ရှေ့ခြမ်း Pattern... Zip တပ်ရန်အတွက် ချုပ်စာ ( 4 cm ) အတွင်းသို့ ခေါက်လျှက်အနေအထားဖြင့် ကျန်သည့် ချုပ်စာများမှာတော့ မိမိယူနေကျအတိုင်းပါ။

1

 

နောက်ခြမ်း Pattern
1. နောက်ခြမ်းတွင် လည်ပင်းအား ပုံမှန်အတိုင်း ဆွဲရန်။
2. နောက်ခြမ်းတွင်လည်း ဒေါက်မထည့်ပါ။
3. ချုပ်နည်းမှာတော့ ပုံမှန် ပုခုံးတွဲ၊ Zip တပ်ရန်။
    Zip မှာ အကွဲ ဖြစ်ပါတယ်။ အလှ Zip တပ်နည်းအတိုင်း တပ်ရမှာပါ။

2

 

ဦးထုပ်ခေါင်းဆွဲနည်း
1. ရှေ့ခြမ်း လည်ပင်းနှင့် နောက်ခြမ်း လည်ပင်း အား တိုင်းပါ။
2. ပုံပါတွေ့သည့်အတိုင်း စာရွက်၏ အောက်ခြမ်းမှ 10 cm အမြင့် ယူပါ။ ထို့နောက် တိုင်းထားသော နောက်ခြမ်းလည်ပင်းအတိုင်း နှင့် ရှေ့ခြမ်းလည်ပင်းအတိုင်း ယူ၍ ဆွဲပါ။
3. ပုံပါအတိုင်း ဆွဲပါ။
4. အစညှပ်လျှင် (2) ချပ် ညှပ်ရပါမည်။ အဝိုက်နေရာ ဆက်ချုပ်ပါ။ အနားသပ်အား သပ်ရပ်စွာ ချုပ်ပါ။
5. ထို့နောက် အင်္ကျီ ကိုယ်ထည်နှင့် တွဲချုပ်ပါရန်

3

 

လက်ဆွဲနည်း
1. မိမိ ဆွဲနေကျ ပုံမှန်အတိုင်း ဆွဲပါ။
2. လက်ဝအား အကျယ် ဆွဲပါ။
3. လက်အပွလေး ချုပ်ပါ။
4. ပုံမှန် လက်ရှည်ထက် ပိုရှည်လျှင် ကောင်းပါသည်။

4

 

အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်ရှင်။ Myanmar Textile and Garment Directory Facebook Page ကနေ စက်ချုပ်နည်းတွေနဲ့ ပတ်သက်တဲ့ Training လေးတွေကို ပုံမှန် ညနေ ၅ နာရီခွဲမှာ ပုံမှန်တင်ပေးသွားပါမယ်နော်။

Related Article>>> ရင်ဖုံးအင်္ကျီပုံဆန်း Pattern လေး

Source: Designer K - MDY

Myanmar Textile and Garment Directory

Read 6843 times
Rate this item
(1 Vote)
Tagged under