Zaw+Uni
ရန်ကုန်မြို့ လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်နှစ်ခုမှာ စစ်တမ်းကောက်ယူခဲ့တဲ့
ရန်ကုန် အထည်ချုပ်လောက စစ်တမ်းထွက်ပေါ်
လစာနဲ့ အချိန်ပိုလုပ်ခအကြောင်း
Uni
စမတ်ဖုန်း တစ်လတာ သုံးစွဲပုံ
====================
ရန်ကုန်မြို့ လှိုင်သာယာနဲ့ ရွှပြေည်သာ စက်မှုဇုန်နှစ်ခုမှာ စစ်တမ်းကောက်ယူခဲ့တဲ့ A Baseline Survey Of Yangon’s Garment Sector Workforce စစ်တမ်းကို အပိုင်းပိုင်းခွဲပြီး နေ့စဉ် တင်ဆက်ခဲ့ပါတယ်။
ယခင်တင်ဆက်ခဲ့တာတွေကို အောက်ပါ လင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
ရန်ကုန် အထည်ချုပ်လောက စစ်တမ်းထွက်ပေါ်
လစာနဲ့ အချိန်ပိုလုပ်ခအကြောင်း
အဲဒီစစ်တမ်းမှာ အထည်ချုပ်သမတစ်ဦးကို နမူနာအဖြစ် သရုပ်ဖော်ပေးထားပြီး အထည်ချုပ်သမတွေ ရုန်းကန်ရင်ဆိုင်နေရတဲ့ဘဝကို ထင်ဟပ်ပြသပေးထားပါတယ်။ အဲဒီ နမူနာ အထည်ချုပ်သမဟာ ဧရာဝတီတိုင်းမှာ ရောက်လာသူဖြစ်ပါတယ်။ အခု သူက စမတ်ဖုန်း ဝယ်ပြီ။
နောက်ဆုံးမှာတော့ သူမ စမတ်ဖုန်းတစ်လုံးကို ပိုငဆိုင်သွားတယ်။ ရန်ကုန်မှာ သူမ သိကျွမ်းတဲ့ အပေါင်းအသင်းတွေ အကုန်လုံးက သူတို့ရဲ့ စမတ်ဖုန်းကို သုံးနကြေတာ တွေ့လို့ သူမအတွက် စမတ်ဖုန်းတစ်လုံး ဝယ်လိုက်တာ ဖြစ်ပါတယ်။
စမတ်ဖုန်းရှိတော့ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ပြီး စကားပြောဆိုနိုင်ဖို့ လွယ်ကူတာကို သူမ လိုလားတယ်။ လစဉ်ဖုန်းဖိုး ကျပ် ငါးထောင် သုံးတယ်။ ဆင်ကတ်နှစ်ခုကို မျှသုံးတယ်။ တစ်ခုက တယ်လီနော၊ တစ်ခုက အမ်ပီတီ။
Facebook ကို သုံးဖို့အတွက် အခမဲ့နည်းလမ်း(free mode)ကို သူ့ကွန်ရက်မှာ ပေးထားတဲ့ အမ်ပီတီကို သုံးတယ်။ သူမရဲ့ မိဘတွေကလည်း တယ်လီနော သုံးကြသူတွေဆိုတော့ မိဘတွေထံ သူမ ဖုန်းဆက်ရင် တယ်လီနောကို သုံးတယ်။ တယ်လီနောအချင်းချင်း ဖုန်းဆက်ရင် ပေးတဲ့ အထူးနှုန်းထားကို သူမ ရယူတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး သုံးစွဲပြီး ဖုန်းဖိုး သိပ်မကုန်အောင် ချွေတာပါတယ်။
သူမရဲ့ အပေါင်းအသင်းတွေ အားလုံးကလည်း တယ်လီနောဖြစ်ဖြစ်၊ အမ်ပီတီဖြစ်ဖြစ် သုံးစွဲကြတယ်။ အပေါင်းအသင်းတွေမှာ အများစုက အဲဒီဆင်ကတ်နှစ်ခုစလုံး ရှိကြတယ်။
သူမက ဖုန်းဖိုးကို ပိုသုံးဖို့ မတတ်နိုင်ဘူး။ 3G ရဲ့ ကုန်ကျစရိတ်ကို အလွန် အလေးထားရတယ်။ ရံဖန်ရံခါမှ အင်တာနက် ဖွင့်ပြီး ဗိုင်ဗာနဲ့ ဖေ့စ်ဘုတ်မှ မက်ဆေ့စ်တွေ ယူကြည့်ပြီး အချိန်နဲ့တစ်ပြေးညီ သိနေအောင် လုပ်တယ်။
ယေဘုယျအားဖြင့် သရီးဂျီကို တစ်နေ့ တစ်နာရီလောက်ပဲ သုံးတယ်။ သူမနဲ့ သူမရဲ့ အပေါင်းအသင်းအားလုံးနီးပါးတို့မှာ ဖေ့စ်ဘုတ်အကောင့် ကိုယ်စီကိုယ်င ရှိကြတယ်။ စမတ်ဖုန်း ကိုင်တဲ့သူတိုင်းမှာ ဗိုင်ဗာအကောင့် ရှိတယ်။
သူမရဲ့ ဖုန်းမှာပါတဲ့ အက်ပ်တွေအကုန်လုံးကို ဖုန်းစတိုးဆိုင်က ထည့်ပေးလိုက်တာ ဖြစ်တယ်။ တခြားအက်ပ်တွေကို သူမ သုံးဖို့ စိတ်မဝင်စားပါဘူး။
သူမရဲ့ စက်ရုံမှာ ဖုန်းသုံးတာကို တားမြစ်ထားတယ်။ နေ့လည်စာချိန်ကျမှ သုံးခွင့်ရှိတယ်။ ဒီတော့ သူမက ဖုန်းကို ညနေဘက်ကျမှ သုံးဖြစ်တယ်။ ဇာတိအရပ်မှ အသိတွေနဲ့ မိဘတွေထံ ဖုန်းဆက်ပြီး စကားစမြီပြောဆိုတယ်။ ဆိုရှယ်မီဒီယာမှာ ချပ်တင် လုပ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီက ရတဲ့ ရုပ်ရှင်တွေ ဖုန်းနဲ့ ကြည့်တယ်။ သူတို့ ပေးေဝတဲ့ သီချင်းတွေကို ဖုန်းနဲ့နားထောင်တယ်။
●အထည်ချုပ်လုပ်သားတွေမှာ အများစုဖြစ်တဲ့ ၈၃%ဟာ စမတ်ဖုန်းတစ်လုံး ပိုင်ဆိုင်ကြတယ်။ အထည်ချုပ်လုပ်သားအများစုက တစ်လကို ကျပ်တစ်သောင်းအောက်မှာပဲ ဖုန်းဖိုး သုံးစွဲကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ တစ်လစာ ဝင်ငွေနဲ့ အချိုးချကြည့်ရင် မနည်းဘူး။ လုပ်သားတွေမှာ ထက်ဝက်လောက်က တစ်လကို ဖုန်းဖိုး ကျပ်ငါးထောင်အောက်ပဲ သုံးစွဲကြတယ်။
● အင်တာနက် သရီးဂျီ ဖွင့်သုံးရင် ဘေလ်ကုန်တာကို ဂရုစိုက်ကြတယ်။ အထည်ချုပ်လုပ်သားတွေမှာ ၅၃%က တစ်နေ့တစ်နာရီအောက်မှာပဲ သုံးစွဲကြတယ်။ ၁၂% က အင်တာနက်ကို ဘယ်တော့မှ မသုံးကြဘူး။
● အင်တာနက် သုံးကြသူတွေထဲမှာ ဗိုင်ဗာကို သုံးကြတာ အများဆုံးပဲ။ ၉၁% ရှိတယ်။ ဖေ့စ်ဘုတ်သုံးသူ ၇၇% ရှိတယ်။ တခြားအကပ်ပ်အနည်းအကျဉ်း သုံးတာ ရှိတယ်။