What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပစ္စည်းတစ်ခု ရောင်းအားကောင်းဖို့ အသုံးပြုလေ့ရှိတဲ့ နည်းဗျူဟာတချို့

အဝတ်အစား၊ ဖိနပ်၊ အသုံးအဆောင် ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ရောင်းအားကောင်းဖို့လိုပါတယ်။ ရောင်းအားကောင်းမှ အကျိုးအမြတ်ရပြီး ရေရှည်တည်တံ့နိုင်တာပါ။

အခုလို အကျိုးအမြတ်ရဖို့အတွက် သတိမထားမိတဲ့ နည်းဗျူဟာတွေ အများကြီးသုံးလေ့ရှိတတ်ကြပါတယ်။

၁။ သင်လိုချင်တာထက် ပိုပြီးဝယ်အောင်ဆွဲဆောင်ခြင်း

ဥပမာ အင်္ကျီဝယ်ဖို့သွားတယ်ဆိုပါစို့။သင့်ကို ဝန်ထမ်းတွေက သင်ဝယ်လိုက်တဲ့အဝတ်အစားနဲ့ ဒါလေးနဲ့လိုက်တယ်။ ဒီလက်ဝတ်လက်စားနဲ့ဆိုပိုလိုက်မယ်။ ဝတ်ကြည့်ပါလား။ စသဖြင့် သင့်ကို များများဝယ်ချင်အောင် ဆွဲဆောင်လေ့ရှိပါတယ်။

၂။ သင်နဲ့လိုက်တယ်လို့ပြောခြင်း

ဖိနပ်ပဲဝယ်ဝယ်၊ ကုတ်ကအင်္ကျီ ပဲဝယ်ဝယ်၊ လှတယ် ဝတ်ကြည့်ပါလား။ စသဖြင့် သင့်ကိုဝတ်ကြည့်ခိုင်းတယ်။ ပြီးရင် သူတို့ကိုယ်တိုင်လည်း လိုက်လိုက်လဲလဲ ဝတ်ပေးတယ်။ သင့်အနေနဲ့ ဟင့်အင်းလို့ မငြင်းနိုင်အောင်ပါပဲနော်။

၃။ ယူသွားလိုက်ပါ ပြီးမှမတော်ရင်ပြန်လာလဲလို့ပြောခြင်း

တချို့ကတော့လည်း သင့်အနေနဲ့ လုံးဝမကြိုက်တာမျိုး၊ ဒါမှမဟုတ် တခြားသူအတွက် ဝယ်ပေးရင်း ဆိုဒ်သိပ်မသေချာတာမျိုး ကြုံဖူးမှာပါ။ အဲဒီအခါ ယူသွားလိုက်။ ပြီးမှ မတော်ရင်ပြန်လာလဲ စသဖြင့် ရွေးချယ်မှုပေးတတ်ပါတယ်။

၎။ ပရိုမိုးရှင်းတွေလုပ်တဲ့အခါ ဆိုင်ရဲ့ မန်ဘာဖြစ်ဖို့ သင့်ကို တိုက်တွန်းခြင်း

ပရိုမိုးရှင်းတွေလုပ်နေပြီး အဝတ်အစားတွေလည်း အရမ်းတန်တယ်၊ ဝယ်သွားပါ။ တခါတည်းမန်ဘာဝင်လိုက်။ ဒါဆိုရင် ပိုပြီးဈေးလျှော့ပေးတယ် စသဖြင့် သင့်ကို တိုက်တွန်းတတ်ပါတယ်။

၅။ တခြားအပိုပစ္စည်းတွေလည်းရောင်းဖို့ကြိုးစားခြင်း

သင်လာဝယ်တာက အင်္ကျီဆိုရင်၊ ဒီဘောင်းဘီလေးနဲ့လိုက်တယ်။ ဒီဖိနပ်နဲ့လိုက်တယ်။ သဖြင့် သင်မလိုအပ်တဲ့အရာတွေ လာပြတတ်ပါတယ်။ အဲဒီအခါ ဒါမလိုသေးဘူးလို့ ငြင်းလိုက်ပါ။အားမနာပါနဲ့။

၆။ တခါတလေ ဆိုဒ်မမှန်တတ်ဘူး

တချို့အင်္ကျီတွေက ကိုယ်ဝတ်နေကျဆိုဒ်ထင်ပြီး M, L, XL စသဖြင့် ဒီအတိုင်းမရွေးလိုက်ပါနဲ့။ ဝတ်ကြည့်လိုက်ပါ။

Read 3654 times
Rate this item
(1 Vote)