What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရီးသွားရင်း အထာကျကျ ဓာတ်ပုံရိုက်ဖို့ ဘာတွေ လိုမလဲ?

ခရီးသွားရင်း အထာကျကျ ဓာတ်ပုံရိုက်ဖို့ ဘာတွေ လိုမလဲ? google

နွေရာသီ ခရီးသွားရာသီ ရောက်တော့မှာ ဆိုတော့ ခရီးသွားဖို့ လာဖို့ လုံးပန်းရမယ့် အချိန်ရောက်တော့မှာပါ။ တစ်နှစ်ကို တစ်ခေါက်လောက်တော့

စိတ်အပန်းပြေဖို့အတွက် ခရီးသွားသင့်ပါတယ်။ ဒါဆိုရင် ခရီးသွားရင်း ဓာတ်ဖမ်းချင်တဲ့ ပျိုမေလေးတွေအတွက် ဘာတွေ ယူသွားရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) ပုဝါတစ်​ထည်​ပါ​အောင်​ယူပါ
ခရီးသွားလျှင်​ ပုဝါတစ်​ထည်​ပါ​အောင်​ယူပါ။ ပုဝါ​​လေးနဲ့ postအမျိုးမျိုး​ပေးလို့ရတယ်​။ ဆံပင် မရှုပ်အောင် ပုဝါလေးကို ခေါင်းမှာစီးပြီး ဓာတ်ပုံ ရိုက်မလား။ လေထဲမှာ တလွင့်လွင့် ထား အလန်း post လေးတွေ ပေးမလား။ အမျိုးမျိုး အသုံးဝင်တဲ့အတွက်ပါ။

Read:သင်္ကြန်ကာလနီးလာပြီဖြစ်၍ ရန်ကုန်မြို့ ဈေးများ၌ မြန်မာဝတ်စုံများ ရောင်းအားတက်

(၂) မျက်​မှန်​တစ်​လက်​ပါ​အောင်​ယူပါ
မျက်​မှန်​မတပ်​ချင်​လဲအင်္ကျီမှာချိတ်​ထား၊ ခေါင်း​ပေါ်တင်​ထား မိုက်​တယ်​။ လူက ပင်ပန်းပြီး မလှတော့ဘူးလို့ ထင်လာရင် မျက်မှန်လေး ကောက်တပ်ပြီး ပြုံးပြုံးလေးသာ နေလိုက်မှာ ဓာတ်ပုံထဲမှာ အရမ်းလှနေမှာ။

(၃) ဗမာဝတ်​စုံ​လေး​တွေဆိုလဲ​ ပေါ့​ပေါ့ပါးပါး​လေး​တွေ ယူပါ(ဥပမာ-ချည်​ဝမ်းဆက်​)
လေးလံ​နေတဲ့ ချိတ်​ထမိန်​​တွေမယူပါနဲ့။ နွေရာသီ ခရီးသွားတယ်ဆိုမှတော့ ချိတ်ထမီကြီးတွေ ဝမ်းဆက်အထူကြီးတွေနဲ့ဆို ပူအိုက်နေမှာနော်။

(၄) ပေါ့ပါးတဲ့ ဖိနပ်​ကို စီးပါ။
ဖိနပ်အတွက်ကိုတော့ ရှုးလေးတွေ ဖြစ်ဖြစ် ဖိနပ်ပါးပါး လှလှလေးတွေ ဖြစ်ဖြစ်ယူသင့်ပါတယ်။ ဒေါက်ဖိနပ်ကို လိုလိုပိုပို ယူသွားချင်ရင်လဲ ရပါတယ်။ ခြေထောက်နာမှာစိုးလို့ မစီးရင်တောင် ဓာတ်ပုံရိုက်တဲ့ခဏလေး ကောက်စီးထားလို့ ရတာပေါ့။

(၅) အဝတ်အစားကို ဒီလိုတွေ ယူပါ။
ရှပ်​အဖြူ​လေးနဲ့ဂျင်းတစ်​ထည်​ပါ​အောင်​ယူပါ။ အဲ့လိုဖက်ရှင်လေးနဲ့ဆို ဘယ်လိုဖြစ်ဖြစ် စမတ်ကျနေမှာ မို့ပါ။ နောက်ပြီး ဂါဝန်လှလှလေးတွေ ယူပါ။ ဂါဝန်စ တလွင့်လွင့်နဲ့ ဓာတ်ပုံရိုက်တာက သင့်ကို အမိုက်စား ဖြစ်စေမှာပါ။

(၆)power bank ​ဆောင်​ပါ။
ဒီအချက်က အ​ရေးကြီးပါတယ်။ ဓာတ်ပုံလှလှလေးတွေ ရိုက်မယ်ဆိုမှ ဖုန်းအားကုန်နေလို့ မဖြစ်ဖူးလေ။ ဒါကြောင့် Power Bank ဆောင်ပါ။

(၇) အလှပြင်ပစ္စည်းတွေ ယူသွားပါ။
အလှပြင်​ပစ္စည်းအ​နေနဲ့တော့ မိတ်​ကပ်​ရယ်​ မျက်​ခုံး​မွှေးဆွဲတံ​လေးရယ် ​နူတ်​ခမ်းနီ​တစ်​ဗူးရယ် ပါရင်​ပြည့်​စုံပါပြီ။ တခြား Skin Care ပစ္စည်းတွေလဲ ယူချင်ယူသွားလို့ ရပါတယ်နော်။

(၈) ရှူခင်း အသား​ပေး post များများ ရိုက်​ပါ
ဘယ်အချိန် ပြန်ကြည့်ကြည့် ကိုယ်​​ရောက်​ဖူးတယ်ဆိုတဲ့ အမှတ်တရလေး ရသွားအောင်လို့ပါ။ ဒါကြောင့် လူမပါရင်နေ ရှူခင်းပုံလေးတွေ ရိုက်ပါ။ လူပုံပါတော့ ပိုလှတာပေါ့။

အ​ရေးကြီးဆုံးတစ်​ခုက​တော့ စိတ်​ရှည်​ရှည်​နဲ့​ ရောက်​​လေရာ မငြိုမငြင်​ ဓာတ်​ဖမ်း​ပေးနိုင်​​သော သူငယ်​ချင်း ဒါမှမဟုတ်​ တခြားတစ်​​ယောက်​​ယောက်​​ပေါ့​။ အဲ့လိုလူပါမှသာ ခရီးသွားပါ။ အဲ့ဒါမှ ဓာတ်ပုံလှလှလေးတွေ ရမှာမို့ပါ။

Source: Thin Zar Soe

Read 1901 times
Rate this item
(0 votes)
Tagged under