What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးများ အတွင်းခံအဝတ်အစား ဝတ်ဆင်တဲ့အခါမှာ ဘယ်လိုအမှားတွေကို ရှောင်ရှားသင့်လဲ

သင်အနေနဲ့ အမြဲတမ်း အတွင်းခံအဝတ်တွေကို သက်သောင့်သက်သာရှိပြီး ဝတ်ရတာအဆင်ပြေစေအောင်လို့ ရှာဖွေ စဉ်းစားတာဟာ ကောင်းမွန်တဲ့အရာပါ။ ဒါပေမယ့် အမျိုးသမီးအများစုဟာ အတွင်းခံအဝတ်အစားတွေကို ဝယ်ယူတဲ့ အခါမှာ မှားယွင်းတဲ့အရာတွေ ပြုလုပ်လေ့ရှိတယ်။ ဒါကြောင့် ဘယ်လို အမှားတွေကို ရှောင်ရှားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

1. ဘရာအထည်သား

Bra fabric min

တင်းကျပ်တဲ့ ဘောင်းဘီ (သို့) အရောင်လင်းတဲ့ လည်ထောင်အင်္ကျီတွေအောက်မှာ ဇာနဲ့လုပ်ထားတဲ့ အတွင်းခံတွေကို မဝတ်ဆင်ပါနဲ့။ အထည်သား ကြမ်းတမ်းပြီးတော့ ဘယ်လိုဘရာမျိုးကို ဝတ်ဆင်လဲဆိုတာ အများက သတိထားမိလိမ့်မယ်။ သင့်အဝတ်အစားက ဒီလို မညီမညာဖြစ်နေတာကြောင့် သင့်ရဲ့ရုပ်သွင်ကိုပါ ထိခိုက်စေနိုင်တယ်။ အဲ့ဒီအစား အသားချောတဲ့ ဘရာမျိုးကို ရွေးချယ်ပါ။

2. ဝတ်ဆင်မှုပုံသဏ္ဍန်

Shapewear min

တစ်ချို့အမျိုးသမီးတွေဟာ မဂ္ဂဇင်းကြော်ငြာတွေထဲက မိန်းကလေးတွေဝတ်ဆင်သလိုမျိုး ဝတ်ချင်ကြတယ်။ ပြီးပြည့်စုံအောင် ရှာဖွေကြည့်လိုက်တဲ့အခါ သူတို့ဟာ အရွယ်အစားသေးတဲ့ အတွင်းခံတွေကို ဝယ်ကြတယ်။ ဒီလိုမျိုးပြုလုပ်တာက မှားယွင်းပြီး သင့်ခန္ဓာကိုယ်ကိုပါ အန္တရာယ်ဖြစ်စေနိုင်တယ်။ အနည်းဆုံး ၆နာရီလောက်သာ ဝတ်ဆင်လို့ရပါတယ်။ ဒီလိုမှ မဟုတ်ရင် မှားယွင်းတဲ့ ဆိုဒ်ကို ဝတ်ဆင်မယ်ဆိုရင် သွေးလည်ပတ်မှုတွေက ကောင်းစွာ အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး။

3. ဘရာဆိုဒ်

Bra size min

အချို့မိန်းကလေးတွေက အရွယ်အစားသေးတဲ့ ဘရာတွေကို ဝတ်ဆင်မယ်ဆိုရင် ရင်သားပိုကြီးတဲ့ အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေကြတယ်။ ဒါ့အပြင် အရွယ်အစား ကြီးလွန်းတဲ့ ဘရာတွေကလည်း သင့်ကို fit ဖြစ်စေမှာမဟုတ်ဘဲ ချောင်ကျိနေတာတွေလည်း ဖြစ်ပေါ်စေနိုင်တယ်။ ဆိုဒ်သေးတော့လည်း သွေးလည်ပတ်မှု မကောင်းမှာတွေ ဖြစ်နိုင်တယ်။ ဘရာကြိုးဟာ fit ဖြစ်နေမယ်ဆိုရင် အောက်ကိုချော်ထွက်သွားတာလဲ မရှိတဲ့အပြင် ဘရာပုံပန်းသဏ္ဍန်လည်း ပျက်မသွားပါဘူး။ တကယ်လို့ ရင်သားပိုကြီးတာကို လိုချင်တယ်ဆိုရင် ရင်သားကို ပင့်တင့်ပေးတဲ့ ရေမြုပ်ပါတဲ့ ဘရာမျိုးကို ရွေးချယ်လို့ရပါတယ်။

4. အတွင်းခံအဝတ်အစားအရောင်

Underwear color min

အရင်က အဖြူရောင် ဘလောက်စ်အင်္ကျီအောက်မှာ အနက်ရောင်ဘရာကို ဝတ်ဆင်ခြင်းဟာ trend တစ်ခုတောင်ဖြစ်ခဲ့တယ်။ အခုဒီလိုပုံစံတွဲဖက်ခြင်းက မသင့်လျော်ဘဲ အပေါစားဆန်စေတယ်။ ပါးလွှာတဲ့ ဘလောက်စ်နှင့် အဖြူရောင်ဘောင်းဘိတွေကို ဝတ်ဆင်မယ်ဆိုရင် အသားရောင်လိုမျိုး အရောင်ကို ရွေးချယ်ပါ။

5. အိမ်မှာဝတ်ဆင်တဲ့ အတွင်းခံ

Homewear min

အိမ်မှာနေတဲ့အခါ ဘရာမဝတ်ဆင်ဘဲ သင့်ရဲ့ရင်သားကို အနားပေးရမယ်လို့ မိန်းကလေးအများစုက ထင်ကြပါတယ်။ ဒါဟာရင်သားသေးငယ်တဲ့သူတွေအတွက်သာ မှန်ကန်ပါလိမ့်မယ်။ အိမ်မှာ ဝတ်ဆင်ဖို့ အကောင်းဆုံးဘရာကတော့ sport ဘရာဘဲဖြစ်ပါတယ်။ သက်တောင့်သက်သာရှိပြီး အဆင်ပြေစေတယ်။

ဒိတ်အောက်နေတဲ့ ဖက်ရှင်တွေကို ဖယ်ရှားပြီး ဘယ်လို အရာတွေကို ရွေးချယ်မလဲ

6. အထည်သား

Material min

100% ချည်သားနဲ့ ပြုလုပ်ထားတဲ့ အဝတ်အထည်တွေဟာ အလွန်သက်တောင့်သက်သာရှိပြီး သင့်ကျန်းမာရေးကို ဘေးကင်းလုံခြုံစေတယ်။ ဒါပေမယ့် လျင်မြန်စွာ ဆန့်ထုတ်နိုင်ပြီး ပေါက်ပြဲလွယ်တတ်တယ်။ အတွင်းခံအထည်သားရွေးချယ်တဲ့အခါမှာ 80% cotton နှင့် 20% elastane ကို ရွေးချယ်ပါ။

7. အကြိုက်ဆုံး panty စတိုင်

Favorite panties style min

အမျိုးသမီးအများစုဟာ panty အပြည့်မပါတဲ့ ပုံစံမျိုးကို နှစ်သက်ကြတာဟာ အဝတ်အစားတွေအောက်ကနေလည်း မမြင်နိုင်တာကြောင့်ဖြစ်တယ်။ ဒီလိုမျိုးဘောင်းဘီတွေဟာ sensitive ဖြစ်တဲ့ အသားအရေမျိုးဆို ယားယံတာတွေဖြစ်စေနိုင်ပြီး ဘက်တီးရီးယားပိုးမွှားတွေလည်း ပေါက်ဖွားစေနိုင်တာကြောင့် နေ့တိုင်းဝတ်ဆင်ခြင်းမှ ရှောင်ကြည်သင့်တယ်။ သက်တောင့်သက်သာရှိမယ့် Panty မျိုးကိုဘဲ ရွေးချယ်ပြောင်းလဲရန်ကြိုးစားပါ။

8. အပေါ်နဲ့အောက် လိုက်ဖက်ညီအောင် ရွေးချယ်မှု

Matching top and bottom min

အမျိုးသမီးအတွင်းခံအဝတ်အစားတွေမှာ ကောင်းမွန်တဲ့ ပုံစံဒီဇိုင်း မျိုးစုံရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ အပေါ်နဲ့အောက်ရဲ့ အထည်သားကကိုက်ညီမှု ရှိပြီး လိုက်ဖက်ညီသင့်ပါတယ်။ ဒုတိယအနေနဲ့ကတော့ အရောင်နဲ့ ပုံစံက ကြည့်ကောင်းပြီး သဟဇာတဖြစ်နေရပါမယ်။

9. နေ့စဉ်ဝတ်တဲ့ အတွင်းခံအဝတ်အစား

Everyday underwear min

နောက်ထပ်အမျိုးသမီးတွေ ပြုလုပ်ရှိတဲ့ အမှားကတော့ ပိုးသားနဲ့ ပြုလုပ်ထားတဲ့ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်လေ့ရှိကြတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် ကျန်းမာရေးပြဿနာတွေရဲ့ အကျိုးဆက်များကို အများကြီးရင်ဆိုင်ရနိုင်ပါတယ်။ နေ့စဉ်ဝတ်ဆင်ဖို့ အကောင်းဆုံး အတွင်းခံကတော့ ညအိပ် panties ဘဲဖြစ်ပါတယ်။ သူတို့ရဲ့ အထည်သားဟာ အရည်အသွေးကောင်းမွန်ပြီး ခန္ဓာကိုယ်အမျိုးအစားအားလုံးနဲ့ ကိုက်ညီမှုရှိပါတယ်။

10. သင့်ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီတဲ့ အတွင်းခံအဝတ်အစား

Underwear that suits your body type min

သစ်တော်သီးပုံသဏ္ဍန် ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်ထားတဲ့သူတွေအနေနဲ့ ရိုးရှင်းတဲ့ Panty အတို (သို့) ဇာပုံစံအတိုကို ဝတ်ဆင်သင့်ပါတယ်။ တင်ပါးကြီးတဲ့သူ (သို့) သဲနာနာရီပုံသဏ္ဍန်ရှိတဲ့ အမျိုးသမီးတွေအတွက်တော့ တင်ပါးကို ပင့်တင်ပေးတဲ့ panty မျိုးကို ရွေးချယ်ပါ။ သက်တောင့်သက်သာရှိစေအောင်ကူညီပေးပါလိမ့်မယ်။

 

Author:TDA

Read 9409 times
Rate this item
(1 Vote)