What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိုက်ဆံအများကြီး ကုန်ကျစရာမလိုဘဲနဲ့ ခမ်းနားလှပတဲ့သွင်ပြင် ဖြစ်စေမယ့်နည်း

ပျိုမေတို့အနေနဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ ဝယ်တဲ့အခါမှာ နာမည်ကြီးအမှတ်တံဆိပ်တွေချည်းပဲ အမြဲတမ်း ဝယ်ဖို့ဆိုတာ မလွယ်ပါဘူး။

ငွေကုန်ကြေးကျလည်း သက်သာပြီး အဆင့်တန်းမြင့်တဲ့ ပုံပေါက်စေမယ့် ဖက်ရှင် နည်းလမ်းကောင်းတွေရှိပါတယ်။ ဒီနည်းလမ်းကောင်းတွေက ဘာလဲဆိုတာကြည့်ရအောင်...

၁။ သက်တောင့်သက်သာရှိပြီး ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အထည်

fit dress min

ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်စေမယ့် အဝတ်အစားကို ရွေးချယ်သင့်ပါတယ်။ ပွလွန်းတာ၊ ကျပ်လွန်းတာတွေက သင့်ကို ပုံပျက်စေပြီး အရည်အသွေးနိမ့်တဲ့ အရာတွေကို ရွေးချယ်တယ်လို့ ထင်စေနိုင်ပါတယ်။ မှန်ကန်တဲ့ ဆိုဒ်ကို ရွေးချယ်ပါ။

၂။ အိတ်ကောင်းကောင်းလေး တစ်လုံး

bag1 min

နေ့စဉ်သွားလာရတဲ့အခါမှာ အမြဲယူဆောင်သွားရမှာ ဖြစ်တာကြောင့် အရည်အသွေးကောင်းတဲ့ အိတ်လေးတစ်လုံးတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။

ပိုက်ဆံချွေတာချင်တဲ့ ကောင်မလေးတွေအတွက် ရှိထားသင့်တဲ့ ဖက်ရှင်တွေ

၃။ မှန်ကန်တဲ့ ဖိနပ်ဆိုဒ်ကို ရွေးချယ်ပါ။

heel min

ကိုယ်ရဲ့ ခြေထောက်နဲ့ ကိုက်ညီမှုရှိပြီး သင့်လျော်တဲ့ ဖိနပ်ဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။ မကိုက်ညီတဲ့ ဆိုဒ်တွေကို ဝတ်ဆင်ခြင်းဟာ သင့်ရဲ့ ပုံပန်းသဏ္ဍန်ကို ပိုပြီး ကျဆင်းစေပါတယ်။

၎။ နာရီကောင်းတစ်လုံး

watch min

မိန်းကလေးတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ နာရီလေးတစ်လုံးတော့ ပိုင်ဆိုင်ထားသင့်တယ်လို့ ထင်ပါတယ်။ နေ့ရက်တိုင်းအတွက် လိုအပ်ပြီး သင့်ကို တင့်တယ်စေပါတယ်။

၅။ အနီရောင်နှုတ်ခမ်းနီတစ်တောင့်တော့ ဆောင်ထားပါ

red lipstick min

တခြားအစိတ်အပိုင်းတွေကို မလိမ်းခြယ်ရင်တောင် နှုတ်ခမ်းနီလေးတော့ ဆိုးပါ။ နှုတ်ခမ်းနီအနီရောင်က သင့်ရဲ့မျက်နှာကို ပိုပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိစေပါတယ်။

 

Author:TDA

Read 7970 times
Rate this item
(1 Vote)