What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်မသိသေးတဲ့ Hoodie အင်္ကျီတွေအကြောင်း

သိုးမွေးအင်္ကျီတစ်ထည်လောက် နွေးထွေးမှုကို ပေးနိုင်သလို ဆွယ်တာတစ်ထည်လိုလဲ ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ Hoodie အင်္ကျီတွေဟာ ကမ္ဘာ့နေရာအနှံ့က ဖက်ရှင်တံဆိပ်တခုဆိုလဲ မမှားပါဘူး။ ၁၉၂၀၊ ၃၀ပြည့်လွန်နှစ်တွေအတွင်း sport wear တွေကို လူတွေ စိတ်ဝင်စားလာတာနဲ့အမျှ တချို့ဖက်ရှင်တွေနဲ့အတူ Hoodie ဖက်ရှင်က အစပြုလာပါတယ်။

 

တကယ်လို့ သင်က Hoodie ချစ်သူတစ်ယောက်ဆိုရင် Hoodie အင်္ကျီတွေ ဘယ်လိုပေါ်ပေါက်လာလဲဆိုတာကို စိတ်ဝင်စားမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ အခုပဲ မျှဝေပေးလိုက်ရပါတယ်။

အလယ်ခေတ်လောက်ကတည်းက အင်္ကျီချုပ်သူတွေဟာ အင်္ကျီမှာခေါင်းစွပ်ပါတာရဲ့အရေးကြီးမှုကိုနားလည်သဘောပေါက်ခဲ့ကြပေမယ့် ထည့်သွင်းချုပ်လုပ်ခြင်းမရှိခဲ့ပါဘူး။ နည်းပညာတစ်ခုအရ အားကစားအင်္ကျီထုတ်လုပ်သူ Feinblooms Brothers က အရင်ပုံစံဟောင်းကနေ ခေတ်နဲ့လိုက်လျောညီထွေဖြစ်စေမယ့်အစားပုံစံတမျိုးကို ဖန်တီးနိုင်ခဲ့ကြပါတယ်။

 

ချည်ထည်နဲ့ပြုလုပ်ထားပြီးတော့ ထူထည်းပြီးနွေးထွေးတယ်၊ ချည်သားနဲ့ပြုလုပ်ပေမယ့် ကျုံသွားတာမျိုးမဖြစ်ဘဲ အကြိမ်ကြိမ်ရေနဲ့ပြန်လျှော်ပြီးဝတ်လို့ရအောင်ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကတော့ Hoodie ပါ။ Hoodie တွေမှာ ဝတ်ဆင်သူကိုနွေးထွေးပြီးသက်တောင့်သက်သာရှိစေရန် ဆွဲသားတစ်မျိုးကိုထည့်သွင်းချုပ်လုပ်ထားပြီး ခေါင်းစွပ်ပုံစံနဲ့ပေါင်းစပ်ထားပါတယ်။

Men's Hoodie Long Sleeve Streetwear Casual Comfortable | Stylish hoodies,  Hoodies men, Long sleeve hoodie

 

၁၉၆၀ ခုနှစ်မှာ အမေရိကန်ရဲ့နာမည်ကျော်ပရောဖက်ရှင်နယ်လက်ဝှေ့သမား Muhammed Ali က လေ့ကျင့်ရေးမှာ အမြဲတမ်း ဝတ်လေ့ရှိတာကိုတွေ့ရတာကလဲ Hoodie တွေကို ပိုစိတ်ဝင်စားစေခဲ့ပါတယ်။ Joe Namath နဲ့ Rocky Balboa တို့လို Hoodie ဝတ်ဆင်ထားတဲ့ အားကစားသမားအကျော်အမော်တွေကြောင့်လဲ ဆယ်စုနှစ်တိုင်အောင် ရိုးမသွားခဲ့ပါဘူး။

On Jan. 17, 1942, Muhammad Ali was born in Louisville, KY |  Thisweekinhistory | phillytrib.com

အခုခေတ်မှာတော့ ကယ်လီဖိုးနီးယားက စကိတ်စီးသမားတွေ၊ graffiti အနုပညာရှင်သမားတွေနဲ့ ဟစ်ဟော့ရှေ့ဆောင်အဆိုတော်တွေရဲ့ ကိုယ်ပိုင်ဖက်ရှင်ပုံစံတခုအနေနဲ့ပြောင်းလဲလာခဲ့ပါတယ်။

 

Myanmar Textile & Garment Guide

Source: kwee.co

Read 1008 times
Rate this item
(0 votes)
Tagged under