What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝတဲ့သူတွေအတွက် ဖက်ရှင်အကြံပြုချက် (၄) ချက်

လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လို confidence ရှိအောင်နေထိုင်ရမလဲ ဝတ်စားဆင်ရမလဲဆိုတာ သိထားမယ်ဆိုရင် ဝပေမယ့် လည်း လှနေမှာပါ။ ဝတဲ့သူတွေအတွက် ဝတ်စားဆင်ယင်မှု အပိုင်းမှာ အခက်အခဲတွေအများကြီးရှိတယ်ဆိုတာမှန်ပေမယ့် အခုပြောပြ မယ့်အချက်တွေကို သိထားမယ်ဆိုရင် ဝပေမယ့်လည်း ဖက်ရှင်ကျတဲ့သူတစ်ယောက် ဖြစ်နိုင်ပါတယ်။

 

ပိတ်စအသားကိုသေချာရွေးပါ

အင်္ကျီတစ်ခု cutting ကျပြီး fitting ဖြစ်ဖို့ ပိတ်စရဲ့အသားပေါ်မှာလဲ မူတည်နေပါတယ်။ အရမ်းထူ၊ အရမ်းပါးတဲ့ ပိတ်သားမျိုး ရှောင်ကြဉ်ရပါမယ်၊ ဥပမာအနေနဲ့ polyester လို အသားမျိုးဖြစ်ပါတယ်။ သဘာဝကရပြီး အသားအေးစေမယ့် ပိတ်စ ဥပမာ-cotton လိုမျိုးက အလိုက် ဖက်ဆုံးဖြစ်စေမှာပါ။

 

အရောင်ရွေးချယ်မှုကို သတိထားပါ

Men's Style - Fat

ကိုယ့်ရဲ့ Body ကို ရှိရင်းစွဲထပ်ပိုပြီး ကြီးထွားတယ်ထင်ရစေမယ့် အရောင်တောက်တောက်တွေ ဝတ်ဆင်ခြင်းကို အထူးရှောင်ကျဉ်ရပါ မယ်။ အလိုက်ဖက်ဆုံးဖြစ်စေမယ့် အရောင်တွေကတော့ neutral color တွေဖြစ်တဲ့ နေဗွီပြာ၊ နက်ပြာ၊ အနက်နဲ့ မီးခိုးတို့ပဲ ဖြစ်ပါတယ်။ ဒီလိုအရောင်တွေကို ကိုယ့်ရဲ့ပုံမှန်ထပ်ပိုပြည့်နေတဲ့ bodyအချိုးအစားမှာ ဝတ်ဆင်ပေးသင့်ပါတယ်။

 

ပိန်သွယ်စေမယ့် trick တွေဆောင်ထားပါ

ကိုယ့် Bodyရဲ့လိုတာ ထပ်ဝတယ်လို့ထင်ရစေမယ့် ဥပမာ- ဗိုက်လိုနေရာမျိုးတွေကို ဖုံးစေမယ့် ကုတ် (သို့) အရောင်ရင့်မျိုး ဝတ်ဆင်ပေးခြင်းက ရှိရင်းထပ်ပိန်သွယ်တယ်ထင်ရစေမှာပါ။ နောက်ပြီးV shape နဲ့ ဒေါင်လိုက်အစင်းပါတဲ့ pattern မျိုးကို အဓိကထားဝတ်ဆင်ရပါမယ်။ဒီpatternတွေက သင့်ကို အများအမြင်မှာ ပိန်သွယ်စေမှာ အသေချာပါပဲ။

 

Size မှန်ကန်အောင် ရွေးချယ်ပါ

 

ဝတဲ့သူတွေအနေနဲ့ ကိုယ်နဲ့ကွက်တိကျတဲ့ sizeရဖို့ အင်မတန်အရေးကြီးပါတယ်။ တစ်ဆိုဒ်သေးရင်လဲ ကိုယ့်ရဲ့ဝတဲ့ features တွေကို ပိုထင်သာမြင်သာ ရှိစေနိုင်ပြီး၊ တစ်ဆိုဒ်လောက်ကြီးသွားပြန်ရင်လဲ ထွားထွားကြီးနဲ့ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒါကြောင့်အကောင်းဆုံးကတော့ fitting ကျစေမယ့် tailor တစ်ယောက်စီမှာ ကိုယ်တိုင်းနဲ့ အတိအကျချုပ်ဝတ်ဖို့ပဲ ဖြစ်ပါတယ်။

 

Myanmar Textile & Garment Guide

Source: kwee.co

Read 1894 times
Rate this item
(0 votes)