What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလှအပ၊ ဖက်ရှင်နဲ့ ကျန်းမာရေးအတွက် အသုံးတည့်တဲ့ ပစ္စည်းလေးများ

အလှအပ၊ ဖက်ရှင်နဲ့ ကျန်းမာရေးအတွက် အသုံးတည့်တဲ့ ပစ္စည်းလေးများ google

        အမြဲလိုလို သုံးစွဲနေတဲ့ ပစ္စည်း လေးတွေက ထင်မထားလောက် အောင် အသုံးတည့်နေတာလေး တွေရှိနေတာမို့ ဘာပစ္စည်းလေး တွေကို ဘယ်လိုသုံးလို့ရလဲ လေ့ လာကြည့်ရအောင်ပါ။

မျက်ခုံးမွေးဆွဲဘရပ်ရှ်

        အင်္ကျီမှာ ချည်စချည်နလေးတွေ၊ ဂွမ်းစ(ဒါမှ မဟုတ်) အိမ်မွေးတိရစ္ဆာန်လေး တွေရဲ့ အမွေးတွေ ကပ်ငြိနေတဲ့ အခါမှာ မျက်ခုံးမွေးဆွဲဘရပ်ရှ် လေးနဲ့ ဖယ်ရှားနိုင်ပါတယ်။ မျက်ခုံးဆွဲဖို့ ပြန်မသုံးခင်မှာတော့ သေ ချာသန့်စင်ထားဖို့ လိုပါတယ်။

 

brush

 

 

အခြောက်ခံစက္ကူပါး

         ခေါင်း လျှော်ဖို့ အချိန်မရတော့တဲ့အခါ မျိုးတွေမှာ ဦးရေပြားက အဆီ တွေ၊ အနံ့အသက်တွေပျောက်ဖို့ ဆိုရင် အခြောက်ခံစက္ကူပါးလေး နဲ့ ဦးရေပြားအနှံ့ လိုက်ပွတ်ပေး လိုက်ရင် အဆင်ပြေနိုင်ပါတယ်။

 

dry paper

 

မျက်ခွံဆိုးဆေး

        အိုင်းရှဲဒိုးတွေ ဟာ မျက်ခွံဆိုးရုံအတွက်သာမက ပါးနီအဖြစ်သော်လည်းကောင်း၊ နှုတ်ခမ်းဆိုးဆေးအဖြစ်သော် လည်းကောင်း၊ အရောင်တင်ရာ၊ ကောက်ကြောင်းဖော်ရာမှာပါ အ သုံးပြုနိုင်ပါတယ်။ ဒါတင်မက ဆံ ပင်အဖြူနားတွေ ဖုံးတာတို့၊ ဆံပင်ထူသယောင်ထင်ရအောင်တို့ ပါ လုပ်နိုင်ပါသေးတယ်။

သွားတိုက်ဆေး

        ဝက်ခြံဖုတွေကို သွားတိုက်ဆေးတို့ပြီးပျောက် အောင် လုပ်နိုင်သလို လက်သည်း တွေဝါနေရင်လည်း သွားတိုက် ဆေးလေးနဲ့ ပွတ်ပြီးဆေးကြော လိုက်ရင် ဖြူစင်လာစေပါတယ်။  မီးပူတိုက်နေတုန်း (ဒါမှ မဟုတ်)ဟင်းချက်နေတုန်းမှာ မ တော်တဆ လက်အပူလောင်မိ ရင်သွားတိုက်ဆေးလေးသုတ်ပြီး နာကျင်တာသက်သာအောင် လုပ်နိုင်ပါတယ်။

 

toothpaste

 

ကြယ်သီးအဟောင်းများ

        ကြယ် သီးအဟောင်းလေးတွေ သုံးပြီး နားကပ်တို့၊ လက်ကောက်တို့၊ ဆွဲ ကြိုးတို့လိုမျိုး ဖန်စီပစ္စည်းလေး တွေ ဖန်တီးပြီး ၀တ်လို့ရသလို ရောင်စုံကြယ်သီးအဟောင်းလေး တွေ သုံးပြီး အိတ်ဟောင်းတို့၊ အင်္ကျီတို့မှာလည်း အမြင်ဆန်း သစ်အောင် လုပ်နိုင်ပါသေးတယ်။

 

button

 

မျက်နှာလိမ်းတိုနာ

         အစွန်းအ ထင်းတွေ၊ အကွက်အပြောက် တွေ ပျောက်ချင်ရင် တိုနာလေး သုတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒိန်ချဉ်

        မီးပူတိုက်နေတုန်း (ဒါမှ မဟုတ်)ဟင်းချက်နေတုန်းမှာ မ တော်တဆ လက်အပူလောင်မိ ရင်ဒိန်ချဉ်လေးသုတ်ပြီး နာကျင်တာသက်သာအောင် လုပ်နိုင်ပါတယ်။အပူလောင်တဲ့ နေရာမှာ လိမ်းထားရင် အသားအေးစေသလို ရောင်ကိုင်းတာတို့၊ နီလာတာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Source:7day Daily

Read 1597 times
Rate this item
(0 votes)
Tagged under