What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တောင်ရှည်ဝတ်နည်း

တောင်ရှည်ဝတ်နည်း facebook

 Textile ပရိတ်သတ်ကြီးအတွက် တောင်ရှည်ဝတ်နည်းအဆင့်ဆင့်ကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်နော်

တောင်ရှည်ဝတ်နည်း-၁

1

ပထမဦးစွာ အခေါ်အဝေါ်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။အရှေ့ဘက်မှာ အပြားလိုက်ကျနေတဲ့ အစကို ခါးပုံစံလို့ ခေါ်ပါတယ်။ခါးပုံစံအောက်အလွှာမှာ ခပ်စောင်းစောင်းရှိနေတဲ့ စွန်တစ်ကောင်ရဲ့တောင်ပံလိုဖြန့်ထားတဲ့ အစကိုတော့ စွန်တောင်လို့ခေါ်ပါတယ်

 

တောင်ရှည်ဝတ်နည်း-၂

2


ရှေးခေတ်က တောင်ရှည်ပုဆိုးတွေက ယနေ့ခေတ်ပုဆိုးတွေလို ကွင်းပုံချုပ်ထားခြင်းမဟုတ်ဘဲ အပြန့်အတိုင်းရှိနေပါတယ်။  ဒါပေမယ့် ယနေခေတ်မှာတော့ မချုပ်ရသေးတဲ့ ပုဆိုး၂ထည်ကို စပ်ပြီး တောင်ရှည်ဖြစ်အောင် ချုပ်ဝတ်ဆင်လေ့ရှိကြပါတယ်။ တချို့ကျတော့ယက်ကန်းဆင်မှာ လိုသလောက်အရှည်ရအောင်အော်ဒါမှာပြီး စိတ်တိုင်းကျအပ်ကြပါတယ်။

 

တောင်ရှည်ဝတ်နည်း-၃

3
တချို့တောင်ရှည်တွေရဲ့ အနားသတ်မှာ အဆင်ကွဲသွားပါတယ်။ ခါးပုံစံထားဖို့အတွက် ယက်ထားတာပါ။ဒါကိုမဝတ်ခင်က ကြိုတင်ပြီးအပြင်ဘက် အစွန်းဘက်မှာထားဖို့လိုပါတယ်။ရှေးတုန်းကတော့နှစ်ဘက်လုံးမှာ အနားသတ်အဆင်ရှိပါတယ်။

 

တောင်ရှည်ဝတ်နည်း-၎

4
ခါးစည်းဖို့ အလွယ်ဆုံးနည်းကတော့ ပုဆိုးဝတ်သလိုပဲ အစနှစ်စကိုချည်လိုက်ရုံပါပဲ။

 

တောင်ရှည်ဝတ်နည်း-၅

5

ခါးစည်တဲ့ နောက်တစ်နည်းကတော့ ခါးမှာနှစ်ပတ်ပြည့်အောင်ပတ်လိုက်ပြီးမှ ပြန်ချည်တဲ့နည်းပါ။လမ်းကျဲကျဲလျောက်လို့ သိပ်မကောင်းပေမယ့် ဒီနည်းကတော့ သတို့သားတွေကို တောင်ရှည်ချပ်ချပ်ရပ်ရပ်နဲ့ မြဲအောင်လုပ်ပေးတဲ့သဘောပါပဲ။

 

တောင်ရှည်ဝတ်နည်း-၆

6
ခါးပုံစံလုပ်မယ့် အနားအစကို လေးခေါက်ချိုးဖြစ်အောင် ခေါက်ပါ။အတွင်းအပြင် အရောင်မတူတဲ့ပုဆိုးဖြစ်ရင်တော့ အလှဘက်ပေါ်အောင် သေချာဂရုစိုက်ခေါက်ပေးပါ။

 

တောင်ရှည်ဝတ်နည်း-၇

7
ခေါက်ထားတဲ့ခါးပုံစံကို မိမိလိုတဲ့အရှည်အတိုင်းရရင် ခါးထဲသို့ သွင်းပြီး ဝတ်ဆင်နိုင်ပါတယ်။စွန်တောင်ကိုလဲ လိုသလို ခပ်ပြန့်ပြန့်လေးဖြစ်အောင် ပုံဖော်နိုင်ပါတယ်။

 

တောင်ရှည်ဝတ်နည်း-၈

8

စွန်တောင်နဲ့ခါးပုံစံကို ဘယ်ညာစသဖြင့် ကိုယ်ကြိုက်တဲ့ဘက်မှာ ချနိုင်ပါတယ်။ခါးပုံစံအရမ်းရှည်လွန်းလျင် လမ်းလျှောက်တဲ့အခါ အနှေက်အယှက်ဖြစ်နိုင်ပါတယ်။ခါးပုံစံအတိုအရှည်ကို စွန်တောင်အတိုအရှည်နဲ့ လိုသလိုချိန်ညှိနိုင်ပါတယ်။

Source: Mr.Pasoe

Myanmar Textile and Garment Directory

တောင်ရှည်ဝတ်နည်း-၁
Read 4231 times
Rate this item
(2 votes)
Tagged under