သင်ကဝနေပါသလား။ အဲ့ဒီအတွက် စိတ်မပူပါနဲ့။ ဝနေတယ်ဆိုရင်တောင် သင်က အဲ့ဝနေတဲ့ ခန္ဓာကိုယ်မှာ ဆွဲဆောင်မှုတွေရှိနေနိုင်ပါသေးတယ်။
ဒါ့ကြောင့် အဆီပိုတွေရှိတဲ့ မိန်းကလေးတွေအတွက် ဖက်ရှင်အကြံပေးချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။ အကယ်၍ သင်အဝလွန်နေသော်လည်း သင်ရဲ့ ရုပ်ဆင်းသဏ္ဌာန်ကို လှပပြီးအံ့သြဖွယ်ကောင်းစေမယ့် ရှုထောင့်တွေကို သင်ထုတ်ပြလို့ ရနေပါသေးတယ်။
မိန်းကလေးတိုင်းမှာ ပင်ကိုအလှနှင့် ပင်ကိုခန္ဓာကိုယ် ရှိတယ်ဆိုတာအသေချာပါပဲ။ သို့သော် စိတ်ရှုပ်စရာပြဿနာတစ်ခုက သင့်ကိုယ်ခန္ဓာရဲ့အလေးချိန်နဲ့သင့်လျော်တဲ့ ဖက်ရှင်ပုံစံကို ရှာဖွေနေရတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် သင်က သင်ရဲ့ခန္ဓာကိုယ်နှင့် ကိုက်ညီတဲ့ အ၀တ်အထည်တွေနဲ့ အံဝင်ခွင်ကျရှိဖို့ လိုအပ်ပါတယ်။ အဆီပိုရှိတဲ့ မိန်းကလေးများ သို့မဟုတ် ဝနေတယ်လို့ ခံယူထားသော မိန်းကလေးများအတွက် သင်ရဲ့ အသွင်အပြင်ကို လှပပြီးဆွဲဆောင်မှုရှိစေနိုင်မယ့် သင့်လျော်သော ရိုးရှင်းပြီး ထူးခြားသော Outlookအတွက် အကြံပေးချက်အချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ဖက်ရှင်ပုံစံတစ်မျိုးထဲကို ထပ်ခါတလဲလဲ အလှဆင်ပုံ သို့မဟုတ် ဒီဇိုင်း
သင့်ရဲ့ စိတ်ကို ဖိစီးမှုဖြစ်စေမယ့် မလွတ်မလပ် ပုံစံတွေ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဥပမာ- ကိုယ်နဲ့ လိုက်မယ်ထင်ပြီး ပုံစံတစ်မျိုးထဲကိုပဲ ဝတ်ဆင်ခြင်းက မှားယွင်းနေသလို ခန္ဓာကိုယ်နဲ့ အကြပ်အဝတ်အစားတွေ ဝတ်ဆင်ခြင်းက ကောက်ညှင်းထုပ်လိုဖြစ်နေစေပြီး စိတ်ကို ဖိစီးစေမှာပါ။
အဲ့လို အဝတ်အစားတွေက သင့်ကို ကြည့်ကောင်းစေမှာ မဟုတ်သလို အဆင်ပြေနေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ရိုးရှင်းတဲ့ ပုံစံ ဖက်ရှင်က ရိုးရှင်းတဲ့ အလှအပတွေဖန်တီးပေးနိုင်ပြီး သင့်ကိုယ်သင် ယုံကြည်မှုဖြစ်စေမှာ ဖြစ်ပါတယ်။
၂။ သင့်တော်တဲ့ အရွယ်အစား ဝတ်ဆင်ပါ
သင့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေကို အရင်ရှာဖွေကြည့်ပါ။ ခန္ဓာကိုယ်နဲ့ ပွနေဖို့ ကြပ်နေဖို့ မလိုပါဘူး။ သင့်အတွက် သက်တောင့်သက်သာရှိစေ ယုံသာမက ယုံကြည်မှုလည်းခံစားရနိုင်မယ့် အရွယ်အစားကို ဦးစားပေး ရွေးချယ်ပါ။
ဒါ့အပြင် သင့်ရဲ့ ကိုယ်အလေးချိန်နဲ့ ကိုက်ညီတဲ့ အဝတ်အရွယ်အစားကို ရွေးချယ်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။ အဓိကက ဝတ်ဆင်လိုက်ရင် စိတ်ထဲပေါ့ပါးနေပြီး ယုံကြည်မှု ပေးစွမ်းနိုင်မယ့် အရွယ်အစား ဖြစ်နေဖို့ပါပဲ။
၃။ Elastic Model အဝတ်အစားတွေကို ရှောင်ပါ
အရေးကြီးဆုံးအချက်အနေနဲ့ elastic (သို့) ရာဘာပစ္စည်းများအသုံးပြုသောအဝတ်အစားများကိုရှောင်ပါ။ ဘာလို့လဲဆိုတော့ ၎င်းဒီဇိုင်းက အဝလွန်တဲ့ အမျိုးသမီးတွေထက် ပိန်သွယ်သောခန္ဓာကိုယ်ရှိတဲ့သူတွေက ပိုသင့်တော်လို့ပဲ ဖြစ်ပါတယ်။
၎င်းအဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ မော်ဒယ်တွေကို ကြည့်လိုက်ပါ။ ၎င်းအဝတ်အစားက ခန္ဓာကိုယ်ကို ပြည့်ပြည့်တင်းတင်းဖြစ်သွားတယ်ဆိုတဲ့ အမြင်ကိုပေးစွမ်းနိုင်တာကြောင့် Elastic Model အဝတ်အစားတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ဝတဲ့ အမျိုးသမီးတွေပါ။
၄။ သင့်လျော်တဲ့ ဆက်စပ်ပစ္စည်းaccessoriesကို ရွေးချယ်ပါ
ဖက်ရှင်နဲ့ အလှအပကို ပိုမို ပံ့ပိုးနိုင်မယ့် သင့်တော်ကိုက်ညီတဲ့ ဆက်စပ်အပိုပစ္စည်းတွေကို ရွေးချယ်ပါ။ သင့်တော်တဲ့ ဆက်စပ်ပစ္စည်းများ၊ အိတ်များနှင့် ဖိနပ်များကို ရွေးချယ်တာက အလွန်အရေးကြီးပါတယ်။
အမျိုးသမီးအများစုက ဒေါက်မြင့်ဖိနပ်ကို ကြိုက်ကြပြီး အသုံးပြုမှုများပါတယ်။ အကယ်၍ သင်လည်း ဒေါက်မြင့်ဖိနပ်ကိုရွေးချယ်မယ်ဆိုရင် မမြင့်တဲ့ ဒေါက်ဖိနပ်မျိုးကို ရွေးချယ်ပါ သို့မဟုတ် မထူမပါးဖိနပ်တွေကို ရွေးချယ်နိုင်ပါတယ်။ ဆက်စပ်ပစ္စည်းတွေရွေးချယ်တဲ့ အခါမှာ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ အရောင်ရွေးဖို့ကိုလည်း မမေ့ပါနဲ့။
၅။ ဝတ်ဆင်ရန်သင့်တော်သောအင်္ကျီ
အ၀တ်အစား ၀တ်စုံရွေးချယ်တဲ့အခါ ၎င်း၀တ်စုံက သင်ရဲ့ ပုံပန်းသဏ္ဍာန်ကို ပိုမိုဆွဲဆောင်နိုင်သိလို မလိုက်ဖက်တဲ့အခါမှာလည်း ကြည့်ရဆိုးစေပါတယ်။ လည်ပင်းရှည်တဲ့ သူတွေအတွက် ကော်လံ Vပုံစံ အဝတ်အစားတွေက တကယ်လိုက်ဖက်သင့်တော်ပါတယ်။ ဝတဲ့သူတွေအတွက် ဂါဝန်အဝတ်အစားတွေ ရွေးချယ်သင့်သလို အင်္ကျီတွေကို Coatတို့ Blazerတို့ထပ်ပြီး ဝတ်ဆင်သင့်ပါတယ်။
၎င်းအကြံပြုချက်တွေက သင့်အတွက် ဗဟုသုတတစ်ခုအနေနဲ့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သင့်ရဲ့ အသွင်အပြင်ပေါ်မူတည်ပြီး ၎င်းအသွင်အပြင်ကို ခေတ်မှီဆန်းပြားအောင်ပြုလုပ်ပါ။
By Myanmar Textile & Garment Guide
Ref:4NIDS