What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကော်ပိတ်ကပ်နည်း

ကော်ပိတ်ကပ်နည်း google

အခုနောက်ပိုင်း အင်္ကျီချုပ်မယ်ဆိုရင် ထိုင်းပိုးနဲ့ ပါးတဲ့အစတွေကို တောင့်တောင့်ကြီး ဖြစ်မနေပဲ ဝတ်ရတာ အဆင်ပြေအောင် ကော်ပိတ် ကပ်ရတယ် ဆိုတာ  ပျိုမေလေးတို့  သိထားပြီး

ဖြစ်မှာပါ။

ကော်ပိတ်ကပ်တဲ့နည်းတွေကတော့ အစိုကပ် အခြောက်ကပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

အဲ့ဒီနည်းနှစ်မျိုးကို မျှဝေပေးချင်ပါတယ်ရှင်။

ပထမနည်းကတော့ အစိုကပ် ကပ်မယ်ဆိုရင် အစတစ်ခုလုံးကို ရေစိမ်ပေးပါ။ အစကို နေရာလပ်မကျန်အောင် ရေစိမ်ပေးပါနော်။ ပြီးရင် ရေညှစ်ပြီး ကပ်မယ့်အစပေါ်ကို မီးပူတိုက်ပြီးတော့ တစ်လွှာချင်း ထပ်ကပ်သွားပေးပါ။

ဒုတိယတစ်နည်းကတော့ အခြောက်ကပ်နည်းပဲ ဖြစ်ပါတယ်။ အခြောက်ကပ်ရင် အစကို ရေလုံးဝမဖြန်းပါနဲ့နော်။ အစပေါ်ကို ကော်ပိတ်စ တင်ပြီး ကော်ပိတ်စပေါ်ကိုမှ စက္ကူစာရွက် တစ်ခုခု တင်ပေးပါ။ ပြီးမှ မီးပူနဲ့ တစ်လွှာချင်းတိုက်သွားပေးပါ။

အခုပြောပြတဲ့အချက်တွေက ပျိုမေလေးတို့အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်ရှင်။ နောက်ထပ်လဲ ဖက်ရှင်နဲ့ ပတ်သတ်တဲ့အကြောင်းတွေ စက်ချုပ်တာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တင်ပေးမှာမို့လို့ ဖတ်ရှုပေးပါအုံးနော်။

Myanmar Textile and Garment Directory

 

Read 7442 times
Rate this item
(1 Vote)
Tagged under