What's new
×
Warning
JUser: :_load: Unable to load user with ID: 845
အရပ်ပုတဲ့ သူတွေအတွက် အရပ်ရှည်သယောင်ဖြစ်စေတဲ့ ဖက်ရှင်ပုံစံများ
အရပ်ပုတဲ့ သူတွေအတွက် အရပ်ရှည်သယောင်ဖြစ်စေတဲ့ ဖက်ရှင်ပုံစံများ Google
ယောကျာ်းလေးဆိုတာဟာ အရပ်ရှည်မှကြည့်ကောင်းတယ်ဆိုတာကို သင့်အနေနဲ့ ငြင်းပယ်လို့ ရမယ်မထင်ပါဘူး။
ယောကျာ်းလေးတစ်ယောက်ဟာ အရပ်ရှည်တဲ့အခါမှာ ဆွဲဆောင်မှု ရှိပြီး အဝတ်အစားဝတ်တဲ့အခါမှာလည်း ပိုပြီး ကြည့်ကောင်းပါတယ်။
သို့ပေမယ့် အရပ်ပုတဲ့သူတွေအနေနဲ့ လည်း အရပ်ပုတာကိုအားနည်းချက်ကြီးတစ်ခုအနေနဲ့ စိတ်ညစ်နေစရာမလိုပါဘူူး။
အရပ်ပုတဲ့သူတွေအတွက် အရပ်ရှည်သယောင် ဖြစ်စေတဲ့ ဖက်ရှင်လေးတွေရှိပါတယ်။
ဖက်ရှင်ဆိုတာဟာ လူတစ်ယောက် ရုပ်ရည်သွင်မြင်အမြင်ကို သာ ပြောင်းလဲနိုင်တာမဟုတ်ပါဘူး
ခန္ဓာကိုယ်အချိုးအစားကိုပါပြောင်းလဲနိုင်စွမ်းရှိပါတယ်။
ကဲ အခုပဲ သင့်ကို အရပ်ရှည်သယောင် ဖြစ်စေတဲ့ ဖက်ရှင်ပုံစံတွေ ဟာ ဘယ်လိုပုံတွေဖြစ်မလည်းဆိုတာကို
တူတူကြည့်လိုက်ရအောင်။
၁။ ဘောင်းဘီရှည်
အရပ်ပုတဲ့ သူတွေအနေနဲ့ ဂျင်းဘောင်းဘီ အရှည်ဖြစ်ဖြစ် ၊ စတိုင်ပင် အရှည်တို့ကို ဝတ်ဆင်ခြင်းဖြင့်
လူကို အရပ်ရှည်သယောင်ဖြစ်စေပါတယ်။ ဘောင်းဘီရှည်ဝတ်ဆင်တဲ့ အခါမှာလည်း Fitting ကျဖို့လိုအပ်ပါ
တယ်။ ဘောင်းဘီ ပွယောင်းယောင်းကြီးတွေကို ဝတ်ဆင်မယ်ဆိုရင် တော့ သင့်ကို ပိုပြီး အရပ်ပုစေမှာ
အသေအချာပါပဲ။
၂။ အပေါ်ထပ် အင်္ကျီ လက်ရှည်
တီရှပ်တွေ ဝတ်မယ်ဆိုရင် အပေါ် က အင်္ကျီလက်ရှည်တစ်ထည်လောက်ထပ်ဝတ်သင့်ပါတယ်။
ဂျက်ကတ်အင်္ကျီတစ်ထည်လောက်ဖြစ်ဖြစ် ရှပ်အင်္ကျီ အပါးသားတစ်ထည်လောက်ဖြစ်ဖြစ် အပေါ်ကထပ်ဝတ်
လိုက်မယ်ဆိုရင် သင် အရပ်ပုတာကို မသိသာတော့ပါဘူး။
၃။ Classic Style
Classic Style တွေဟာ ဘယ်တော့ ရိုးသွားမှာမဟုတ်ပါဘူး။ ရှပ် အင်္ကျီ ထောင်လိုက်အစင်းကြီးတွေက
ရိုးရိးရှင်းရှင်းနဲ့ သင့် ခန္ဓာကိုယ်ကိုပိုပြီး သွယ်လျစေပါတယ်။
၄။ Pointy Shoes
ဒေါက်ပါတဲ့ ဖိနပ်အမြင့်တွေစီးတာဟာ သင့်အရပ်ကိုရှည်စေဖို့ အတွက် အလွန်အထောက်အကူပြုပါတယ်။
အရပ်ပုတဲ့ သူတွေအတွက် Pointy Shoes တွေက မရှိမဖြစ်လိုအပ်တဲ့ ဖိနပ် တွေပဲဖြစ်ပါတယ်။
၅။ Fitting ကျကျ ဝတ်ဆင်ခြင်း
အရပ်ပုတဲ့သူတွေအနေနဲ့ Fitting ကျကျ ဝတ်ဆင်သင့်ပါတယ်။ဆိုဒ် မမှန်တာမျိုးတွေမဝတ်ဆင်သင့်ပါဘူး။
Fitting မဖြစ်တဲ့ဝတ်စားဆင်ယင်ပုံကသင့်ကို ပိုပြီးပုသယောင်ဖြစ်စေပါတယ်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
သို့ပေမယ့် အရပ်ပုတဲ့သူတွေအနေနဲ့ လည်း အရပ်ပုတာကိုအားနည်းချက်ကြီးတစ်ခုအနေနဲ့ စိတ်ညစ်နေစရာမလိုပါဘူး။
၁။ ဘောင်းဘီရှည်
     ge1
   အသေအချာပါပဲ။
ge2
၃။ Classic Style
     ge3
၎။ Pointy Shoes
ge4
     ge5
Myanmar Textile and Garment Directory
Read 2254 times
Rate this item
(0 votes)
Tagged under