Valentine Day ရောက်တော့မှာဆိုတော့ ကောင်မလေးတွေကို လက်ဆောင်ပေးချင်တဲ့ ကောင်လေးတွေအနေနဲ့ ပန်းစည်းတို့ အရုပ်တို့ပဲ ပေးကြမှာလား??? အဲ့လိုမဟုတ်ပဲ အင်္ကျီလေးတွေ လက်ဆောင်ပေးကြမယ်ဆိုရင်ရော??? အသုံးဝင်လို့ ပိုသဘောကျမှာ သေချာပါတယ်နော်။ လက်ေဆာင်ပေးဖို့ ရွေးချယ်သင့်တဲ့ အင်္ကျီလေးတွေကို ပြောပြပေးချင်ပါတယ်ရှင်။
ဆွယ်တာ
ဆွယ်တာလေးတွေက မိုးရာသီမှာရော ဆောင်းရာသီမှာပါ အဆင်ပြေစေမှာပါ။ V day မှာ Couple ဆွယ်တာလေးတွေနဲ့လဲ လန်းလို့ ရတဲ့အတွက် ရွေးချယ်သင့်ပါတယ်နော်။
Shoulder Off
Shoulder Off အင်္ကျီလေးတွေက ပုံစံအမျိုးမျိုးထွက်နေတဲ့အတွက် ရွေးချယ်စရာ အများအပြားရှိတဲ့အပြင် ဝတ်လိုက်ရင်လဲ ချစ်စရာကောင်းသွားတာတတ်ပါတယ်။ ဒါကြောင့် လက်ေဆာင်ပေးဖို့ အင်္ကျီရွေးမယ်ဆိုရင် Shoulder Off အင်္ကျီလေးတွေကို ထည့်စဉ်းစားသင့်ပါတယ်။
ဂါဝန်
ဂါဝန်လေးတွေက ဝတ်လိုက်ရင် ချစ်စရာကောင်းပြီး တစ်မျိုးတည်းဝတ်ရုံနဲ့ အဆင်ပြေတဲ့အတွက် ကောင်မလေးတော်တော်များများက ကြိုက်ကြပါတယ်။ ဒါကြောင့် လက်ဆောင်ပေးမယ်ဆိုရင် ဂါဝန်လေးတွေကိုလဲ ရွေးချယ်သင့်ပါတယ်။