What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေလေးတွေ သိထားသင့်တဲ့ Meghan Markel ရဲ့ဖက်ရှင် လျှို့ဝှက်ချက် (၉) ခု

ပျိုမေလေးတွေ သိထားသင့်တဲ့ Meghan Markel ရဲ့ဖက်ရှင် လျှို့ဝှက်ချက် (၉) ခု google

Meghan Markel ဟာ မေလ ၂၀၁၈မှာ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်လာခဲ့ပြီး တော်ဝင်ဝတ်စားဆင်ယင်မှု စည်းမျဉ်းက

တော်တော်လေး တင်းကျပ်တာကြောင့် သူမရဲ့ဖက်ရှင်စတိုင်ဟာ အများကြီး ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့အသွင်အပြင်ကတော့ အမြဲတမ်းလှပကြော့ရှင်းနေခဲ့ပါတယ်။ ဒီဆောင်းပါးမှာ အမျိုးသမီးတွေအတွက် အသုံးဝင်နိုင်မယ့် Meghan Markel ရဲ့ဖက်ရှင်အကြံပေးချက်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ အသားအရေကို ပေါ်လွင်စေတဲ့အရောင်
များသောအားဖြင့် Meghan Markel ဟာ အဝါနုရောင်လေးတွေ၊ အရောင်နုနုလေးတွေ ဝတ်ဆင်တာကို မြင်ရပါတယ်။ သူမရဲ့အသားရောင်က ညိုတာကြောင့် ဒီအရောင်တွေက သူမကို ပေါ်လွင်စေပါတယ်။ သင့်ရဲ့ skin toneကို အားသာချက်တစ်ခုအဖြစ် ပြောင်းဖို့ သင့်ရဲ့အရောင်အမျိုးအစားကို ရှာဖွေဖို့ လိုပါတယ်။ အသားညိုတဲ့ မိန်းကလေးတွေဟာ အသားရောင်၊ ကာကီရောင်၊ ကြက်သွေးရောင်၊ အဝါရောင်တောက်တောက် အဝတ်အစားတွေကို ဝတ်ဖို့ အကြံပြုပါတယ်။ သင့်အသားရောင်က ဖြူရင် အရောင်နုနုလေးတွေ သို့မဟုတ် နက်ပြာရောင်၊ မြစိမ်းရောင်လေးတွေ ဝတ်ဆင်နိုင်ပါတယ်။

၂။ ညှပ်ရိုးကို အသားပေးဖော်ပြတဲ့ ဝတ်စုံ
ပခုံးညှပ်ရိုးကို ဖော်ပြတဲ့ ဝတ်စုံလေးတွေဟာ လည်ဟိုက်ကြီးတွေကို ဝတ်တာထက်စာရင် ဖက်ရှင်ရွေးချယ်မှုကောင်းတစ်ခုဖြစ်ပါတယ်။ ထိုသို့သောအဝတ်အစားက တော်ဝင်ဆန်ပြီး တကယ့် မိန်းမပီသစေပါတယ်။

Read More>>> ဝတ်ဆင်လိုက်တဲ့အခါမှာ ပျိုမေတို့ကို ဒုက္ခပေးတတ်တဲ့ အဝတ်အစားများ

၃။ ခန္ဓာကိုယ်အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးတဲ့ ဝတ်စုံ
Meghan ဟာ ရင်သားသေးပြီး တင်ပါးကျဉ်းတာကြောင့် သူမဟာ တင်ပါးကို ပိုကျယ်ပြီး ရင်သားပိုကြီးသယောင်ဖြစ်စေမယ့် ဂါဝန်တွေကို ရွေးချယ်တတ်ပါတယ်။ အထည်ကို အလွှာပုံစံလေးတွေ ၊အတွန့်အဖတ်လေးတွေထည့်တာ၊ အရောင်ကို အလေးပေးတာက သင့်ရင်သားအရွယ်အစားကို ပိုကြီးသယောင် ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ရင်သားကြီးတဲ့သူတွေဆိုရင်တော့ ကြယ်သီးမပါတဲ့ အကျီင်္တွေ၊ ဘလောက်အင်္ကျီတွေ၊ ဘလေဇာအရှည်တွေနဲ့ လည်ပင်းအဝိုင်းပုံစံလေးတွေ ဝတ်ဆင်ဖို့ အကြံပြုပါတယ်။

၎။ အသားကပ်ခြေအိပ်ကို မှန်ကန်စွာရွေးချယ်ပါ
အသားကပ်ခြေအိပ်တွေက သင့်ရဲ့ အသွင်အပြင်ကို ပျက်စီးနိုင်သလို ပိုပြီးတော့လဲ ကြည့်ကောင်းစေနိုင်စွမ်း ရှိပါတယ်။ Meghanဟာ များသောအားဖြင့် သူမဂါဝန်ကဲ့သို့ အရောင်တူခြေအိပ်လေးတွေကို ဝတ်ဆင်ပါတယ်။ တကယ်တော့ ဒီနည်းလမ်းဟာ အနီရောင်၊ ပန်းရောင်ဂါဝန်တို့နဲ့ အလုပ်မဖြစ်ပါဘူး။ ထိုကဲ့သို့သော အသားကပ်ဘောင်းဘီတွေဟာ အသားရောင်လေးတွေက ပိုပြီးသင့်ကိုကြော့ရှင်းစေပါလိမ့်မယ်။ သင့်အသားအရောင်က darkerဆိုရင် Meghanလို ဝတ်ဆင်ကြည့်နိုင်ပါတယ်။

၅။ အင်္ကျီပွပွကြီးတွေ
Oversized အဝတ်အစားများကို လူကြိုက်များကြပါတယ်။ တော်ဝင်မိသားစုတွေ မဝတ်ကြပေမယ့် Meghanဟာ တခါတရံမှာ စည်းမျဉ်းချိုးဖောက်ပြီး ရှပ်အင်္ကျီအစင်းပွပွကြီးတွေကို ဝတ်လေ့ရှိပါတယ်။ သူမဟာ classic pantsနှင့်အတူ ဦးထုပ်တစ်လုံးကိုပါ ပေါင်းစပ်ဝတ်ဆင်လေ့ရှိပါတယ်။

၆။ ပြီးပြည့်စုံတဲ့ ဘောင်းဘီကို ရွေးချယ်ပါ
classic ဆန်တဲ့ ဘောင်းဘီတစ်စုံဟာ စီးပွားရေးနဲ့ဆိုင်တဲ့ အစည်းအဝေး၊ အခမ်းအနား ဘယ်နေရာမဆို သင့်တော်ပါတယ်။ သင့်တော်မယ့် accessories တွေကို ရှာဖွေလို့ရပြီး ဂျာကင်အင်္ကျီ ဝတ်ဆင်ခြင်းကိုတော့ ရှောင်ရပါမယ်။

၇။ accessories တွေဝတ်ဆင်ဖို့ မကြောက်ပါနဲ့
အဝတ်အစား သားသားနားနား ဝတ်ဆင်ပြီးရင် accessories တွေဝတ်ရမှာ မကြောက်ပါနဲ့။ accessoriesတွေက သင့်တစ်ကိုယ်လုံးကို ပိုပြီး ကြည့်ကောင်းစေနိုင်တာကြောင့်ပါ။
အများအားဖြင့် တော်ဝင်မိသားစုတွေ မဝတ်ဆင်ကြသော်လည်း Meghanကတော့ မကြာခဏ မျက်မှန်လေးတွေ ဝတ်ဆင်ပါတယ်။ ပိုပြီး လိုက်ဖက်သွားအောင် ဒီလိုဦးထုပ် accessoryတွေပါ ဝတ်ဆင်တတ်ပါသေးတယ်။

၈။ accessories နှင့် ဝတ်စုံတွေရဲ့အရောင်ကို ပေါင်းစပ်ဖို့ လေ့လာပါ
Meghan ဟာ အိတ်ကြီးကြီးတွေလွယ်ရတာကြိုက်ပြီး သူမဝတ်စုံ၊ ဂါဝန်နဲ့ ကြည့်ကောင်းမယ့်အရောင်ကို အမြဲတမ်းရွေးချယ်လေ့ရှိပါတယ်။ သူမဝတ်ဆင်ထားတဲ့ အစိမ်းရောင်ရင့်ဂါဝန်နဲ့ အညိုရောင်လက်ကိုင်အိတ် ဟာပြီးပြည့်စုံတဲ့ သာဓက ဖြစ်ပါတယ်။ သင့်ရဲ့ဗီဒိုထဲမှာ accessories ရဲ့အရောင်တွေကို ရွေးချယ်ဖို့ဆိုရင် ဘယ်အရောင်တွေကို ပေါင်းစပ်နိုင်လဲဆိုတာ လေ့လာဖို့လိုပါတယ်။

၉။ ခါးကိုပေါ်လွင်စေမယ့် ဒီဇိုင်းတွေ
သင့်ခန္ဓာကိုယ်က သဲနာရီပုံမဟုတ်ဘူး ဆိုရင်တောင် ခါးကို ပေါ်လွင်အောင် ဝတ်ဆင်လို့ရနိုင်ပါတယ်။ Meghan ဟာများသောအားဖြင့် စကတ်ကားကားလေးတွေကို ခါးပတ်နဲ့အတူ ဝတ်ဆင်လေ့ရှိပါတယ်။ ခါးပတ်လေးတွေက ခါးတုတ်တဲ့သူကို ခါးသေးသွယ်သယောင်ဖြစ်စေတာကြောင့်ပါ။


Source: Lifestyle_Myanmar

Myanmar Textile and Garment Directory

Read 1867 times
Rate this item
(0 votes)