What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"စုံတွဲတွေအတွက်ဖက်ရှင် Tips"

ကျောင်းပိတ်ရက်ရုံးပိတ်ရက်တွေမှာချစ်သူနဲ့လျောက်လည်တော့မယ်ဆိုရင်လိုက်ဖက်ညီတဲ့အတွဲလေး လို့ထင်ရအောင်တူညီဝတ်စုံလေးတွေဝတ်ပြီးလျောက်လည်လေ့ရှိကြပါတယ်။အက်ီၤဆင္တူဝတ္မွ ၂ေယာက္သားလိုက္ဖက္ညီတာမဟုတ္ပါဘူး။အကျီင်္ဆင်တူတွေချည်းဝတ်နေရင်လည်းရိုးလွန်းပါတယ်။ အခြားနည်းတွေနဲ့လည်းလိုက်ဖက်ညီအောင်တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ဒီလိုတွဲဖက်ဝတ်ဆင်တတ် ရင်အခြားအတွဲတွေကြားမှာကိုယ့်အတွဲကတမူထူးခြားပြီးကြည့်ကောင်းနေမှာပေါ့။

- အပေါ်အောက်ဆန့်ကျင်ဘက်အရောင်တွဲဖက်ဝတ်ခြင်း

အကျီင်္အရောင်တူဘောင်းဘီအရောင်တူဝတ်တာကဒီနေ့ခေတ်မှာရိုးနေပြီဖြစ်လို့အရောင်တူဝတ်ချင်ရင် အပေါ်အောက်အရောင်တူဝတ်တာထက်အပေါ်အောက်ဆန့်ကျင်ဘက်အရောင်တူဝတ်ဆင်တာကပိုပြီး ဆန်းသစ်ပါတယ်။ကိုယ့်ချစ်သူကအကျီင်္အပြာဝတ်မယ်ဆိုရင်ကိုယ်ကစကပ်အပြာလေးဝတ်တာမျိုးပေါ့။ ဒီလိုဝတ်တာကအရမ်းကိုလိုက်ဖက်ညီစေပြီးအနောက်နိုင်ငံတွေကနာမည်ကြီးအနုပညာရှင်စုံတွဲတွေ ဝတ်လေ့ရှိကြတဲ့ဖက်ရှင်မျိုးပါ။

- ကုတ္အက်ီၤအေရာင္တူ

အဝတ်အစားတွေအရောင်မတူဒီဇိုင်းမတူဝတ်ထားကြပြီးကုတ်အကျီင်္ဆင်တူလေးဝတ်လိုက်ရင်အရမ်း ကြည့်ကောင်းတဲ့အတွဲလေးဖြစ်သွားမှာပေါ့။ကုတ်အကျီင်္တွေကဖက်ရှင်လောကမှာမရှိမဖြစ်တဲ့အဝတ် အစားဖြစ်ပြီးဘယ်သူဝတ်ဝတ်ကြည့်ကောင်းစေပါတယ်။လုံးဝကြီးဆင်တူဖြစ်ဖို့လဲမလိုပါဘူး။အရောင် တူရင်လဲအဆင်ပြေပါတယ်။

- အကွက်တူပြီးဒီဇိုင်းမတူတဲ့အကျီင်္

ချစ်သူကတီရှပ်အကျီင်္အကွက်တွေဝတ်လေ့ရှိတယ်ဆိုရင်သူနဲ့ဆင်တူတီရှပ်အကွက်တွေလိုက်ဝတ်လို့ ရပါတယ်။အကွက်တူပေမယ့်ဒီဇိုင်းမတူတဲ့အကျီင်္တွေတွဲဖက်ဝတ်ဆင်တာကလဲအရမ်းလိုက်ဖက်ညီစေ ပါတယ်။

- Oversize တီရှပ်

အချို့အမျိုးသားဝတ်တီရှပ်တွေကမိန်းကလေးတွေဝတ်လိုက်တဲ့အခါဂါဝန်လိုမျိုးအရှည်ကြီးဖြစ်သွားစေ ပါတယ်။ချစ်သူနဲ့ဆင်တူတီရှပ်ဝယ်ပြီးကိုယ်ကတီရှပ်အရှည်ကြီးကိုဂါဝန်လိုမျိုးခါးပါတ်လေးပါတ်ပြီးဝတ်တာကဖက်ရှင်ကျပြီးတမူထူးခြားစေပါတယ်။ချစ်သူယောင်္ကျားလေးတော်တော်များများကသူတို့ရဲ့ ချစ်သူကောင်မလေးတွေoversize တီရှပ်တွေဝတ်တာကိုအရမ်းကြိုက်ကြလေ့ရှိပါတယ်။

Read 1595 times
Rate this item
(0 votes)