What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မုိဘုိင္းအေသးစားေခ်းေငြ

(Zawgyi+Unicode) အေသးစားေငြေၾကးလုပ္ငန္းမ်ား တစ္ခုၿပီးတစ္ခု ထြက္ေပၚလာခဲ့ရာ ၂၀၁၇ ဒီဇင္ဘာလအထိ

လုိင္စင္ရ အေသးစားေငြေၾကးလုပ္ငန္း ၁၃၇ ခု ရွိေနၿပီ။ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလကုန္မွာ အေသးစားေခ်းေငြ လုပ္ကုိင္တဲ့ ေငြေၾကးလုပ္ငန္းေတြက အေသးစားစီးပြားေရး လုပ္ငန္းရွင္ ၃ သန္း၀န္းက်င္ကုိ ေခ်းေငြ ထုတ္ေပးထားၾကပါတယ္။ စီးပြားရွာလုပ္ငန္း အစပ်ဳိးဖုိ႔၊ လက္ရွိလုပ္ကုိင္ဆဲလုပ္ငန္းကုိ တုိးခ်ဲ႕ဖုိ႔အတြက္ အေသးစားေခ်းေငြ ရယူခဲ့ၾကတယ္။ အဲဒီလုိ လုပ္ငန္းလုပ္ဖုိ႔ ေခ်းယူၾကသူမွာ အမ်ားစုဟာ အမ်ဳိးသမီးမ်ား ျဖစ္ၿပီး ၿမိဳ႕ျပမွာ ေနထုိင္ၾကသူေတြ ျဖစ္ပါတယ္။ အေသးစားေခ်းေငြလုပ္ကုိင္တဲ့ ေငြေၾကးလုပ္ငန္းေတြဟာ လူဦးေရ သိပ္သည္းတဲ့ ၿမိဳ႕ေတြကုိ အဓိကအေျခစုိက္ထားၾကတယ္။ ၿမိဳ႕ျပမွာ ေနထုိင္ၾကသူေတြအဖုိ႔ အေသးစားေခ်းေငြ ရယူတဲ့အခါ ေဘာင္၀င္ေအာင္ လုပ္ဖုိ႔ လုိပါတယ္။ ျပ႒ာန္းထားတဲ့ သတ္မွတ္ခ်က္ေတြ၊ စာရြက္စာတမ္းေတြ ျပည့္စုံေအာင္ လုပ္ေဆာင္ေပးဖုိ႔ လုိပါတယ္။ ေခ်းေငြကုိ ပထမဆုံးအႀကိမ္ ရယူၿပီးတဲ့အခါ တာ၀န္ေက်ပြန္စြာ ေပးဆပ္ၿပီးရင္ ေနာက္တစ္ႀကိမ္ ထပ္ေခ်းတဲ့အခါ လြယ္ကူပါတယ္။ ေခ်းေငြေငြေၾကးလုပ္ငန္းမွ ေခ်းေငြ ထုတ္ယူဦးမလား ဖုန္းဆက္ေမးျမန္းတဲ့အထိ အေရးတယူ ရွိပါတယ္။
ေက်းလက္မွာ ေနထုိင္ၾကသူေတြအဖုိ႔ေတာ့ အေသးစားေခ်းေငြ ေငြေၾကးလုပ္ငန္းမွ လက္လွမ္းမီတဲ့ေနရာျဖစ္မွ ေခ်းယူဖုိ႔ ျဖစ္ႏုိင္ပါလိမ့္မယ္။ ျမန္မာႏုိင္ငံမွာ လူဦးေရ ျဖန္႔က်က္ထားပုံကုိ ၾကည့္ရင္ ၃၀% ၀န္းက်င္က ၿမိဳ႕ျပမွာ ေနထုိင္ၾကၿပီး က်န္တဲ့ ၇၀% က ေက်းလက္ေဒသေတြမွာ ေနထုိင္ၾကတာမွာ ေနရာအေတာ္မ်ားမ်ားက ဘဏ္တစ္ခု ဖြင့္ေလာက္ေအာင္ လူဦးေရ မမ်ားျပားတဲ့အျပင္ ခရီးလမ္းပန္း မသာၾကဘူး။ အဲဒီလုိ ေ၀းခံေခါင္သီတဲ့ ေနရာေတြမွာ ေနထုိင္ေနၾကသူေတြအတြက္ လက္လွမ္းမီဖုိ႔က Finthech ကုိ သုံးၾကရတယ္။ Finthech ဆုိတာဘာလဲ။ ကြန္ပ်ဴတာ(စမတ္ဖုန္းလည္း အက်ဳံး၀င္တယ္။ စမတ္ဖုန္း၊ တက္ဘလက္ေတြဟာ တကယ္ေတာ့ လက္ကုိင္ကြန္ပ်ဴတာေတြပါပဲ)နဲ႔ နည္းပညာတြဲဘက္ၿပီး ဘဏ္လုပ္ငန္းနဲ႔ ေငြေၾကး၀န္ေဆာင္မႈ ျပဳတာကုိ ဆုိလုိပါတယ္။

Fintech က ေငြေၾကးက႑မွာသာမက အျခားစီးပြားရွာလုပ္ငန္းေတြကုိပါ ေငြရွာပုံကုိ ေျပာင္းလဲေပးလိမ့္မယ္။ ေငြေခ်ျခင္း၊ အာမခံထားျခင္း၊ ေငြေခ်းျခင္း၊ လူအမ်ားတုိ႔ ေငြထည့္၀င္ျခင္း၊ ကုန္သြယ္ျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံျခင္း စတာေတြမွာ ပုံစံေျပာင္းသြားမယ္။
လုပ္ကုိင္ေနတာ ေက်းလက္မွာ ျဖစ္ေပမယ့္ ၿမိဳ႕နဲ႔ အခ်ိတ္အဆက္ ပုံမွန္ရွိေနမယ္။ ၿမိဳ႕ေတြအၾကားမွာလည္း အခ်ိတ္အဆက္ ရွိေနမယ္။ အကုန္လုံး ခ်ိတ္ဆက္ထားမယ္။ အဲဒီအခ်ိတ္အဆက္ကုိ ခ်ိတ္ဆက္ထားတဲ့သူေတြ အကုန္လုံးက သုံးႏုိင္မယ့္ ဘုံသုံးစြဲတဲ့ပုံစံ တစ္ခု ျဖစ္တည္ေနမယ္။ အဲဒါကုိ ဘေလာက္ခ်ိန္း blockchain လုိ႔ ေျပာဆုိသုံးႏႈန္းၾကတယ္။ ဘေလာက္ခ်ိန္းနည္းပညာဟာ ျမန္မာျပည္မွာ အေျခတည္လိမ့္မယ္။ ဒစ္ဂ်စ္တယ္လယ္ဂ်ာေတြ ရွိလာမယ္။ လယ္ဂ်ာစာရင္းမွာ ေငြသြင္းတာ ေငြထုတ္တာေတြကုိ ဒစ္ဂ်စ္တယ္နဲ႔ လုပ္ၾကမယ္။
ေငြေၾကးလုပ္ငန္းေတြဟာ စုေဆာင္းေငြကုိ လက္ခံသိမ္းဆည္းၿပီး အတုိးေပးရတဲ့အတြက္ အဲဒီေငြေတြကုိ ထုတ္ေခ်းၿပီး အတုိးယူကာ ၀င္ေငြ ရွာေဖြၾကတယ္။ ဒီေတာ့ ေငြလာေခ်းတ့ဲသူေတြရဲ႕ ဘ႑ာေရးအေျခအေနကုိ သိဖုိ႔ လုိတယ္။ အဲဒီအတြက္ အခ်က္အလက္ေတြကုိ ဘေလာက္ခ်ိန္းစနစ္မွာ သိမ္းဆည္းေပးထားတာကို ၾကည့္ၿပီး ေငြေခ်းဖုိ႔ စဥ္းစားဆုံးျဖတ္ၾကမယ္။ အဲဒီေငြေၾကး အခ်က္အလက္ေတြ ေပးဖုိ႔ credit bureau ဆုိတာ ရွိလာမယ္။ credit reporting agency (CRA) လုိ႔လည္း ေခၚၾကတယ္။ အဲဒါက ေငြေၾကးလုပ္ငန္းေတြအားလုံးထံမွ ေငြေခ်းတာ ေငြဆပ္တာ အတုိးေပးတာ စတဲ့အခ်က္အလက္ေတြကုိ အခ်ိန္နဲ႔တစ္ေျပးညီ စုေဆာင္းေပးထားၿပီး ေငြေၾကးလုပ္ငန္းတစ္ခုက ေမးျမန္းတဲ့အခါ ေနာက္ဘိတ္ဆုံးအေျခအေနကုိ ေျဖၾကားေပးမယ္။ ဒီေတာ့ ေငြလာေခ်းတဲ့သူရဲ႕ အေၾကြးအေျခအေနကုိ ေငြေၾကးလုပ္ငန္းက ခ်က္ခ်င္းသိရၿပီး ေငြေခ်းဖုိ႔ကိစၥကုိ ခ်က္ခ်င္း ဆုံးျဖတ္ေပးမယ္။
အခုလုိ တိက်ျမန္ဆန္တဲ့ ေငြေၾကးဆုိင္ရာ အခ်က္အလက္ ကြန္ရက္ကုိ လုပ္ကုိင္တာမွာ သမား႐ုိးက်နည္းလမ္းေတြနဲ႔ လုပ္ရင္ ၾကာတယ္။ ဒီေတာ့ သုံးစြဲသူေတြကုိ ဉာဏ္ရည္တု AI artificial intelligence အကူအညီနဲ႔ ေဆာင္ရြက္ေပးမယ္။
အခုလုိ လုပ္ကုိင္ေဆာင္ရြက္တာေတြ အင္တာနက္ကေနတစ္ဆင့္ လုပ္ကုိင္ၾကတဲ့အခါ တိမ္စုိင္ cloud အေျခခံအေဆာက္အအုံကုိ သုံးစြဲၾကမယ္။ ကေလာက္ဆုိတာ လုပ္ငန္းတုိင္း လူတုိင္း သုံးစြဲၾကရတဲ့အရာတစ္ခု ျဖစ္လာမယ္။ တိမ္စုိင္ဆုိလုိ႔ မုိးေကာင္းကင္မွာ ရွိေနတာ မဟုတ္ဘူး။ ကမၻာေျမျပင္မွာ စုစည္းသုိမွီးေပးထားတဲ့ ေနရာထားရွိၿပီး အဲဒီေနရာကုိ အင္တာနက္မွတစ္ဆင့္ ဆက္သြယ္ၿပီး လုပ္ကုိင္တာျဖစ္ပါတယ္။
ဒီေတာ့ ကြန္ရက္ က်ယ္ျပန္႔မႈက ေျမစုိက္ေငြေၾကးလုပ္ငန္း ဥပမာ ဘဏ္ခြဲအေဆာက္အဦ ထားရွိၿပီး လုပ္ကုိင္သလုိမ်ဳိး ပုံေသ မဟုတ္ေတာ့ဘူး။ ကြန္ရက္ကုိ အင္တာနက္နယ္ပယ္ကုန္ ဟုိဘက္အထိ ျဖန္႔က်က္လုိ႔ရတယ္။ ျပန္႐ုပ္သိမ္းလုိ႔လည္း ရတယ္။ အဲဒီလုိ စနစ္ေတြ ကြန္ရက္ေတြ ရွိေနၿပီဆုိရင္
မုိဘုိင္း စမတ္ဖုန္း၊အသုံးျပဳၿပီး ရြာသူရြာသားေတြ ေငြေၾကး၀န္ေဆာင္မႈကုိ ရယူႏုိင္ၾကမယ္။
အဲဒီအေၾကာင္းျခင္းရာ ဗဟုသုေတြကုိ ThitsaWorks Solutions Myanmar ကုမၸဏီလီမိတက္မွ Digital Microfinace 2018 ေခါင္းစဥ္ျဖင့္ ကုန္သည္စက္မႈ အသင္းခ်ဳပ္အေဆာက္အဦ မဂၤလာခန္းမမွ ရွင္းလင္းတင္ျပခဲ့ပါတယ္။
ThitsaWorks ဟာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလဆန္းမွာ အေမရိကန္အေျခစုိက္ ဘဏ္လုပ္ငန္း Musoni နဲ႔ အက်ဳိးတူပူးေပါင္းေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ တစ္နည္းအားျဖင့္ Musoni ရဲ႕ နည္းပညာေတြ၊ စီမံခန္႔ခြဲပုံ၊ နည္းစနစ္ စတာေတြကုိ ရရွိမွာ ျဖစ္ပါတယ္။ အခုလုိ လက္တြဲေဆာင္ရြက္ၾကတဲ့အခါ ေက်းလက္ေဒသကုိ ဦးတည္ခ်က္ ထားရွိတာမုိ႔ ဘာသာစကား အခက္အခဲ မျဖစ္ေအာင္ ျမန္မာစာျဖင့္ သုံးစြဲလုိ႔ရေအာင္ လုပ္ေဆာင္ေပးမယ္လုိ႔ သိရပါတယ္။

Musoni ဟာ အေသးစားေငြေခ်းက႑မွာ စမတ္ဖုန္းမွတစ္ဆင့္ ေငြလႊဲျခင္း၊ ေငြေပးသြင္းစရာရွိသည္ကုိ စာတုိ SMS ေပးပုိ႔ သတိေပးျခင္း စတာေတြကုိ ေခတ္မီနည္းစစ္မ်ားျဖင့္ လုပ္ကုိင္လ်က္ ရွိပါတယ္။ အလြယ္ေျပာရရင္ စမတ္ဖုန္းဘဏ္ လုပ္ငန္းကုိ လုပ္ကုိင္ေနတာျဖစ္ပါတယ္။ Musoni ဟာ အေသးစားေငြေခ်းလုပ္ငန္းကုိ တစ္ႏွစ္တာ အခ်ိန္ယူ ျပင္ဆင္ၿပီးခ်ိန္မွာ အာဖရိကတုိက္မွ ကင္ညာႏုိင္ငံမွာ Musoni Kenya ကုိ ထူေထာင္ခဲ့တယ္။ ေက်းလက္ေနလူထုကုိ အလွမ္းမီဖုိ႔အတြက္ မုိဘုိင္းဖုန္း သုံးစြဲတဲ့စနစ္ကုိ ႀကံဆဖန္တီးခဲ့တယ္။ ေနာက္ေတာ့ ရာႏႈန္းျပည့္ မုိဘုိင္းဖုန္း သုံးစြဲလုပ္ကုိင္တဲ့ အေသးစားေငြေၾကးလုပ္ငန္းအျဖစ္သုိ႔ ေရာက္ရွိခဲ့ပါတယ္။ ယခုအခါမွာ Musoni System ဟာ ဆုမ်ား ဆြတ္ခူးရရွိထားတဲ့ ဘ႑ာေရး၀န္ေဆာင္မႈ ေဆာ့ဖ္၀ဲလ္အျဖစ္သုိ႔ ေရာက္ရွိေနပါၿပီ။ Musoni ရဲ႕စနစ္မ်ားကုိ လုိင္စင္နဲ႔တကြ အသုံးျပဳလုိတဲ့ လုပ္ငန္းမ်ားအေနျဖင့္ ဖုန္း ၀၉၉၆၅၇၃၂၃၅၁ သုိ႔ ဆက္သြယ္ေမးျမန္းစုံစမ္းႏုိင္ပါတယ္။

Unicode

မိုဘိုင်းအသေးစားချေးငွေ
==============
(Zawgyi+Unicode)
အသေးစားငွေကြေးလုပ်ငန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ရာ ၂ဝ၁၇ ဒီဇင်ဘာလအထိ လိုင်စင်ရ အသေးစားငွေကြေးလုပ်ငန်း ၁၃၇ ခု ရှိနပြေီ။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလကုန်မှာ အသေးစားချေးငွေ လုပ်ကိုင်တဲ့ ငွေကြေးလုပ်ငန်းတွေက အသေးစားစီးပွားရေး လုပ်ငန်းရှင် ၃ သန်းဝန်းကျင်ကို ချေးငွေ ထုတ်ပေးထားကြပါတယ်။ စီးပွားရှာလုပ်ငန်း အစပျိုးဖို့၊ လက်ရှိလုပ်ကိုင်ဆဲလုပ်ငန်းကို တိုးချဲ့ဖို့အတွက် အသေးစားချေးငွေ ရယူခဲ့ကြတယ်။ အဲဒီလို လုပ်ငန်းလုပ်ဖို့ ချေးယူကြသူမှာ အများစုဟာ အမျိုးသမီးများ ဖြစ်ပြီး မြို့ပြမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ အသေးစားချေးငွေလုပ်ကိုင်တဲ့ ငွေကြေးလုပ်ငန်းတွေဟာ လူဦးရေ သိပ်သည်းတဲ့ မြို့တွေကို အဓိကအခြေစိုက်ထားကြတယ်။ မြို့ပြမှာ နေထိုင်ကြသူတွေအဖို့ အသေးစားချေးငွေ ရယူတဲ့အခါ ဘောင်ဝင်အောင် လုပ်ဖို့ လိုပါတယ်။ ပြဋ္ဌာန်းထားတဲ့ သတ်မှတ်ချက်တွေ၊ စာရွက်စာတမ်းတွေ ပြည့်စုံအောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ချေးငွေကို ပထမဆုံးအကြိမ် ရယူပြီးတဲ့အခါ တာဝန်ကျေပွန်စွာ ပေးဆပ်ပြီးရင် နောက်တစ်ကြိမ် ထပ်ချေးတဲ့အခါ လွယ်ကူပါတယ်။ ချေးငွေငွေကြေးလုပ်ငန်းမှ ချေးငွေ ထုတ်ယူဦးမလား ဖုန်းဆက်မေးမြန်းတဲ့အထိ အရေးတယူ ရှိပါတယ်။
ကျေးလက်မှာ နေထိုင်ကြသူတွေအဖို့တော့ အသေးစားချေးငွေ ငွေကြေးလုပ်ငန်းမှ လက်လှမ်းမီတဲ့နေရာဖြစ်မှ ချေးယူဖို့ ဖြစ်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ဖြန့်ကျက်ထားပုံကို ကြည့်ရင် ၃ဝ% ဝန်းကျင်က မြို့ပြမှာ နေထိုင်ကြပြီး ကျန်တဲ့ ၇ဝ% က ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာမှာ နေရာအတော်များများက ဘဏ်တစ်ခု ဖွင့်လောက်အောင် လူဦးရေ မများပြားတဲ့အပြင် ခရီးလမ်းပန်း မသာကြဘူး။ အဲဒီလို ဝေးခံခေါင်သီတဲ့ နေရာတွေမှာ နေထိုင်နကြေသူတွေအတွက် လက်လှမ်းမီဖို့က Finthech ကို သုံးကြရတယ်။ Finthech ဆိုတာဘာလဲ။ ကွန်ပျူတာ(စမတ်ဖုန်းလည်း အကျုံးဝင်တယ်။ စမတ်ဖုန်း၊ တက်ဘလက်တွေဟာ တကယ်တော့ လက်ကိုင်ကွန်ပျူတာတွေပါပဲ)နဲ့ နည်းပညာတွဲဘက်ပြီး ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှု ပြုတာကို ဆိုလိုပါတယ်။

Fintech က ငွေကြေးကဏ္ဍမှာသာမက အခြားစီးပွားရှာလုပ်ငန်းတွေကိုပါ ငွေရှာပုံကို ပြောင်းလဲပေးလိမ့်မယ်။ ငွေချခြေင်း၊ အာမခံထားခြင်း၊ ငွေချေးခြင်း၊ လူအများတို့ ငွေထည့်ဝင်ခြင်း၊ ကုန်သွယ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း စတာတွေမှာ ပုံစံပြောင်းသွားမယ်။
လုပ်ကိုင်နေတာ ကျေးလက်မှာ ဖြစ်ပေမယ့် မြို့နဲ့ အချိတ်အဆက် ပုံမှန်ရှိနေမယ်။ မြို့တွေအကြားမှာလည်း အချိတ်အဆက် ရှိနေမယ်။ အကုန်လုံး ချိတ်ဆက်ထားမယ်။ အဲဒီအချိတ်အဆက်ကို ချိတ်ဆက်ထားတဲ့သူတွေ အကုန်လုံးက သုံးနိုင်မယ့် ဘုံသုံးစွဲတဲ့ပုံစံ တစ်ခု ဖြစ်တည်နေမယ်။ အဲဒါကို ဘလောက်ချိန်း blockchain လို့ ပြောဆိုသုံးနှုန်းကြတယ်။ ဘလောက်ချိန်းနည်းပညာဟာ မြန်မာပြည်မှာ အခြေတည်လိမ့်မယ်။ ဒစ်ဂျစ်တယ်လယ်ဂျာတွေ ရှိလာမယ်။ လယ်ဂျာစာရင်းမှာ ငွေသွင်းတာ ငွေထုတ်တာတွေကို ဒစ်ဂျစ်တယ်နဲ့ လုပ်ကြမယ်။
ငွေကြေးလုပ်ငန်းတွေဟာ စုဆောင်းငွေကို လက်ခံသိမ်းဆည်းပြီး အတိုးပေးရတဲ့အတွက် အဲဒီငွေတွေကို ထုတ်ချေးပြီး အတိုးယူကာ ဝင်ငွေ ရှာဖွကြေတယ်။ ဒီတော့ ငွေလာချေးတဲ့သူတွေရဲ့ ဘဏ္ဍာရေးအခြေအနေကို သိဖို့ လိုတယ်။ အဲဒီအတွက် အချက်အလက်တွေကို ဘလောက်ချိန်းစနစ်မှာ သိမ်းဆည်းပေးထားတာကို ကြည့်ပြီး ငွေချေးဖို့ စဉ်းစားဆုံးဖြတ်ကြမယ်။ အဲဒီငွေကြေး အချက်အလက်တွေ ပေးဖို့ credit bureau ဆိုတာ ရှိလာမယ်။ credit reporting agency (CRA) လို့လည်း ခေါ်ကြတယ်။ အဲဒါက ငွေကြေးလုပ်ငန်းတွေအားလုံးထံမှ ငွေချေးတာ ငွေဆပ်တာ အတိုးပေးတာ စတဲ့အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ စုဆောင်းပေးထားပြီး ငွေကြေးလုပ်ငန်းတစ်ခုက မေးမြန်းတဲ့အခါ နောက်ဘိတ်ဆုံးအခြေအနေကို ဖြကြေားပေးမယ်။ ဒီတော့ ငွေလာချေးတဲ့သူရဲ့ အကြွေးအခြေအနေကို ငွေကြေးလုပ်ငန်းက ချက်ချင်းသိရပြီး ငွေချေးဖို့ကိစ္စကို ချက်ချင်း ဆုံးဖြတ်ပေးမယ်။
အခုလို တိကျမြန်ဆန်တဲ့ ငွေကြေးဆိုင်ရာ အချက်အလက် ကွန်ရက်ကို လုပ်ကိုင်တာမှာ သမားရိုးကျနည်းလမ်းတွေနဲ့ လုပ်ရင် ကြာတယ်။ ဒီတော့ သုံးစွဲသူတွေကို ဉာဏ်ရည်တု AI artificial intelligence အကူအညီနဲ့ ဆောင်ရွက်ပေးမယ်။
အခုလို လုပ်ကိုင်ဆောင်ရွက်တာတွေ အင်တာနက်ကနေတစ်ဆင့် လုပ်ကိုင်ကြတဲ့အခါ တိမ်စိုင် cloud အခြေခံအဆောက်အအုံကို သုံးစွဲကြမယ်။ ကလောက်ဆိုတာ လုပ်ငန်းတိုင်း လူတိုင်း သုံးစွဲကြရတဲ့အရာတစ်ခု ဖြစ်လာမယ်။ တိမ်စိုင်ဆိုလို့ မိုးကောင်းကင်မှာ ရှိနေတာ မဟုတ်ဘူး။ ကမ္ဘာမြပြေင်မှာ စုစည်းသိုမှီးပေးထားတဲ့ နေရာထားရှိပြီး အဲဒီနေရာကို အင်တာနက်မှတစ်ဆင့် ဆက်သွယ်ပြီး လုပ်ကိုင်တာဖြစ်ပါတယ်။
ဒီတော့ ကွန်ရက် ကျယ်ပြန့်မှုက မြေစိုက်ငွေကြေးလုပ်ငန်း ဥပမာ ဘဏ်ခွဲအဆောက်အဦ ထားရှိပြီး လုပ်ကိုင်သလိုမျိုး ပုံသေ မဟုတ်တော့ဘူး။ ကွန်ရက်ကို အင်တာနက်နယ်ပယ်ကုန် ဟိုဘက်အထိ ဖြန့်ကျက်လို့ရတယ်။ ပြန်ရုပ်သိမ်းလို့လည်း ရတယ်။ အဲဒီလို စနစ်တွေ ကွန်ရက်တွေ ရှိနပြေီဆိုရင်
မိုဘိုင်း စမတ်ဖုန်း၊အသုံးပြုပြီး ရွာသူရွာသားတွေ ငွေကြေးဝန်ဆောင်မှုကို ရယူနိုင်ကြမယ်။
အဲဒီအကြောင်းခြင်းရာ ဗဟုသုတွေကို ThitsaWorks Solutions Myanmar ကုမ္ပဏီလီမိတက်မှ Digital Microfinace 2018 ခေါင်းစဉ်ဖြင့် ကုန်သည်စက်မှု အသင်းချုပ်အဆောက်အဦ မင်္ဂလာခန်းမမှ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ThitsaWorks ဟာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလဆန်းမှာ အမေရိကန်အခြေစိုက် ဘဏ်လုပ်ငန်း Musoni နဲ့ အကျိုးတူပူးပေါင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တစ်နည်းအားဖြင့် Musoni ရဲ့ နည်းပညာတွေ၊ စီမံခန့်ခွဲပုံ၊ နည်းစနစ် စတာတွေကို ရရှိမှာ ဖြစ်ပါတယ်။ အခုလို လက်တွဲဆောင်ရွက်ကြတဲ့အခါ ကျေးလက်ဒေသကို ဦးတည်ချက် ထားရှိတာမို့ ဘာသာစကား အခက်အခဲ မဖြစ်အောင် မြန်မာစာဖြင့် သုံးစွဲလို့ရအောင် လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

Musoni ဟာ အသေးစားငွေချေးကဏ္ဍမှာ စမတ်ဖုန်းမှတစ်ဆင့် ငွေလွှဲခြင်း၊ ငွေပေးသွင်းစရာရှိသည်ကို စာတို SMS ပေးပို့ သတိပေးခြင်း စတာတွေကို ခေတ်မီနည်းစစ်များဖြင့် လုပ်ကိုင်လျက် ရှိပါတယ်။ အလွယ်ပြောရရင် စမတ်ဖုန်းဘဏ် လုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ Musoni ဟာ အသေးစားငွေချေးလုပ်ငန်းကို တစ်နှစ်တာ အချိန်ယူ ပြင်ဆင်ပြီးချိန်မှာ အာဖရိကတိုက်မှ ကင်ညာနိုင်ငံမှာ Musoni Kenya ကို ထူထောင်ခဲ့တယ်။ ကျေးလက်နေလူထုကို အလှမ်းမီဖို့အတွက် မိုဘိုင်းဖုန်း သုံးစွဲတဲ့စနစ်ကို ကြံဆဖန်တီးခဲ့တယ်။ နောက်တော့ ရာနှုန်းပြည့် မိုဘိုင်းဖုန်း သုံးစွဲလုပ်ကိုင်တဲ့ အသေးစားငွေကြေးလုပ်ငန်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ယခုအခါမှာ Musoni System ဟာ ဆုများ ဆွတ်ခူးရရှိထားတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု ဆော့ဖ်ဝဲလ်အဖြစ်သို့ ရောက်ရှိနေပါပြီ။ Musoni ရဲ့စနစ်များကို လိုင်စင်နဲ့တကွ အသုံးပြုလိုတဲ့ လုပ်ငန်းများအနဖြေင့် ဖုန်း ဝ၉၉၆၅၇၃၂၃၅၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Read 1651 times
Rate this item
(0 votes)